ဗဟုသုတ

ဘာဘယ်လ်တီး အတုတွေကြောင့် အသက်‌သေဆုံးမယ့်အန္တရာယ်နဲ့ကြုံခဲ့ရတဲ့ ကျောင်းသူလေး

ဘာဘယ်လ်တီး အတုတွေ ကြောင့် အသက်‌ သေဆုံးမယ့်အန္တရာယ်နဲ့ကြုံခဲ့ရတဲ့ ကျောင်းသူလေး

အအေး ဆိုင်တွေမှာ မစ်ရှိတ်တွေ သောက်တဲ့အခါ သာကူစိအကြီးစားကြီးလို အိကျိအိကျိ နဲ့ အလုံးလေးတွေကို တွေ့မြင်ဖူးကြမှာပါ။ အထူးသဖြင့် ဘာဘယ်လ်တီး လိုအအေးတွေမှာ တွေ့ရပါတယ်။ သူက စားလို့လည်းကောင်းတယ်။ ဒါကြောင့် လူငယ်တွေတော်တော်များများထဲက မိန်းကလေးတွေက တော့ နှစ်သက်ကြပါတယ်။

အဲ့ ဒီ ဘာဘယ်လ် အလုံးလေးတွေကိုတော့ ပီလောပီနံ နဲ့ ပြောင်းမှုန့် ရောကြိုပြီးတော့ သကြားနဲ့ သမအောင် လုံးထားတဲ့ အလုံးလေးတွေဖြစ်ပါတယ်။ အလုံး ၁ လုံးတိုင်းမှာ ၁၄ ကယ်လိုရီ ပါဝင်ပါတယ်အချိုရည်တစ်ဗူးဆိုရင် အလုံး ၁၀၀ နီးပါးပါတာမို့ ၁၄၀ ကယ်လိုရီ ဖြစ်နေပါပြီ။

အဲ့ ဒီ အလုံးလေးတွေကို အရမ်းကြိုက်နှစ်သက်တဲ့ တရုတ်နိုင်ငံက ကျောင်းသူလေးတစ်ဥိးဟာ အဖြေရှာမရတဲ့ ဗိုက်အောင့်ခြင်းကြောင့် ကျောင်းဆေးခန်းသွားပေမယ့် မသက်သာပဲ ဆေးရုံသွားတဲ့အချိန်မှာတော့ အစာအိမ်မှာ အဲ့ဒီအလုံးလေးတွေ ကပ်နေတာကိုအံ့သြစွာ တွေ့ခဲ့ရပါတယ်။

ကနဦး ဆရာဝန်က အစာအိမ် အကျိတ်တွေလို့ထင်ခဲ့ပေမယ့် ဒီလောက်များ များကတော့ ထူးဆန်းတာကြောင့် အစာအိမ်ကို ကင်မရာ ခပ်သေးသေးလေးနဲ့ ကြည့်တဲ့အခါမှာတော့ ဘာဘယ်လ်တီးမှာပါတဲ့ အလုံးလေးတွေဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်။

ကျောင်းသူလေးက ဘာဘယ်လ်တီးအလုံးလေးတွေကို ကြိုက်နှစ်သက်တာဖြစ်ပြီးတော့ ၅ နှစ်လောက် ဆက်တိုက် စားသုံးခဲ့သူလည်းဖြစ်တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံကtapoica ဘာဘယ်လ်တွေကို ဂျာမနီ ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးစေခဲ့တဲ့ အခါမှာတော့ အစေ့တွေဟာ ကားတာရာ အဟောင်း သားရေဖိနပ်တွေမှာ ပါတဲ့ ဓာတ်တွေကို တွေ့ခဲ့ရပါတယ်။

ဒါတွေကတော့ အစာ ချေဖျက်မှုကို အနှောက်အယှက်ဖြစ်စေပြီးတော့ကာလရှည်စွာ အစာမချေခဲ့နိုင်တာကြောင့် အစာအိမ်နံရံတွေမှာ ကပ်တွယ်နေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။၊

ကြောက်စရာပါပဲနော်။ ဝိသမ လောဘသားတွေကတော့ အစားအစာအတုတွေနဲ့ ကိုယ်ကျိုးစီးပွားအတွက် လူအများအသက်တွေကိုတောင် မငဲ့ကွက်ကြတာမို့ အစားအစာ စားတဲ့အခါသတိလေးနဲ့စားသောက်ကြဖို့ တိုက်တွန်းချင်ပါတယ်။

Credit