Zawgyi
ဘာမှမရှိတဲ့ ဘဝကနေစခဲ့ရပေမယ့်အခုလို အဆင်ပြေလာအောင် ဘယ်လို စုဆောင်းရှာဖွေခဲ့ရလဲဆိုတာပြောပြလာတဲ့ ခင်လှိုင်ရဲ့ဇနီး အန်တီငယ်
နာမည်ကျော်ဟာသသရုပ်ဆောင်ကြီး ဦးခင်လှိုင်ရဲ့ဇနီး အန်တီငယ်ကတော့ အခုအချိန်အထိရောက်လာအောင်ရုန်းကန်ပြီးကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကိုပေါ်ပြူလာဂျာနယ်နဲ့အင်တာဗျူးမှာအခုလိုပဲဖြေဆိုထားပါတယ်။
“ကိုယ့်ဘဝကိုယ်ရုန်းပြီးရပ်တည်ခဲ့ရတာ အမေတို့အဖေတို့က ကိုယ်တွေကိုမထောက်ပံ့နိုင်ဘူး အိမ်ထောင်စကျကတည်းက အန်တီငယ်တို့ကြိုးစားတယ် အမေတို့အဖေတို့ထားခဲ့တဲ့ပစ္စည်းတွေကိုဆို အန်တီငယ်အကုန် မောင်နှမတွေကိုခွဲပေးတယ် အန်တီငယ်တို့လင်မယား အပ်ကနေစပြီး ဒီဘဝကိုရပ်တည်ထားတာ သားသမီးတွေကို လည်းသွန်သင်တယ် ကိုခင်လှိုင်တပည့်တွေကိုလည်းသွန်သင်တယ်။
စုပါပေါ့နော် ”“အန်တီငယ်ကငယ်ငယ်ကတည်းက အစ်မတို့ချက်တာစားတာ ကိုယ်ကချက်တတ်ပေမယ့် သူတို့ကချက်တာဝါသနာပါတော့ သူတို့ပဲချက်နေတာနဲ့ကိုယ်ကထိုင်စားဖြစ်တာ”“အန်တီငယ်ကကောက်ညှင်းနဲ့လုပ်တဲ့မုန့်လေးတွေကြိုက်တယ် ဦးခင်လှိုင်ကအားလုံးလုပ်တတ်တော့ အဆင်ပြေတယ် ဟိုနေ့ကလည်း မုန့်ဆီကြော်စားချင်တယ်ပြောမိတာ ဒီနေ့ချက်ချင်းထကြော်ပေးတော့ သူ့တပည့်တွေတောင်ပြောပြီးရယ်နေတာ”
“အန်တီငယ်အရင်ကတည်းက ဘုရားမှာပုံးလေးထားပြီးလှူဖို့ဖယ်ထားတယ် ပြီးတော့မှကိုယ်စားတယ် သားသမီးတွေပညာရေးအတွက်ဖယ်တယ်ပေါ့ အစကတည်းက အန်တီငယ်ကရွှေစုတယ် ဝတ်လည်းဝတ်တယ်ပေါ့ အိမ်တွေကားတွေဝယ်မယ်လို့ဦးခင်လှိုင်ပြောလို့ အန်တီငယ်ထုတ်ပေးရင် သူကအံ့သြနေရော မိန်းမဘယ်တုန်းကစုထားတာလဲဆိုပြီး”“အန်တီငယ်က ဝင်ငွေထွက်ငွေအကုန်မှတ်တယ် ဒီလဘယ်လောက်ဝင်လဲ ထွက်လဲဆိုတာလည်းသိရတယ် ဘယ်လောက်စုမိတယ်ဆိုတာလည်းသိရတယ် ”
“သားသမီးတွေကိုလည်း ဆုံးမတယ် ကိုယ်လုပ်တဲ့အလုပ်အကောင်းဆုံးလုပ်ပေါ့နော် သူတို့ကိုကျတော့အန်တီငယ်က ဘွဲ့ရပညာတက်ဖြစ်စေချင်တယ် ပညာကိုစုံအောင်ယူ ဘွဲ့ယူ သင်တန်းတက်တွေတက် အမေတို့အဖေတို့ရှာနိုင်တုန်းအကုန်ရအောင်ယူပေါ့”“အန်တီငယ်တွေယူတုန်းကအမေဆို ငယ်သေးတယ်ဆိုပြီး ၃ခါခွဲတာ ၃ခါလုံးပြန်လိုက်ပြေးတယ် ယူပြီးတဲ့အခါကျတော့ဦးခင်လှိုင်လည်းကြိုးစားတယ်။
အန်တီငယ်လည်းစုတယ် ဒီလိုနဲ့ ဒီအခြေအနေရောက်လာတာပေါ့”“ဦးခင်လှိုင်တို့ကားရိုက်တဲ့အချိန်မှာ သူ့တပည့်တွေက ဆရာကျွန်တော်တို့အလုပ်မရှိတော့ဘူးဆိုတော့ ဆန်နဲ့ဆီ တစ်နိုင်တစ်ပိုင်ပေးလိုက်မယ်ပေါ့ ရပ်ကွက်ကလူတွေကလည်း အဆင်မပြေတဲ့အသံလေးတွေကြားတော့လှူဖြစ်သွားတာပေါ့”“အခုဆိုကိုယ်တွေကကံကောင်းလို့အလုပ်လုပ်ရသလိုဖြစ်နေတယ် ကိုယ်ရှာနိုင်မှ ကိုယ့်တပည့်သားသမီးတွေနဲ့ ၇ရက်သားသမီးပရိသတ်ကိုလှူနိုင်မှာလေ
အခုလည်း ဆန်အိတ် ၄၀ ဆီအချိန် ၁၀ ကြက်သွန်ဖြူပေါ့”“အန်တီငယ်ကိုဒေါငွေသိမ်းလို့စတာပေါ့ ယောက်ျားရှာတာလည်းအကုန်သိမ်းတယ် သားတို့သမီးတို့ ကလေးတွေပိုက်ဆံပါသိမ်းတယ်ပေါ့ အန်တီငယ်ပျောက်ပြီး ဒေါ်ငွေသိမ်းဖြစ်သွားတယ်” လို့ သားသမီးတွေက အနုပညာကြေးတွေအပ်တဲ့အကြောင်းလည်းပြောပြခဲ့ပါတယ်
ဘာမှမရှိတဲ့ ဘဝကနေစခဲ့ရပေမယ့်အခုလို အဆင်ပြေလာအောင် ဘယ်လို စုဆောင်းရှာဖွေခဲ့ရလဲဆိုတာပြောပြလာတဲ့ ခင်လှိုင်ရဲ့ဇနီး အန်တီငယ်
နာမည်ကျော်ဟာသသရုပ်ဆောင်ကြီး ဦးခင်လှိုင်ရဲ့ဇနီး အန်တီငယ်ကတော့ အခုအချိန်အထိရောက်လာအောင်ရုန်းကန်ပြီးကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်းလေးကိုပေါ်ပြူလာဂျာနယ်နဲ့အင်တာဗျူးမှာအခုလိုပဲဖြေဆိုထားပါတယ်။
“ကိုယ့်ဘဝကိုယ်ရုန်းပြီးရပ်တည်ခဲ့ရတာ အမေတို့အဖေတို့က ကိုယ်တွေကိုမထောက်ပံ့နိုင်ဘူး အိမ်ထောင်စကျကတည်းက အန်တီငယ်တို့ကြိုးစားတယ် အမေတို့အဖေတို့ထားခဲ့တဲ့ပစ္စည်းတွေကိုဆို အန်တီငယ်အကုန် မောင်နှမတွေကိုခွဲပေးတယ် အန်တီငယ်တို့လင်မယား အပ်ကနေစပြီး ဒီဘဝကိုရပ်တည်ထားတာ သားသမီးတွေကိုလည်းသွန်သင်တယ် ကိုခင်လှိုင်တပည့်တွေကိုလည်းသွန်သင်တယ်
စုပါပေါ့နော် ”“အန်တီငယ်ကငယ်ငယ်ကတည်းက အစ်မတို့ချက်တာစားတာ ကိုယ်ကချက်တတ်ပေမယ့် သူတို့ကချက်တာဝါသနာပါတော့သူတို့ပဲချက်နေတာနဲ့ကိုယ်ကထိုင်စားဖြစ်တာ”“အန်တီငယ်ကကောက်ညှင်းနဲ့လုပ်တဲ့မုန့်လေးတွေကြိုက်တယ် ဦးခင်လှိုင်ကအားလုံးလုပ်တတ်တော့အဆင်ပြေတယ် ဟိုနေ့ကလည်း မုန့်ဆီကြော်စားချင်တယ်ပြောမိတာ ဒီနေ့ချက်ချင်းထကြော်ပေးတော့ သူ့တပည့်တွေတောင်ပြောပြီးရယ်နေတာ”
“အန်တီငယ်အရင်ကတည်းက ဘုရားမှာပုံးလေးထားပြီးလှူဖို့ဖယ်ထားတယ် ပြီးတော့မှကိုယ်စားတယ် သားသမီးတွေပညာရေးအတွက်ဖယ်တယ်ပေါ့ အစကတည်းက အန်တီငယ်ကရွှေစုတယ် ဝတ်လည်းဝတ်တယ်ပေါ့ အိမ်တွေကားတွေဝယ်မယ်လို့ဦးခင်လှိုင်ပြောလို့ အန်တီငယ်ထုတ်ပေးရင် သူကအံ့သြနေရော မိန်းမဘယ်တုန်းကစုထားတာလဲဆိုပြီး”“အန်တီငယ်က ဝင်ငွေထွက်ငွေအကုန်မှတ်တယ် ဒီလဘယ်လောက်ဝင်လဲ ထွက်လဲဆိုတာလည်းသိရတယ် ဘယ်လောက်စုမိတယ်ဆိုတာလည်းသိရတယ် ”
“သားသမီးတွေကိုလည်း ဆုံးမတယ် ကိုယ်လုပ်တဲ့အလုပ်အကောင်းဆုံးလုပ်ပေါ့နော် သူတို့ကိုကျတော့အန်တီငယ်က ဘွဲ့ရပညာတက်ဖြစ်စေချင်တယ် ပညာကိုစုံအောင်ယူ ဘွဲ့ယူ သင်တန်းတက်တွေတက် အမေတို့အဖေတို့ရှာနိုင်တုန်းအကုန်ရအောင်ယူပေါ့”“အန်တီငယ်တွေယူတုန်းကအမေဆို ငယ်သေးတယ်ဆိုပြီး ၃ခါခွဲတာ ၃ခါလုံးပြန်လိုက်ပြေးတယ် ယူပြီးတဲ့အခါကျတော့ဦးခင်လှိုင်လည်းကြိုးစားတယ်။
အန်တီငယ်လည်းစုတယ် ဒီလိုနဲ့ ဒီအခြေအနေရောက်လာတာပေါ့”“ဦးခင်လှိုင်တို့ကားရိုက်တဲ့အချိန်မှာ သူ့တပည့်တွေက ဆရာကျွန်တော်တို့အလုပ်မရှိတော့ဘူးဆိုတော့ဆန်နဲ့ဆီ တစ်နိုင်တစ်ပိုင်ပေးလိုက်မယ်ပေါ့ ရပ်ကွက်ကလူတွေကလည်း အဆင်မပြေတဲ့အသံလေးတွေကြားတော့လှူဖြစ်သွားတာပေါ့ ”“အခုဆိုကိုယ်တွေကကံကောင်းလို့အလုပ်လုပ်ရသလိုဖြစ်နေတယ် ကိုယ်ရှာနိုင်မှ ကိုယ့်တပည့်သားသမီးတွေနဲ့ ၇ရက်သားသမီးပရိသတ်ကိုလှူနိုင်မှာလေ..
အခုလည်း ဆန်အိတ် ၄၀ ဆီအချိန် ၁၀ ကြက်သွန်ဖြူပေါ့”“အန်တီငယ်ကိုဒေါငွေသိမ်းလို့စတာပေါ့ ယောက်ျားရှာတာလည်းအကုန်သိမ်းတယ် သားတို့သမီးတို့ ကလေးတွေပိုက်ဆံပါသိမ်းတယ်ပေါ့ အန်တီငယ်ပျောက်ပြီး ဒေါ်ငွေသိမ်းဖြစ်သွားတယ်” လို့ သားသမီးတွေက အနုပညာကြေးတွေအပ်တဲ့အကြောင်းလည်းပြောပြခဲ့ပါတယ်။