ဗဟုသုတ

ဂျာမနီမှာ ကျင်းပနေတဲ့ ရုပ်ရှင်ပွဲတော်ရဲ့ဖွင့်ပွဲမှာ အိန္ဒြာကျော်ဇင်စာတန်းပါတဲ့ အင်္ကျီကိုဝတ်ဆင်ပြီး ဂုဏ်ပြုပေးခဲ့တဲ့ Festival Directorနဲ့ တာဝန်ရှိသူများ..!

မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ မင်းသမီး ပိုင်ဖြိုးသုတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ “What happened to the wolf?”

ရုပ်ရှင်ကားကြီးကတော့ “Oldenburg International Film Festival” မှာOfficial Competitation အတွက် ရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ဒါကြောင့် ဒီဇာတ်ကားကြီးကို World Premiere အဖြစ်ပြသသွားမှာလည်း ဖြစ်ပါတယ် ။

ဒီဇာတ်ကားကို ဒါရိုက်တာဏကြီးက ပုံဖော်ရိုက်ကူးပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ လွင်မိုး၊အောင်မြင့်မြတ်တို့နဲ့အတူ ဧည့်သည်သရုပ်ဆောင်အဖြစ် ကျော်ထက်အောင်က ပါဝင်ထားတာ ဖြစ်ပါတယ် ။

ဂျာမနီနိုင်ငံ၊ Oldenburg မြို့မှာတော့ “Oldenburg International Film Festival ” ကိုစက်တင်ဘာလ (၁၅)ရက်နေ့ကနေ စက်တင်ဘာ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ် ။

ဒီပွဲမှာ “What happened to the wolf?” ဇာတ်ကားကြီးကို ပြသနေတာဖြစ်ပြီးလာရောက်ကြည့်ရှုအားပေးသူ ပရိသတ်တွေလည်း အများအပြားရှိနေတာ ဖြစ်ပါတယ် ။ဒေသခံပရိသတ်တွေအပြင် ဂျာမနီနိုင်ငံ Hamburg မြို့နဲ့ နယ်သာလန်နိုင်ငံ Amsterdam မြို့မှာရှိတဲ့မြန်မာပရိသတ်တွေကလည်း ဒီဇာတ်ကားကြီး လာရောက်အားပေးကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ် ။

ရုပ်ရှင်ပွဲတော်ရဲ့ဖွင့်ပွဲအခမ်းအနားမှာတော့ “Oldenburg International Film Festival”ရဲ့Festival Director ဖြစ်သူ Torsten Neumann နဲ့တာဝန်ရှိသူတွေက အိန္ဒြာကျော်ဇင်စာတန်းပါတီရှပ်ကိုဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။

ဒါ့အပြင် Torsten Neumann က “What happened to the wolf?” ရုပ်ရှင်မှာပါဝင်တဲ့ အနုပညာရှင်၊အတတ်ပညာရှင်များနဲ့ ရုပ်ရှင်အဖွဲ့သားများအားလုံးအတွက် အားပေးဂုဏ်ပြုစကားတွေကိုလည်း ပြောကြားပေးခဲ့တာ ဖြစ်ပါတယ် ။

EainDra Kyaw Zin ဆိုတဲ့နာမည်စာတန်းပါတဲ့ တီရှပ်ကိုဝတ်ဆင်ပြီး ဂုဏ်ပြုခံရတဲ့အပေါ် မြန်မာနိုင်ငံကပရိသတ်တွေကလည်း အူဝဲအတွက် ဝမ်းသာဂုဏ်ယူနေကြတာ ဖြစ်ပါတယ် ။

“Oldenburg International Film Festival” ပွဲကို တက်ရောက်လာတဲ့တာဝန်ရှိသူတွေရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Credit-”What happened to the wolf?” FB Page

September 18, 2021

မင်းသမီး အိန္ဒြာကျော်ဇင်နဲ့ မင်းသမီး ပိုင်ဖြိုးသုတို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ “What happened to the wolf?”

ရုပ်ရှင်ကားကြီးကတော့ “Oldenburg International Film Festival” မှာOfficial Competitation အတွက် ရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ဒါကြောင့် ဒီဇာတ်ကားကြီးကို World Premiere အဖြစ်ပြသသွားမှာလည်း ဖြစ်ပါတယ် ။ ဒီဇာတ်ကားကို ဒါရိုက်တာဏကြီးက ပုံဖော်ရိုက်ကူးပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ လွင်မိုး၊ အောင်မြင့်မြတ် တို့နဲ့အတူ ဧည့်သည်သရုပ်ဆောင်အဖြစ် ကျော်ထက်အောင်က ပါဝင်ထားတာ ဖြစ်ပါတယ် ။

ဂျာမနီနိုင်ငံ၊ Oldenburg မြို့မှာတော့ “Oldenburg International Film Festival ” ကိုစက်တင်ဘာလ (၁၅) ရက်နေ့ကနေ စက်တင်ဘာ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်နေတာ ဖြစ်ပါတယ် ။ဒီပွဲမှာ “What happened to the wolf?” ဇာတ်ကားကြီးကို ပြသနေတာဖြစ်ပြီးလာရောက်ကြည့်ရှုအားပေးသူ ပရိသတ်တွေလည်း အများအပြားရှိနေတာဖြစ်ပါတယ် ။

ဒေသခံပရိသတ်တွေအပြင် ဂျာမနီနိုင်ငံHamburg မြို့နဲ့ နယ်သာလန်နိုင်ငံAmsterdam မြို့မှာရှိတဲ့မြန်မာပရိသတ်တွေကလည်းဒီဇာတ်ကားကြီးကိုလာရောက်အားပေးကြည့်ရှုခဲ့ကြတာဖြစ်ပါတယ်။ရုပ်ရှင်ပွဲတော်ရဲ့ဖွင့်ပွဲအခမ်းအနားမှာတော့ “Oldenburg International Film Festival”ရဲ့Festival Directorဖြစ်သူ Torsten Neumannနဲ့တာဝန်ရှိသူတွေက အိန္ဒြာကျော်ဇင်စာတန်းပါတီရှပ်ကိုဝတ်ဆင်ပြီး တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ် ။

ဒါ့အပြင် Torsten Neumann က “What happened to the wolf?” ရုပ်ရှင်မှာပါဝင်တဲ့ အနုပညာရှင်၊အတတ်ပညာရှင်များနဲ့ ရုပ်ရှင်အဖွဲ့သားများအားလုံးအတွက် အားပေးဂုဏ်ပြုစကားတွေကိုလည်း ပြောကြားပေးခဲ့တာ ဖြစ်ပါတယ် ။EainDra Kyaw Zin ဆိုတဲ့နာမည်စာတန်းပါတဲ့ တီရှပ်ကိုဝတ်ဆင်ပြီး ဂုဏ်ပြုခံရတဲ့အပေါ် မြန်မာနိုင်ငံကပရိသတ်တွေကလည်း အူဝဲအတွက် ဝမ်းသာဂုဏ်ယူနေကြတာ ဖြစ်ပါတယ် ။

“Oldenburg International Film Festival” ပွဲကို တက်ရောက်လာတဲ့တာဝန်ရှိသူတွေရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Credit-”What happened to the wolf?” FB Page