ဗဟုသုတ

ရှေးခေတ်က မြန်မာဘုရင်များကိုင်စွဲခဲ့သော သန်လျက်အကြောင်း သိမှတ်စရာ

သန်လျက်သန်လျက်ဆိုသည်မှာရှေးအခါကမြန်မာဘုရင်များကိုင်စွဲရသောလက်နက်၊မင်းဆောင်မင်းယောင်မင်းခမ်းမင်းနားများတွင်အသုံးပြုရသောလက်နက်ဖြစ်သည်။

မင်းမြှောက်တန်ဆာငါးပါးတွင်သန်လျက်သည်တစ်ပါးအပါအဝင်ဖြစ်သည်။မင်းခမ်းတော်များတွင်လည်းသန်လျက်ကိုလင်္ကျာမင်းခမ်းတော်အဖြစ်တွေ့ရသည်။

ထို့ကြောင့်`လင်္ကျာတော်က၊ရွှေလှော်သိင်္ဂါ၊မျက်စိမြွှာသား၊ ရတနာသန်လျက်၊လျှံလက်လျှပ်လျှပ်၊သားမြီးယပ်နှင့်.စသည်ဖြင့်စပ်ဆိုခဲ့ကြသည်။ သို့သော်လည်းဘုရင်၏ခွင့်ပြုချက်ဖြင့်သူရဲကောင်းတို့ကိုင်စွဲရပုံကိုရာဇဝင်သမိုင်းတွင်တွေ့ရှိရပြန်လေသည်။

နားတောင်းများမင်း၏ ယောက်ဖတော်မင်းအနန္တသူရိယသည်ဒုတိယနရပတိစည်သူလက်ထက်တော်တွင်သူရဲကောင်းရန်မန်ငထွေးအဖြစ်နှင့် ရေဝယ်ဆင်း၍ငုပ်ပြီးသော် မင်းကြီး၏ ဖောင်တော်ကိုကျောကုန်းထက်ရွက်၍ချုပ်ကိုင်သောမိချောင်းအားသန်လျက်ဖြင့်ထိုးသတ်ခဲ့ဘူးပေသည်။

နရသူမင်းလက်ထက်တွင်လည်းမိမိ၏သန့်သက်ရေမဆောင်သောကြောင့်ရွှံရှာသဖြင့်မချဉ်းမကပ်နေသောခမည်းတော်လက်ထက်ကဆက်လာသည့်ကုလားမင်းသမီးကိုအမျက်တော်ရှိကာသန်လျက်ဖြင့်ခုတ်သတ်ခဲ့၏။

ထိုအကြောင်းကိုမင်းသမီး၏ခမည်းတော်ဝေသာလီပြည်မှကုလားမင်းကြီးကြားသိသော်ကုလားသူရဲကောင်းရှစ်ယောက်တို့ကိုရွေး၍ပုဏ္ဏားယောင်ဆောင်စေကာပုဂံသို့စေလွှတ်သည်။

နန်းတော်သို့ရောက်လျှင်နရသူမင်းကြီးကိုမြေဇာမြက်နှင့်ခရုသင်းကမ်းဟန်ပြု၍ပတ်ပတ်လည်ဝိုင်းရံကာသန်လျက်(ဓားမြှောင်)ကိုယ်စီနှင့်ထိုးခုတ်ကြပြီးမိမိတို့ကိုယ်ကိုလည်းအဆုံးစီရင်ခဲ့ကြပေသည်။သန်လျက်ကိုထိုးရာ၌၎င်း၊ခုတ်ရာ၌၎င်းအသုံးပြုသည်။

သန်လျက်လုပ်သောသံသည်အလွန်ကောင်းမွန်ရ၏။ရှေးကသံကောင်းကိုတစ်ဖန်ကြိုးကြာဝမ်းတွင်အကြိမ်ကြိမ်စိမ်ပြီးမှသန်လျက်ကောင်း၊ဓားကောင်းလုပ်ရသည်ဟုအဆိုရှိသည်။ထို့ကြောင့်သန်လျက်သည်ထက်မြက်လွန်း၍ဆင်ပေါက်လည်တိုင်ကိုပင်ဖြတ်နိုင်လောက်သည်ဟုအမှတ်သညာပြုခဲ့ကြပေသည်။

သန်လျက်သည်အသွားနှစ်ဖက်ရှိသောဓားဟုဆိုခဲ့သောကြောင့်သန်လျက်နှင့်ဓားကိုပေါင်းစပ်ကာသန်လျက်ဓားဟုလည်းသုံးခဲ့ကြသည်။အသွားနှစ်ဖက်ရှိသောသန်လျက်အစစ်ကိုသာသန်လျက်ဓားဟုခေါ်ရုံမျှမကနောင်အခါတွင်အသွားထက်မြက်သည့်ဓားကိုပင်သန်လျက်ဓားဟုတင်စားခေါ်ဝေါ်ခဲ့ကြသည်။

စာလုံးပေါင်းသတ်ပုံသန်လျက်ကို`သံလျှက်၊သန်လျက်၊သန်လျှက်ဟူ၍အမျိုးမျိုးစာလုံးပေါင်းတတ်ကြသည်။သံလျှက်ဟုအသုံးပြုကြခြင်းမှာ`သံဖြင့်ပြုလုပ်ထားသောအပြားတစ်မျိုးဟုကောက်ယူလိုသည့်သဘောဖြင့်သုံးဟန်တူသည်။စင်စစ်သံမဟုတ်မူဘဲသန်သာအမှန်ဖြစ်သည်။

ကဝိလက္ခဏာသတ်ပုံ၌ရှင်ဥပနန်၊ပဋိဘာန်၊ထားသန်လျက်ပမာဟုပြဆိုခဲ့သည်။တွင်းသင်းတိုက်ဝန်မဟာစည်သူ၏ဝေဿန္တရာပျို့တွင်ကိုင်ငင်စွဲလျက်၊ရွှေသန်လျှက်တည့်၊ မန်လည်ဆရာတော်၏မဟာသုတကာရီ-မာဃဒေဝလင်္ကာသစ်၌ဤဓားသန်လျှက်၊ငါ့ကိုဆက်ဟု၊တုပ်လျက်နားတော်စသည်ဖြင့်လျက်နှင့်လျှက်ကိုခွဲထားစပ်ခဲ့သည်လည်းရှိ၏။

သို့သော်လည်းလျက်မှဟထိုးတိုးကာလျှက်ဖြစ်လာပုံရ၍သန်လျက်သာအမှန်ဟုယူသင့်ပေသည်။သန်လျက်၏ရင်းမြစ်ကိုရှာလျှင်သက္ကတဘာသာစကားၐလျကကိုတွေ့နိုင်သည်။ၐလျကသည်ပါဠိသလ္လနှင့်အနက်သဘောခြင်းတူသည်။ဖြူကောင်-ဆူး၊မြားဦးစသောအသွားထက်သည့်အရာကိုခေါ်ပေသည်။

ၐလျကမှသလျက်၊သန်လျက်ဟုဟုကြားဆက်(န်)တိုးကာပျက်ယွင်းလာသည်ဟုယူဆရသည်။ဟယ်လီဒေး၏မွန်-အင်္ဂလိပ်အဘိဓာန်တွင်atwoedgedswordordagger(အသွားနှစ်ဖက်ရှိသောဓား)ဟုအနက်ဖွင့်ဆိုထားသည်။

မြန်မာတွင်လည်းရ-ကောက်နှင့်လတို့ပြောင်းလဲနိုင်သည့်အလျောက်သန်လျက်ဟုအသုံးပြုခဲ့ကြခြင်းဖြစ်ပေသည်။သန်လျက်သည်အသွားနှစ်ဖက်ရှိသည့်အလျောက်၊ သန်လျက်ဦး၊သန်လျက်စွန်းသည်နှစ်ဖက်ညီစွာချွန်၍သွားသည်။

သို့ဖြစ်၍နှစ်ဖက်ညီစွာချွန်ထွက်နေသည့်ရတနာပူရအင်းဝမြေအခုံကိုသန်လျက်ခုံ၊သန်လျက်စွန်းဟုတင်စားသုံးနှုန်းခဲ့ကြပေသည်။ ရန်ကုန်မြို့ဗိုလ်တထောင်တွင်လည်းရန်ကုန်မြစ်နှင့်ပုဇွန်တောင်ချောင်းဆုံရာအစွန်းကိုသန်လျက်စွန်းဟုအမည်တွင်လေသည်။သန်လျက်ဟူသည်ကားလက်နက်အထူးတည်း။

သန်လျက်၂မျိုးရှိသည်။တစ်ဖက်သာအသွားရှိသောဧကတောဓာရသန်လျက်နှင့်နှစ်ဖက်သွားရှိသောဥဘတောဓာရသန်လျက်ဟူ၍လည်းကောင်း၊ဦးဖျားစဉ်းငယ်ညွတ်သောဤသာဂ္ဂသန်လျက်နှင့်ဦးဖျားမညွတ်ဘဲအစဉ်အတိုင်းဦးဖျားသေးသောဥဇုဂ္ဂသန်လျက်ဟူ၍လည်းကောင်းနှစ်မျိုးခွဲကြသည်။

သန်လျက်၏အသွားအလျားပမာဏသည်သုံးဆယ့်သုံးသစ်၊အချိန်ပမာဏသည်သုံးဆယ့်သုံးပိုလ်ဟူ၍သေနကဇာတ်၊ပဉ္စာဝုဓဇာတ်တို့၌လာသည်။

Zawgyi

သန္လ်က္သန္လ်က္ဆိုသည္မွာေရွးအခါကျမန္မာဘုရင္မ်ားကိုင္စြဲရေသာလက္နက္၊မင္းေဆာင္မင္းေယာင္မင္းခမ္းမင္းနားမ်ားတြင္အသုံးျပဳရေသာလက္နက္ျဖစ္သည္။

မင္းျမႇောက္တန္ဆာငါးပါးတြင္သန္လ်က္သည္တစ္ပါးအပါအဝင္ျဖစ္သည္။မင္းခမ္းေတာ္မ်ားတြင္လည္းသန္လ်က္ကိုလကၤ်ာမင္းခမ္းေတာ္အျဖစ္ေတြ႕ရသည္။

ထို႔ေၾကာင့္`လကၤ်ာေတာ္က၊ေ႐ႊေလွာ္သိဂၤါ၊မ်က္စိႁမႊာသား၊ရတနာသန္လ်က္၊လွ်ံလက္လွ်ပ္လွ်ပ္၊သားၿမီးယပ္ႏွင့္.စသည္ျဖင့္စပ္ဆိုခဲ့ၾကသည္။သို႔ေသာ္လည္းဘုရင္၏ခြင့္ျပဳခ်က္ျဖင့္သူရဲေကာင္းတို႔ကိုင္စြဲရပုံကိုရာဇဝင္သမိုင္းတြင္ေတြ႕ရွိရျပန္ေလသည္။

နားေတာင္းမ်ားမင္း၏ေယာက္ဖေတာ္မင္းအနႏၱသူရိယသည္ဒုတိယနရပတိစည္သူလက္ထက္ေတာ္တြင္သူရဲေကာင္းရန္မန္ငေထြးအျဖစ္ႏွင့္ေရဝယ္ဆင္း၍ငုပ္ၿပီးေသာ္မင္းႀကီး၏ေဖာင္ေတာ္ကိုေက်ာကုန္းထက္႐ြက္၍ခ်ဳပ္ကိုင္ေသာမိေခ်ာင္းအားသန္လ်က္ျဖင့္ထိုးသတ္ခဲ့ဘူးေပသည္။

နရသူမင္းလက္ထက္တြင္လည္းမိမိ၏သန႔္သက္ေရမေဆာင္ေသာေၾကာင့္႐ႊံရွာသျဖင့္မခ်ဥ္းမကပ္ေနေသာခမည္းေတာ္လက္ထက္ကဆက္လာသည့္ကုလားမင္းသမီးကိုအမ်က္ေတာ္ရွိကာသန္လ်က္ျဖင့္ခုတ္သတ္ခဲ့၏။

ထိုအေၾကာင္းကိုမင္းသမီး၏ခမည္းေတာ္ေဝသာလီျပည္မွကုလားမင္းႀကီးၾကားသိေသာ္ကုလားသူရဲေကာင္းရွစ္ေယာက္တို႔ကိုေ႐ြး၍ပုဏၰားေယာင္ေဆာင္ေစကာပုဂံသို႔ေစလႊတ္သည္။

နန္းေတာ္သို႔ေရာက္လွ်င္နရသူမင္းႀကီးကိုေျမဇာျမက္ႏွင့္ခ႐ုသင္းကမ္းဟန္ျပဳ၍ပတ္ပတ္လည္ဝိုင္းရံကာသန္လ်က္ (ဓားျမႇောင္)ကိုယ္စီႏွင့္ထိုးခုတ္ၾကၿပီးမိမိတို႔ကိုယ္ကိုလည္းအဆုံးစီရင္ခဲ့ၾကေပသည္။သန္လ်က္ကိုထိုးရာ၌၎၊ခုတ္ရာ၌၎အသုံးျပဳသည္။

သန္လ်က္လုပ္ေသာသံသည္အလြန္ေကာင္းမြန္ရ၏။ေရွးကသံေကာင္းကိုတစ္ဖန္ႀကိဳးၾကာဝမ္းတြင္အႀကိမ္ႀကိမ္စိမ္ၿပီးမွသန္လ်က္ေကာင္း၊ဓားေကာင္းလုပ္ရသည္ဟုအဆိုရွိသည္။ထို႔ေၾကာင့္သန္လ်က္သည္ထက္ျမက္လြန္း၍ဆင္ေပါက္လည္တိုင္ကိုပင္ျဖတ္နိုင္ေလာက္သည္ဟုအမွတ္သညာျပဳခဲ့ၾကေပသည္။

သန္လ်က္သည္အသြားႏွစ္ဖက္ရွိေသာဓားဟုဆိုခဲ့ေသာေၾကာင့္သန္လ်က္ႏွင့္ဓားကိုေပါင္းစပ္ကာသန္လ်က္ဓားဟုလည္းသုံးခဲ့ၾကသည္။အသြားႏွစ္ဖက္ရွိေသာသန္လ်က္အစစ္ကိုသာသန္လ်က္ဓားဟုေခၚ႐ုံမွ်မကေနာင္အခါတြင္အသြားထက္ျမက္သည့္ဓားကိုပင္သန္လ်က္ဓားဟုတင္စားေခၚေဝၚခဲ့ၾကသည္။

စာလုံးေပါင္းသတ္ပုံသန္လ်က္ကို`သံလွ်က္၊သန္လ်က္၊သန္လွ်က္ဟူ၍အမ်ိဳးမ်ိဳးစာလုံးေပါင္းတတ္ၾကသည္။သံလွ်က္ဟုအသုံးျပဳၾကျခင္းမွာ`သံျဖင့္ျပဳလုပ္ထားေသာအျပားတစ္မ်ိဳးဟုေကာက္ယူလိုသည့္သေဘာျဖင့္သုံးဟန္တူသည္။စင္စစ္သံမဟုတ္မူဘဲသန္သာအမွန္ျဖစ္သည္။

ကဝိလကၡဏာသတ္ပုံ၌ရွင္ဥပနန္၊ပဋိဘာန္၊ထားသန္လ်က္ပမာဟုျပဆိုခဲ့သည္။တြင္းသင္းတိုက္ဝန္မဟာစည္သူ၏ေဝႆႏၱရာပ်ိဳ႕တြင္ကိုင္ငင္စြဲလ်က္၊ေ႐ႊသန္လွ်က္တည့္၊မန္လည္ဆရာေတာ္ ၏မဟာသုတကာရီ-မာဃေဒဝလကၤာသစ္၌ဤဓားသန္လွ်က္၊ငါ့ကိုဆက္ဟု၊တုပ္လ်က္နားေတာ္စသည္ျဖင့္လ်က္ႏွင့္လွ်က္ကိုခြဲထားစပ္ခဲ့သည္လည္းရွိ၏။

သို႔ေသာ္လည္းလ်က္မွဟထိုးတိုးကာလွ်က္ျဖစ္လာပုံရ၍သန္လ်က္သာအမွန္ဟုယူသင့္ေပသည္။သန္လ်က္၏ရင္းျမစ္ကိုရွာလွ်င္သကၠတဘာသာစကားၐလ်ကကိုေတြ႕နိုင္သည္။ၐလ်ကသည္ပါဠိသလႅႏွင့္အနက္သေဘာျခင္းတူသည္။ျဖဴေကာင္-ဆူး၊ျမားဦးစေသာအသြားထက္သည့္အရာကိုေခၚေပသည္။

ၐလ်ကမွသလ်က္၊သန္လ်က္ဟုဟုၾကားဆက္(န္)တိုးကာပ်က္ယြင္းလာသည္ဟုယူဆရသည္။ဟယ္လီေဒး၏မြန္-အဂၤလိပ္အဘိဓာန္တြင္atwoedgedswordordagger(အသြားႏွစ္ဖက္ရွိေသာဓား)ဟုအနက္ဖြင့္ဆိုထားသည္။

ျမန္မာတြင္လည္းရ-ေကာက္ႏွင့္လတို႔ေျပာင္းလဲနိုင္သည့္အေလ်ာက္သန္လ်က္ဟုအသုံးျပဳခဲ့ၾကျခင္းျဖစ္ေပသည္။သန္လ်က္သည္အသြားႏွစ္ဖက္ရွိသည့္အေလ်ာက္၊သန္လ်က္ဦး၊သန္လ်က္စြန္းသည္ႏွစ္ဖက္ညီစြာခြၽန္၍သြားသည္။

သို႔ျဖစ္၍ႏွစ္ဖက္ညီစြာခြၽန္ထြက္ေနသည့္ရတနာပူရအင္းဝေျမအခုံကိုသန္လ်က္ခုံ၊သန္လ်က္စြန္းဟုတင္စားသုံးႏႈန္းခဲ့ၾကေပသည္။ရန္ကုန္ၿမိဳ႕ဗိုလ္တေထာင္တြင္လည္းရန္ကုန္ျမစ္ႏွင့္ပုဇြန္ေတာင္ေခ်ာင္းဆုံရာအစြန္းကိုသန္လ်က္စြန္းဟုအမည္တြင္ေလသည္။သန္လ်က္ဟူသည္ကားလက္နက္အထူးတည္း။

သန္လ်က္၂မ်ိဳးရွိသည္။တစ္ဖက္သာအသြားရွိေသာဧကေတာဓာရသန္လ်က္ႏွင့္ႏွစ္ဖက္သြားရွိေသာဥဘေတာဓာရသန္လ်က္ဟူ၍လည္းေကာင္း၊ဦးဖ်ားစဥ္းငယ္ၫြတ္ေသာဤသာဂၢသန္လ်က္ႏွင့္ဦးဖ်ားမၫြတ္ဘဲအစဥ္အတိုင္းဦးဖ်ားေသးေသာဥဇုဂၢသန္လ်က္ဟူ၍လည္းေကာင္းႏွစ္မ်ိဳးခြဲၾကသည္။

သန္လ်က္၏အသြားအလ်ားပမာဏသည္သုံးဆယ့္သုံးသစ္၊အခ်ိန္ပမာဏသည္သုံးဆယ့္သုံးပိုလ္ဟူ၍ေသနကဇာတ္၊ပၪၥာဝုဓဇာတ္တို႔၌လာသည္။