ဗဟုသုတ

ယနေ့မှာ မုံရွာအချဉ်ပေါင်းသည် မတင်တင်အေး ထပ်မံဖမ်းဆီးခံရ

ယနေ့ မုံရွာအချဉ်ပေါင်းသည်မတင်တင်အေး ထပ်မံဖမ်းဆီးခံရ မုံရွာမြို့မှာ အချဉ်ပေါင်းသည် အန်တီကြီး ဒုတိယအကြိမ်ဖမ်းဆီးခံရ၊ စစ်သူပုန်အုပ်စုမှ အရပ်ဝတ်တွေနဲ့ ဝင်ရောက် ဖမ်းဆီး

စစ်ကိုင်းတိုင်း ဒေသကြီးမုံရွာမြို့မှာ အချဉ်ပေါင်းသည် အန်တီကြီး မတင်တင်အေး ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံလိုက် ရပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ညနေ၅နာရီဝန်းကျင်မှာအာဏာသိမ်းစစ်တပ်မှ မတင်တင်အေး၏ညီမဖြစ်သူအသီးဆိုင်ရှေ့မှာအရပ်ဝတ်တွေနဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့အချဉ်ပေါင်း သည် အန်တီကြီး၏ နီးစပ်သူ မိသားစုဝင်များက RNA ကို ပြောပါတယ်။

အချဉ်ပေါင်းသည် အန်တီကြီး မတင်တင်အေးဟာ အာဏာသိမ်းစစ်တပ်မှ သပိတ်စစ်ကြောင်းကို စတင်ဖြိုခွဲရာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ပြသာဒ်ကျောင်းအနီးမှာ ပထမအကြိမ်ဖမ်းဆီးခံရသူတစ်ဦး လဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ မုံရွာမြို့ ဒေါင်းကျောင်းရှေ့ ပန်းရောင်းသည့် စျေးသည်လင်မယား နှစ်ဦးနှင့် အချဉ်ပေါင်းသည်အန်တီကြီး မတင်တင်အေးတို့ နှစ်ဦးကို

အရပ်ဝတ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ် ။

Ref: Regional News Agency

Zawgyi

ယနေ့ မုံရွာအချဉ်ပေါင်းသည်မတင်တင်အေး ထပ်မံဖမ်းဆီးခံရ မုံရွာမြို့မှာ အချဉ်ပေါင်းသည် အန်တီကြီး ဒုတိယအကြိမ်ဖမ်းဆီးခံရ၊ စစ်သူပုန်အုပ်စုမှ အရပ်ဝတ်တွေနဲ့ ဝင်ရောက် ဖမ်းဆီး

စစ်ကိုင်းတိုင်း ဒေသကြီးမုံရွာမြို့မှာ အချဉ်ပေါင်းသည် အန်တီကြီး မတင်တင်အေး ဒုတိယအကြိမ် ထပ်မံဖမ်းဆီးခံလိုက် ရပါတယ်။

စက်တင်ဘာ၁၈ ရက်နေ့ညနေ၅နာရီဝန်းကျင်မှာ အာဏာသိမ်းစစ်တပ်မှ မတင်တင်အေး၏ညီမဖြစ်သူအသီးဆိုင်ရှေ့မှာအရပ်ဝတ်တွေနဲ့လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အချဉ်ပေါင်း သည် အန်တီကြီး၏ နီးစပ်သူ မိသားစုဝင်များက RNA ကို ပြောပါတယ်။

အချဉ်ပေါင်းသည် အန်တီကြီးမတင်တင်အေးဟာ အာဏာသိမ်းစစ်တပ်မှ သပိတ်စစ်ကြောင်းကိုစတင်ဖြိုခွဲရာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ ပြသာဒ်ကျောင်းအနီးမှာပထမအကြိမ်ဖမ်းဆီးခံရသူတစ်ဦး လဲဖြစ်ပါတယ်။

ဒါ့အပြင် ဒီကနေ့ စက်တင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းမှာ မုံရွာမြို့ ဒေါင်းကျောင်းရှေ့ ပန်းရောင်းသည့် ဈေးသည်လင်မယားနှစ်ဦးနှင့် အချဉ်ပေါင်းသည်အန်တီကြီး မတင်တင်အေးတို့ နှစ်ဦးကို အရပ်ဝတ်တွေနဲ့ အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

Ref: Regional News Agency