News

“ချိုင့်ခွက်တွေ ပြည့်နေတဲ့လမ်းကို လကမ္ဘာပုံစံလုပ်ပြီး လမ်းလျှောက်ပြခဲ့တာကြောင့် ချက်ချင်း လမ်းပြင်ပေးခဲ့ရတဲ့ တာဝန်ရှိသူများ”(ရုပ်သံ)

ယခု အဖြစ်အပျက်လေးကတော့ ထိုင်းနိုင်ငံက အဖြစ်အပျက်လေးပါ…

လမ်းပေါ်မှာ ချိုင့်ခွက်တွေနဲ့ ပြည့်နှက်နေပြီး လကမ္ဘာရဲ့ မျက်နှာပြင်လိုဖြစ်နေတာကြောင့် ဒီလမ်းကို ပြင်စေချင်နေတာ ကြာပါပြီ…

သက်ဆိုင်ရာလူကြီးတွေကို လမ်းပြင်ပေးဖို့ တင်ပြခဲ့ကြပေမယ့် တင်ပြမှုက အရာမထင်ခဲ့ပါဘူး…

နောက်ဆုံးမှာတော့ ဟာသအမြင်ရှိပြီး ဉာဏ်ကောင်းလွန်းတဲ့သူတစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်

သူကတော့ ချိုင့်ခွက်တွေ ပြည့်နေတဲ့ လမ်းမျက်နှာပြင်ကို လကမ္ဘာလိုသဘောထားပြီး လကမ္ဘာပေါ်ရောက်နေသလိုမျိုးနဲ့ လမ်းလျှောက်နေတဲ့ပုံကို ဗီဒီယို ရိုက်ကူးပြီး ဆိုရှယ် မီဒီယာပေါ် တင်ခဲ့တာဖြစ်ပါတယ်

ဒီဗီဒီယိုဟာ ဟာသဆန်ပြီး ရယ်စရာကောင်းနေတာကြောင့် ချက်ချင်း နာမည်ကြီးသွားပါတယ်

ခုတော့ ဒီဗီဒီယိုကြောင့် တာဝန်ရှိသူတွေဟာ လမ်းကို ပြုပြင်ပေးဖို့ ပြင်ဆင်နေကြပါပြီ

ရုပ်သံ ကြည့်ရန်

တကယ်တော့ ဆိုရှယ်မီဒီယာဆိုတာ အသုံးချတတ်ရင် အများကြီး အကျိုးရှိတယ် ဆိုတာ ဒီ ရုပ်သံလေးက သက်သေပါပဲ

video Credit : Sithu Maung

စွယ်စုံသုတ