မိဘမေတ္တာဆိုသည်မှာ သားသမီးအပေါ်တွင် ကုန်ခမ်းသွားသည်မရှိ အဆက်မပြတ်စီးဆင်းလျက်ရှိကာ ဒုက္ခကို တစ်ယောက်တည်းကြိတ်ခံရင်း တတ်စွမ်းသလောက် သားသမီးများကို ရှာကျွေးကြသည်။။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ နိုင်းဟွမ်ပြည်နယ်ရှိ ခန်ဟိုင်းမြို့တွင် နေထိုင်သော အသက် ၇၃နှစ်အရွယ် အဖိုးအိုတစ်ယောက်သည် လမ်းဘေးတွင် ဂီတာလေးတီး သီချင်းလေးဆိုကာ တောင်းရမ်းစားသောက်မှုဖြင့် အသက်မွေး၀မ်းကျောင်း ပြုလျက်ရှိသည်။
အဖိုးအိုသည် ဆင်းရဲမွဲတေသော ဘဝတွင် ကံဆိုးစွာဖြင့် အသက် ၇နှစ်အရွယ်က အကြီးကျယ်ဖျားပြီးနောက် မျက်စိနှစ်ဖက်လုံးကွယ်ခဲ့၍ သနားစရာ အမှောင်ချမျက်မမြင်ဘဝသို့ ရောက်ရှိခဲ့ရသည်။
အဖိုးအို၏ မိသားစုမှာလည်း စားဝတ်နေရေးအဆင်မပြေကြ၍ အသက် ၁၃နှစ်ကစပြီး လမ်းဘေးမျက်မမြင် တောင်းစားသူအဖြစ် ဝင်ငွေရှာခဲ့သည်ထို့နောက်အဖိုးအိုသည် စိတ်ထားကောင်းသူ နှင့် တွေ့ပြီး အသက်မွေး၀မ်းကျောင်းပြုရန် ဂီတာတီး ပညာအား သင်ယူခဲ့ရပြီးနောက် ဘဝတူအမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီး ကလေး ၅ယောက်ကို ပိုင်ဆိုင်ထားသည်။
ကလေး၅ယောက်လုံးသည် အိမ်ထောင်ကျကုန်ပြီး သူတို့အခက်အခဲနှင့်သူတို့ရှိနေ၍ မိဘနှစ်ပါးအား ထောက်ပံ့နိုင်ခြင်းမရှိပဲ အဖိုးအိုခမျာ ဆက်လက်၍လမ်းဘေးတောင်းရမ်းစားသောက်သူအဖြစ် ရပ်တည်နေဆဲဖြစ်သည်။
Zawgyi
မိဘမေတ္တာဆိုသည်မှာ သားသမီးအပေါ်တွင် ကုန်ခမ်းသွားသည်မရှိ အဆက်မပြတ်စီးဆင်းလျက်ရှိကာ ဒုက္ခကို တစ်ယောက်တည်းကြိတ်ခံရင်း တတ်စွမ်းသလောက် သားသမီးများကို ရှာကျွေးကြသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ နိုင်းဟွမ်ပြည်နယ်ရှိ ခန်ဟိုင်းမြို့တွင် နေထိုင်သော အသက် ၇၃နှစ်အရွယ် အဖိုးအိုတစ်ယောက်သည် လမ်းဘေးတွင် ဂီတာလေးတီး သီချင်းလေးဆိုကာ တောင်းရမ်းစားသောက်မှုဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက်ရှိသည်။
အဖိုးအိုသည် ဆင်းရဲမွဲတေသော ဘဝတွင် ကံဆိုးစွာဖြင့် အသက် ၇နှစ်အရွယ်က အကြီးကျယ်ဖျားပြီးနောက် မျက်စိနှစ်ဖက်လုံးကွယ်ခဲ့၍ သနားစရာ အမှောင်ချမျက်မမြင်ဘဝသို့ ရောက်ရှိခဲ့ရသည်။
အဖိုးအို၏ မိသားစုမှာလည်း စားဝတ်နေရေးအဆင်မပြေကြ၍ အသက် ၁၃နှစ်ကစပြီး လမ်းဘေးမျက်မမြင် တောင်းစားသူအဖြစ် ဝင်ငွေရှာခဲ့သည်။ ထို့နောက်အဖိုးအိုသည် စိတ်ထားကောင်းသူနှင့် တွေ့ပြီး အသက်မွေးဝမ်းကျောင်းပြုရန် ဂီတာတီး ပညာအား သင်ယူခဲ့ရပြီးနောက် ဘဝတူအမျိုးသမီးတစ်ဦးနှင့် ဆုံတွေ့ခဲ့ပြီး ကလေး ၅ယောက်ကို ပိုင်ဆိုင်ထားသည်။
ကလေး၅ယောက်လုံးသည် အိမ်ထောင်ကျကုန်ပြီး သူတို့အခက်အခဲနှင့် သူတို့ရှိနေ၍ မိဘနှစ်ပါးအား ထောက်ပံ့နိုင်ခြင်းမရှိပဲ အဖိုးအိုခမျာ ဆက်လက်၍ လမ်းဘေးတောင်းရမ်းစားသောက်သူအဖြစ် ရပ်တည်နေဆဲဖြစ်သည်။