ဗဟုသုတ

တိုင်းပြည်နဲ့လူမျိုးကို သွားကာကွယ်ဦးမယ်ဆိုပြီး တိုက်ပွဲမှာကျဆုံးသွားတဲ့ ဖခင်အတွက် ဖြေမဆည်နိုင်အောင် ယူကြုံးမရဖြစ်နေရှာတဲ့ သမီးဖြစ်သူ..!

September 18, 2021

စက်တင်ဘာ(၁၆)ရက်နေ့ညက ကရင်နီပြည်နယ်(ကယား) လွိုင်ကော်မြို့နယ်အတွင်းမှာ စကစတပ်နဲ့ကရင်နီတပ်မတော် KA KNDFပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KA မှ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးသွားခဲ့ပါတယ်။

ည (၇) နာရီနဲ့ (၈)နာရီကြားမှာ လွိုင်ကော်မြို့နယ် ဒေါ်ပိုစီရွာနဲ့ (၆)မိုင်ကျေးရွာနယ်မြေအတွင်းရှိစစ်ရှောင်စခန်းဆီကို ဦးတည်နေတဲ့ စကစတပ်အင်အား (၁၀၀)ခန့်နဲ့ (၄၅)မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စကစတပ်ဘက်မှ (၄)ဦးခန့်ဒဏ်ရာရကျဆုံးခဲ့သလို KA မှ တပ်ကြပ်ကြီး နားရယ်(အယ်ဒီ)ဟာတိုက်ပွဲမှာလက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရပြီး တောတွင်းဆေးခန်းတစ်နေရာမှာ ကျဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေနဲ့ ယုံကြည်တဲ့အနာဂတ်တွေအတွက် အသက်ပေးစွန့်သွားတဲ့ တပ်ကြပ်ကြီး နားရယ်(အယ်ဒီ) ရဲ့ကျန်ရစ်သူ မိသားစုဝင်တွေမှာလည်း ဖြေမဆည်နိုင်တဲ့ ယူကြုံးမရဝမ်းနည်းမှုတွေနဲ့ ကျန်ရစ်ခံစားနေကြရတာ ဖြစ်ပါတယ်။

တိုင်းပြည်နဲ့လူမျိုးကို သွားကာကွယ်ဦးမယ်ဆိုပြီး တိုက်ပွဲမှာကျဆုံးသွားတဲ့ဖခင်နဲ့ ပတ်သက်ပြီးတော့လည်း ရင်နင့်အောင် ဝမ်းနည်းနေရပြီး ရှေ့ဆက်ရမယ့်အခက်အခဲတွေကို ပြောပြလာပါတယ်။

(၁၈)နှစ်အရွယ်သူမအပြင်အသက်(၅)နှစ်အရွယ် သမီးတွေကိုခဏထားခဲ့ကာတိုင်းပြည်နဲ့လူမျိုးကိုသွားကာကွယ်ဦးမယ်ဆိုပြီးတစ်သက်လုံးထားခဲ့လိုက်ရတဲ့ဖခင်သူရဲကောင်းကြီးအတွက်ဂုဏ်ယူနေတဲ့အကြောင်းတွေလည်း စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်။

Credit -မူရင်း

September 18, 2021

စက်တင်ဘာ(၁၆)ရက်နေ့ညက ကရင်နီပြည်နယ်(ကယား) လွိုင်ကော်မြို့နယ်အတွင်းမှာ စကစတပ်နဲ့ကရင်နီတပ်မတော် KA KNDFပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KA မှ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးသွားခဲ့ပါတယ်။

ည (၇) နာရီနဲ့ (၈)နာရီကြားမှာ လွိုင်ကော်မြို့နယ် ဒေါ်ပိုစီရွာနဲ့ (၆)မိုင်ကျေးရွာနယ်မြေအတွင်းရှိစစ်ရှောင်စခန်းဆီကို ဦးတည်နေတဲ့ စကစတပ်အင်အား (၁၀၀)ခန့်နဲ့ (၄၅)မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

စကစတပ်ဘက်မှ (၄)ဦးခန့် ဒဏ်ရာရကျဆုံးခဲ့သလို KA မှ တပ်ကြပ်ကြီး နားရယ် (အယ်ဒီ)ဟာတိုက်ပွဲမှာလက်နက်ကြီး ကျည်ထိမှန်ဒဏ်ရာရပြီး တောတွင်းဆေးခန်းတစ်နေရာမှာ ကျဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေနဲ့ ယုံကြည်တဲ့အနာဂတ်တွေအတွက် အသက်ပေးစွန့်သွားတဲ့ တပ်ကြပ်ကြီး နားရယ်(အယ်ဒီ) ရဲ့ကျန်ရစ်သူ မိသားစုဝင်တွေမှာလည်း ဖြေမဆည်နိုင်တဲ့ ယူကြုံးမရဝမ်းနည်းမှုတွေနဲ့ ကျန်ရစ်ခံစားနေကြရတာ ဖြစ်ပါတယ်။

တိုင်းပြည်နဲ့လူမျိုးကို သွားကာကွယ်ဦးမယ်ဆိုပြီး တိုက်ပွဲမှာကျဆုံးသွားတဲ့ဖခင်နဲ့ ပတ်သက်ပြီးတော့လည်းရင်နင့်အောင် ဝမ်းနည်းနေရပြီး ရှေ့ဆက်ရမယ့် အခက်အခဲတွေကို ပြောပြလာပါတယ်။

(၁၈)နှစ်အရွယ်သူမအပြင် အသက်(၅)နှစ်အရွယ်သမီးတွေကိုခဏထားခဲ့ကာတိုင်းပြည်နဲ့လူမျိုးကိုသွားကာကွယ်ဦးမယ်ဆိုပြီး တစ်သက်လုံးထားခဲ့လိုက်ရတဲ့ ဖခင်သူရဲကောင်းကြီးအတွက်ဂုဏ်ယူနေတဲ့အကြောင်းတွေလည်း စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်။

Credit -မူရင်း