စီးပွားရေးကြပ်တည်းနေတဲ့လတ်တလောကာလတွေမှာ ပြည်သူတွေဟာ ဆင်းရဲဒုက္ခပေါင်းစုံကို ခါးစည်းရင်ဆိုင်နေကြရတာဖြစ်ပြီး ဆင်းရဲနွမ်းပါးပြည်သူတွေမှာတော့ထမင်းနပ်မှန်ဖို့တောင် အနိုင် နိုင်ကြိုးစားနေကြရတာပါ။
အခက်အခဲတွေများစွာနဲ့ စားဝတ်နေရေး မပြေလည်မှုတွေအပြင်နေထိုင်ရေးတွေအတွက်ပါ ပူပင်နေကြရသူတွေလည်း ရှိနေကြတာ တွေ့ရပါတယ်။
မပြေလည်မှုတွေ အမြောက်အများကြား ခိုနားဖို့အရိပ်လေးအတွက်တောင် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေကြရသူတွေထဲမှာ မန္တလေးမြို့ အမရပူရမှ မြေးအဖိုးနှစ်ယောက်ရဲ့အဖြစ်လေးကလည်း တကယ်ကို စိတ်မကောင်းစရာပါပဲ။
ပြိုကျလုဆဲဆဲဖြစ်နေပြီး ရေဝင်နေတဲ့အိမ်လေးထဲမှာ အခက်အခဲများစွာနဲ့ နေထိုင်နေကြရရှာတာကြောင့် ပြည်သူတွေက အသစ်ပြန်လည်တည်ဆောက်ပေးသွားမယ်လို့လည်း သိရပါတယ်။
အလင်းစေတမန် အွန်လိုင်း ပရဟိတမှ အသင်းဝင်တဦးမှ မြေးအဖိုးနှစ်ယောက်ရဲ့နေအိမ်လေးကိုသွားရောက်ကြည့်ရှုပြီးအိမ်ထဲဝင်နေတဲ့ရေတွေကိုထုတ်ကာမြေဖို့ပြီးနေအိမ်အသစ်လေးပြန်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။
ယိုင်နဲ့နဲ့အိမ်လေးမှာ ဖြစ်သလိုနေထိုင်နေကြတဲ့ မြေးအဖိုးနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်ကြရသလို အိမ်အသစ်လေးအတွက်လည်း အားလုံးက ဝမ်းသာနေကြတာ ဖြစ်ပါတယ်။
September 18, 2021
စီးပွားရေးကြပ်တည်းနေတဲ့လတ်တလောကာလတွေမှာပြည်သူတွေဟာဆင်းရဲဒုက္ခပေါင်းစုံကိုခါးစည်းရင်ဆိုင်နေကြရတာဖြစ်ပြီးဆင်းရဲနွမ်းပါးပြည်သူတွေမှာတော့ ထမင်းနပ်မှန်ဖို့တောင် အနိုင်နိုင်ကြိုးစားနေကြရတာပါ။
အခက်အခဲတွေများစွာနဲ့ စားဝတ်နေရေး မပြေလည်မှုတွေအပြင်နေထိုင်ရေးတွေအတွက်ပါ ပူပင်နေကြရသူတွေလည်း ရှိနေကြတာ တွေ့ရပါတယ်။
မပြေလည်မှုတွေအမြောက်အများကြား ခိုနားဖို့အရိပ်လေးအတွက်တောင် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေကြရသူတွေထဲမှာမန္တလေးမြို့ အမရပူရမှ မြေးအဖိုးနှစ်ယောက်ရဲ့ အဖြစ်လေးကလည်း တကယ်ကို စိတ်မကောင်းစရာပါပဲ။
ပြိုကျလုဆဲဆဲဖြစ်နေပြီး ရေဝင်နေတဲ့အိမ်လေးထဲမှာ အခက်အခဲများစွာနဲ့ နေထိုင်နေကြရရှာတာကြောင့် ပြည်သူတွေက အသစ်ပြန်လည်တည်ဆောက်ပေးသွားမယ်လို့လည်း သိရပါတယ်။
အလင်းစေတမန် အွန်လိုင်း ပရဟိတမှ အသင်းဝင်တဦးမှ မြေးအဖိုးနှစ်ယောက်ရဲ့နေအိမ်လေးကို သွားရောက်ကြည့်ရှုပြီး အိမ်ထဲဝင်နေတဲ့ရေတွေကိုထုတ်ကာ မြေဖို့ပြီး နေအိမ်အသစ်လေးပြန်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။
ယိုင်နဲ့နဲ့အိမ်လေးမှာ ဖြစ်သလိုနေထိုင်နေကြတဲ့ မြေးအဖိုးနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်ကြရသလို အိမ်အသစ်လေးအတွက်လည်း အားလုံးက ဝမ်းသာနေကြတာ ဖြစ်ပါတယ်။