အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဗြိတိန်အမျိုးသမီးတစ်ယောက်ဟာ နွားဝှေ့တာကို ပြင်းထန်စွာ ခံခဲ့ရပြီးနောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ သူမဟာ အဆိုပါ နွားသိုးကြီးကို သီချင်းဆိုပြခဲ့တာဖြစ်ပြီး၊ သူမ ဆိုပြခဲ့တဲ့သီချင်းကတော့ Black Eyed Peas ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “My Humps”လို့ အမည်ရပါတယ်။
အဆိုပါသီချင်းဟာ ဥရောပတစ်ခွင်မှာ ပြဲပြဲစင်အောင် အောင်မြင်မှုရခဲ့ပြီး၊ Hump ဆိုတဲ့ အဓိပ္ပါယ်ဟာကလည်း နွား၊ ကလားအုတ်တို့ရဲ့ ဘို့တွေကို ရည်ညွှန်းလို့လည်း ရပါတယ်။ နွားဝှေ့တာ ခံခဲ့ရသူရဲ့ နာမည်ကတော့ Melissa Meville ဖြစ်ပြီး အသက်ကတော့ (၂၄)နှစ်ပါ။ သူမဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက အိန္ဒိယကို ရောက်နေတာပါ။
ရာဂျာစသန်ပြည်နယ်မှ သူမရဲ့ ဟိုတယ်ကို ပြန်အလာလမ်းမှာ ဘို့ထောင်ထောင် နွားသိုးကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးမိခဲ့ပါတယ်။ သူမဟာမှင်သေသေနဲ့ လှမ်းကြည့်နေတဲ့ နွားသိုးကြီးကို အစကတော့ ကြောက်လန့်နေခဲ့ပြီး၊ နောက်ဆုံး ပါးစပ်ထဲကို ရုတ်ချည်းပေါ်လာတဲ့ My Humps သီချင်းကို ကောက်ဆိုမိလိုက်ပါတယ်။
နွားကြီးဟာ သီးချင်းသံကြောင့် မျက်နှာကို တင်းကနဲမာလိုက်ပါတယ်။ ဒါပေမယ့် သူမကချက်ချင်း အလစ်အငိုက်ဖမ်းပြီး နွားသိုးကြီး ဘေးကနေ ခပ်သုပ်သုပ်ပြေးမယ်ပြင်ဆင်ရင်း နွားကြီးက ရုတ်ချည်းဆိုသလို Melissa ကို သူ့ရဲ့ ဦးချိုကားကားကြီးနဲ့ ပြေးဝှေ့ပါတော့တယ်။
ဒဏ်ရာအများအပြား ရခဲ့တဲ့ Melissa က ” ဝှေ့ချက်ကြီးက ကြောက်စရာကြီး … သိပ်ကို ပြင်းထန်လွန်းလို့ လေပေါ်ကိုတာင် မြောက်တက်သွားတယ် လေထဲကနေ ပြုတ်ကျတဲ့အရှိန်ကြောင့် ဒူးလည်း ဒဏ်ရာကြီးကြီးမားမား ရခဲ့ပါတယ် … ပခုံးနဲ့ မျက်နှာတွေကလည်း ရှင်တို့မြင်တဲ့အတိုင်းပါဘဲ “လို့ ပြောခဲ့ပါတယ်။
သူမဟာ နှာခေါင်းရိုးလည်းအက်ခဲ့ပြီး၊ ချက်ချင်းမျက်ကွင်းကြီးကညိုတက်လာတယ်လို့ ဆိုပါတယ်။သူမက နွားဝှေ့တာ ဒီလောက်ပြင်းထန်လိမ့်မယ်လို့လည်း တစ်ခါမှမစဉ်းစားဖူးကြောင်း ထုတ် ဖော်ဝန်ခံခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ (၂၀၀၀)ပြည့်နှစ်အလွန်နောက်ပိုင်းမှ အခုအချိန်ထိ နွားဝှေ့ခံရလို့ (၇၄)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ ဗြိတိန်အမျိုးသမီးတစ်ယောက်ဟာ နွားဝှေ့တာကို ပြင်းထန်စွာ ခံခဲ့ရပြီးနောက် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပါတယ်။ သူမဟာ အဆိုပါ နွားသိုးကြီးကို သီချင်းဆိုပြခဲ့တာဖြစ်ပြီး၊ သူမ ဆိုပြခဲ့တဲ့သီချင်းကတော့ Black Eyed Peas ရဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ “My Humps”လို့ အမည်ရပါတယ်။
အဆိုပါသီချင်းဟာ ဥရောပတစ်ခွင်မှာ ပြဲပြဲစင်အောင် အောင်မြင်မှုရခဲ့ပြီး၊ Hump ဆိုတဲ့ အဓိပ္ပါယ်ဟာကလည်း နွား၊ ကလားအုတ်တို့ရဲ့ ဘို့တွေကို ရည်ညွှန်းလို့လည်း ရပါတယ်။ နွားဝှေ့တာ ခံခဲ့ရသူရဲ့ နာမည်ကတော့ Melissa Meville ဖြစ်ပြီး အသက်ကတော့ (၂၄)နှစ်ပါ။ သူမဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကတည်းက အိန္ဒိယကို ရောက်နေတာပါ။
ရာဂျာစသန်ပြည်နယ်မှ သူမရဲ့ ဟိုတယ်ကို ပြန်အလာလမ်းမှာ ဘို့ထောင်ထောင် နွားသိုးကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးမိခဲ့ပါတယ်။ သူမဟာ မှင်သေသေနဲ့ လှမ်းကြည့်နေတဲ့ နွားသိုးကြီးကို အစကတော့ ကြောက်လန့်နေခဲ့ပြီး၊ နောက်ဆုံး ပါးစပ်ထဲကို ရုတ်ချည်းပေါ်လာတဲ့ My Humps သီချင်းကို ကောက်ဆိုမိလိုက်ပါတယ်။
နွားကြီးဟာ သီးချင်းသံကြောင့် မျက်နှာကို တင်းကနဲမာလိုက်ပါတယ်။ ဒါပေမယ့် သူမက ချက်ချင်းအလစ်အငိုက်ဖမ်းပြီး နွားသိုးကြီး ဘေးကနေခပ်သုပ်သုပ်ပြေးမယ်ပြင်ဆင်ရင်း နွားကြီးက ရုတ်ချည်းဆိုသလို Melissa ကို သူ့ရဲ့ ဦးချိုကားကားကြီးနဲ့ ပြေးဝှေ့ပါတော့တယ်။
ဒဏ်ရာအများအပြား ရခဲ့တဲ့ Melissa က ” ဝှေ့ချက်ကြီးက ကြောက်စရာကြီး … သိပ်ကို ပြင်းထန်လွန်းလို့ လေပေါ်ကိုတာင် မြောက်တက်သွားတယ် … လေထဲကနေ ပြုတ်ကျတဲ့အရှိန်ကြောင့် ဒူးလည်း ဒဏ်ရာကြီးကြီးမားမား ရခဲ့ပါတယ် … ပခုံးနဲ့ မျက်နှာတွေကလည်း ရှင်တို့မြင်တဲ့အတိုင်းပါဘဲ “လို့ ပြောခဲ့ပါတယ်။
သူမဟာ နှာခေါင်းရိုးလည်း အက်ခဲ့ပြီး၊ ချက်ချင်းမျက်ကွင်းကြီးက ညိုတက်လာတယ်လို့ ဆိုပါတယ်။ သူမက နွားဝှေ့တာ ဒီလောက် ပြင်းထန်လိမ့်မယ်လို့လည်း တစ်ခါမှ မစဉ်းစားဖူးကြောင်း ထုတ်ဖော်ဝန်ခံခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ (၂၀၀၀)ပြည့်နှစ်အလွန်နောက်ပိုင်းမှ အခုအချိန်ထိ နွားဝှေ့ခံရလို့ (၇၄)ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။