ဗဟုသုတ

မီတာ ၄၀ မြင့်တဲ့ ကျောက်တောင်ကြီးပေါ်တွင် တစ်ဦးတည်း အထီးကျန်စွာနေထိုင်လာခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါး

စီးပွါးရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှမြို့ပြလူနေမှုဘ၀ဟာ ဖိအားများလာတတ်ပါတယ်။ လူအချို့ဟာ မြို့ပြ၏ရှုပ်ထွေးပွေလီမှုများကိုရှောင်ဖယ်ရန်နှင့်သူတို့၏ကျန်ရှိသောဘဝကိုတိတ်ဆိတ်ငြိမ်သက်သောနေရာတွင်အေးချမ်းစွာနေလိုကြပါတယ်။

တောင်များနှင့်သစ်တောများက ဝေးလံခေါင်ဖျားသော်လည်း ၎င်းဟာ ရသေ့များအတွက်အကြိုက်ဆုံးနေရာဖြစ်ပါတယ်။ လှပသောတောင်များ၊ သစ်တောများ၊ မြစ်များနှင့်၀န်းရံလျက်တိတ်ဆိတ်ငြိမ်သက်ပြီးလူနေထူထပ်သောမြို့ကြီးနှင့်ဝေးကွာရာမှာနေထိုင်ခြင်းဟာ လူအနည်းငယ်တို့သာပြုလုပ်သောဘဝဖြစ်ပါတယ်။

အသက် ၆၃နှစ်အရွယ် Maxime Qavtaradze အမည်ရှိအမျိုးသားတစ်ဦးဟာ မြို့ပြကြီးမှ စွန့်ခွါကာ Georgiaနိုင်ငံရှိ မီတာ ၄၀ မြင့်တဲ့ကျောက်တောင်ကြီးပေါ်မှာ စိမ်းလန်းစိုပြေသောတောင်တန်းများကို ၃၆၀ ဒီဂရီမြင်ကွင်းဖြင့် ခံစားကြည့်ရှုရင်းနေထိုင်လာခဲ့ပါတယ်။

သို့သော် သူ့မှာ ထိုသို့ပြုလုပ်ရန်ကွဲပြားခြားနားသောအကြောင်းပြချက်ရှိခဲ့ပါတယ်။ ထို့ဥြ့သို့ပြုလုပ်ရခြင်းက Qavtaradze ဟာ ဘုရားသခင်နှင့်ပိုမိုနီးကပ်စွာနေလိုသော monk တစ်ပါးဖြစ်တာကြောင့်ဖြစ်ပါတယ်။ ၎င်း Katskhi Pillar ဟုလူသိများသောမီတာ ၄၀ မြင့်တဲ့ကျောက်တောင်ဟာ Caucasus တောင်တန်းများ၏အလယ်၌တည်ရှိတဲ့မြင့်မားတဲ့ထုံးကျောက် monolith တစ်ခုဖြစ်ပါတယ်။

၎င်းမှာ ၁၄၀၀ ခုနှစ်များမှာ မည်သူမှာမနေခဲ့ပေမဲ့ ဘုန်းတော်ကြီး Qavtaradze ဟာ ၁၉၉၃ ခုနှစ်မှစ၍ ၎င်းနေရာတွင် တစ်ကိုယ်တည်းစတင်နေထိုင်ခဲ့ပါတယ်။ နယူးဇီလန်မှ Amos Chapple အမည်ရှိဓာတ်ပုံဆရာတစ်ဦးဟာ ဘုန်းတော်ကြီး၏ကမ္ဘာကို ဓာတ်ပုံများရိုက်ခွင့်ရလိုက်တဲ့အခါ Qavtaradze ၏အထီးကျန်ဘဝကို လူအများအား ထုတ်ဖော်ပြသပေးခဲ့ပါတယ်။

ဘုန်းတော်ကြီး Qavtaradze ဟာ နေ့စဉ် နံနက် ၂ နာရီမှနေထွက်ချိန်အထိ လေးနာရီအပါအ၀င် သူ့အတွက် ဆုတောင်းပေးချိန်က ခုနစ်နာရီအထိရှိပါတယ်။ ယနေ့ကဲ့သို့ ဘုန်းတော်ကြီးမဖြစ်မီ Qavtaradze ဟာ ကရိန်းအော်ပရေတာအဖြစ်အလုပ်လုပ်ခဲ့ပါတယ်။

၁၉၉၃ခုနှစ်တွင်သူဟာ ဘုန်းတော်ကြီးကတိသစ္စာပြုခဲ့ပြီး ဤကျောက်၏ထိပ်သို့တက်ခဲ့ပြီး ဤသို့လုပ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ သူဟာ ၎င်းနေရာက တိတ်ဆိတ်လွန်းတာကြောင့် ဘုရားသခင်နဲ့နီးစပ်နိုင်ကြောင်းတွေးခဲ့ပြီး သူဟာ “ ငါငယ်ငယ်တုန်းက အရက်သောက်တယ်၊ မူးယစ်ဆေးဝါးတွေအကုန်လုံး ရောင်းခဲ့တယ် ၊ ထောင်ထဲရောက်တဲ့အခါပြောင်းလဲဖို့အချိန်တန်ပြီဆိုတာငါသိခဲ့တယ်၊ ငါဒီနားတစ်ဝိုက်ကတောင်ကုန်းတွေပေါ်မှာသူငယ်ချင်းတွေနဲ့သောက်ခဲ့ဖူးတယ်၊ ဒီနေရာက မြေပြင်နဲ့ကောင်းကင်ဆုံတဲ့နေရာဘဲ ” ဟု သူ့ရဲ့ဘဝအကြောင်းကိုပြောပြခဲ့ပါတယ်။

သူဟာ ထိုကျောက်တောင်ပေါ်သို့ စရောက်ချင်းမှာ အခက်အခဲများကြုံခဲ့ရပြီး စရောက်ပြီး နှစ်နှစ်အတွင်းမှာ ရာသီဥတုဒဏ်ကို ကာကွယ်ဖို့ ရေခဲသေတ္တာအဟောင်းထဲမှာ အိပ်စက်ခဲ့ရပါတယ်။ နောက်နှစ်တွေမှာတော့ သူ့ရဲ့တပည့်နောက်လိုက်များက ၎င်းပေါ်ရှိဘုရားကျောင်းကို ပြန်လည်မွမ်းမံပြီး သူ့အတွက်ပါ နေအိမ်တစ်လုံးဆောက်ပေးခဲ့ကြပါတယ်။

ဘုန်းတော်ကြီးဟာ ကျောက်တောင်အောက်ခြေရှိသူ့တပည့်များမှပေးအပ်တဲ့အထောက်အပံ့များကိုသာ မှီခိုခဲ့ရပါတယ်။ဘုန်းတော်ကြီးရဲ့ နေ့စဉ်လုပ်ဆောင်ချက်များနှင့်ပတ်သက်၍သူဟာ ကျောက်တောင်အောက်ခြေရင်းရှိ ဘုရားကျောင်းသို့ တစ်ပတ်လျှင် နှစ်ကြိမ် အလည်သွားပြီး ၎င်းသို့ရောက်ရန် မိနစ် ၂၀ ခန့်ဖြတ်သန်းရပါတယ်။

၎င်းKatskhi Pillar ကျောက်တောင်နှင့် ၎င်းအထက်ရှိဘုရားကျောင်းဟာ ၎င်းနေရာရှိဒေသခံများအတွက် နှစ်ပေါင်းများစွာလျှို့ဝှက်ဆန်းကြယ်သောနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ Qavtaradze ဟာ အပြင်လောကနှင့်ဖြတ်တောက်ထားတဲ့မှတ်တိုင်တစ်ခု၏ထိပ်တွင်နေထိုင်တဲ့ သူတော်စင်တစ်ဦးအဖြစ်လည်းသိထားကြတဲ့ Stylite ဘုန်းတော်ကြီးတစ်ပါးဘဲဖြစ်ပါတယ်။

၎င်း Katskhi Pillar ကျောက်တောင်နှင့်ပတ်သက်၍ Stylite များဟာ Georgia နိုင်ငံအား Ottoman များကျူးကျော်မှုကြောင့် ၁၅ ရာစုအတိုင်မီမှာ ၎င်းကို ခိုလှုံရာအဖြစ် အသုံးပြုခဲ့ကြပါတယ်။