ဗဟုသုတ

ကမ်း‌ခြေတွင် ဂျယ်လီနှင့်တူသောအိတ်များကို တွေ့ရှိပါက မဖျက်ဆီးမိအောင်သတိပြုရန်

Zawgyi

ဩစေၾတးလွ်ႏိုင္ငံ ကမ္းေျခအခ်ိဳ႕ရွိ သဲေသာင္ျပင္မ်ားေပၚတြင္ တက္လာသည့္ ဂ်ယ္လီႏွင့္ တူေသာ အိတ္မ်ားကို မဖ်က္ဆီး မိေအာင္ သတိျပဳရန္ႏွင့္ ပုံမွန္မဟုတ္ေသာ လျခမ္းပုံစံ ပုံသ႑ာန္ ကေလးမ်ားထဲတြင္ သားေလာင္းမ်ား ေထာင္ႏွင့္ ခ်ီကာ ပါရွိေနၿပီး ထိခိုက္မိလွ်င္ အလြန္ၿပိဳကြဲ သြားႏိုင္ေၾကာင္း သတိေပးထားသည္။

လူအမ်ားစုက သူတို႔ကို ဂ်ယ္လီငါးဟု ထင္ၾကေသာ္လည္း အမွန္ တကယ္တြင္ သဲခ႐ု မ်ား၏ ဥအိတ္မ်ား ျဖစ္ေနသည္။ သူတို႔သည္ ေႏြဦးရာသီတြင္ ကမ္းေျခမ်ား၌ စတင္ေတြ႕ရၿပီး ေယဘုယ် အားျဖင့္ မတ္လအထိ ေတြ႕ရတတ္သည္ ။ အြန္လိုင္း စာမ်က္ႏွာမ်ားတြင္ ဂ်ယ္လီငါး အျဖစ္ မွားယြင္းစြာ ေဖာ္ျပခဲ့သည္။

သဲခ႐ုမ်ား၏ ဥ အိတ္မ်ားသည္ အရွည္ ၅ စင္တီမီတာခန႔္ရွိၿပီး ၁၀ စင္တီမီ တာ အထိလည္း ေတြ႕ရတတ္သည္။ အေလးခ်ိန္ အားျဖင့္ ၂၀၀ ဂရမ္မွ် ေလးသည္။

ခ႐ုအမ မ်ားသည္ ညဥ့္အခါ၌ ဥမ်ားကို ဥခ်ၾကၿပီး ခြၽဲႏွင့္သဲ ေပါင္းစပ္ကာ ဆြဲထားေသာ မ်ဥ္းေၾကာင္းတစ္ခုတြင္ တန္းစီ ဥထားခဲ့သည္။ ဥအိတ္ တစ္အိတ္လွ်င္ ခ႐ုဥေပါင္း ေထာင္ေပါင္းမ်ားစြာ ပါဝင္သည္။

ဥအိတ္သည္ ရက္အနည္းငယ္ အၾကာတြင္ ေရထဲက်သြားၿပီးေနာက္ ဥမ်ားမွ သေႏၶသားေလာင္းကို ေမြးထုတ္ေပးလိုက္ေလသည္။

CSIRO ဝက္ဘ္ဆိုက္က “ အကယ္၍ သင္ရွာေတြ႕ခဲ့လွ်င္ အခ်င္းခ်င္း ပစ္ေပါက္ ကစားျခင္း မျပဳရန္ႏွင့္ ေရထဲသို႔ ညင္သာစြာ ျပန္ထည့္ထားေပးရန္ တိုက္တြန္းထားသည္။

Unicode

ဩစတြေးလျှနိုင်ငံ ကမ်းခြေအချို့ရှိ သဲသောင်ပြင်များပေါ်တွင် တက်လာသည့် ဂျယ်လီနှင့်တူသော အိတ်များကို မဖျက်ဆီးမိအောင် သတိပြုရန်နှင့် ပုံမှန်မဟုတ်သော လခြမ်းပုံစံ ပုံသဏ္ဍာန် ကလေးများထဲတွင် သားလောင်းများ ထောင်နှင့် ချီကာ ပါရှိနေပြီး ထိခိုက်မိလျှင် အလွန်ပြိုကွဲ သွားနိုင်ကြောင်း သတိပေးထားသည်။

လူအများစုက သူတို့ကို ဂျယ်လီငါးဟုထင်ကြသော်လည်း အမှန်တကယ်တွင် သဲခရုများ၏ ဥအိတ်များ ဖြစ်နေသည်။သူတို့သည်နွေဦးရာသီတွင်ကမ်းခြေများ၌စတင်တွေ့ရပြီးယေဘုယျ အားဖြင့် မတ်လအထိ တွေ့ရတတ်သည် ။ အွန်လိုင်း စာမျက်နှာများတွင် ဂျယ်လီငါးအဖြစ် မှားယွင်းစွာဖော်ပြခဲ့သည်။

သဲခရုများ၏ ဥ အိတ်များသည် အရှည် ၅ စင်တီမီတာခန့်ရှိပြီး ၁၀ စင်တီမီ တာ အထိလည်း တွေ့ရတတ်သည်။ အလေးချိန် အားဖြင့် ၂၀၀ ဂရမ်မျှ လေးသည်။

ခရုအမများသည် ညဥ့်အခါ၌ ဥများကိုဥချကြပြီး ချွဲနှင့်သဲ ပေါင်းစပ်ကာဆွဲထားသော မျဉ်းကြောင်းတစ်ခုတွင် တန်းစီ ဥထားခဲ့သည်။ ဥအိတ်တစ်အိတ်လျှင် ခရုဥပေါင်းထောင်ပေါင်းများစွာ ပါဝင်သည်။

ဥအိတ်သည် ရက်အနည်းငယ် အကြာတွင် ရေထဲကျသွားပြီးနောက် ဥများမှ သန္ဓေသားလောင်းကို မွေးထုတ်ပေးလိုက်လေသည်။

CSIRO ဝက်ဘ်ဆိုက်က “ အကယ်၍ သင်ရှာတွေ့ခဲ့လျှင် အချင်းချင်း ပစ်ပေါက် ကစားခြင်း မပြုရန်နှင့် ရေထဲသို့ ညင်သာစွာ ပြန်ထည့်ထားပေးရန် တိုက်တွန်းထားသည်။

Ref; Daily Mail