ရုပ်သံဖိုင်ကြည့်ရန်အောက်ဆုံးတွင်ပါဝင်သည်။
မိဘရဲ့တန်ဖိုးကို နားလည်နိုင်ကြစချေင်ပါသည်။ လူတိုင်လူတိုင်းမှာ အကြီးမားဆုံး ကျေးဇူးရှင်ဆိုတာ မိဘဆိုတာကလွဲပြီး အခြားမရှိပါဘူး..။အခုကြားသိရတဲ့ ဖြစ်ရပ်လေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။
နေစရာ စားစရာမရှိလို့ အားကိုးတကြီးနဲ့ သားဆီသွားတဲ့ ဒေါ်အေးကျင် ဆိုသူ အဘွားအိုတစ်ယောက် သားကလက်မခံလို့ ပြန်လာပြီး ဘယ်သွားလို့ဘယ်လာရမှန်မသိပဲ ကားဝင်းမှာ ဒုက္ခရောက်နေလို့ မန္တလေးနန်းရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့တွေ့ပြီး ဘိုးဘွားရိပ်သာနေမလားလို့ မေးပြီး နေမယ်ဆိုလို့ ရတံခွန်တောင်ပေါ်က YGW ဘိုးဘွားရိပ်သာကို ပို့ဆောင် ကူညီပေးခဲ့ရကြောင်း သိရပါတယ်။
ဒေါ်အေးကျင်ဟာ အရင်က ဘုန်းကြီးကျောင်းတစ်ကြောင်းမှာ ကပ်နေခဲ့ရတယ်လို့ သိရပါတယ်။ နောက်ပိုင်မှာ ဒေါ်အေးကျင်နေတဲ့ ဘုန်းကြီးကျောင်းက နေခွင့်မရတော့လို့ သားရှိရာကို နေမယ်ဆိုပြီး သွားရောက်ခဲ့ရာမှာ သားဖြစ်သူမှာ သူတောင် ယောက္ခမအိမ်မှာ ကပ်နေရကြောင်း အမေ့ကို လက်ခံထားလို့မရကြောင်း ပြောပြီး မိခင်အိုကြီးကို ပြန်သွားခိုင်းခဲ့တယ်လို့ သိရပါတယ်။
အခုချိန်မှာ တော့ဒေါ်အေးကျင်ဆိုတဲ့ အဘွားအိုတစ်ယောက် မန္တလေး လူမှုကူညီရေး အသင်းတစ်ခုရဲ့ ေကျးဇူး၊ YGW ဘိုးဘွားရိပ်သာက ဘုန်းဘုန်းရဲ့ ကျေးဇူးတွေကြောင့် အေးချမ်းတဲ့ နေရာကိုရောက်ရှိသွားပါပြီ..။
ဒေါ်အေးကျင် နှင့်အတူ YGW ဘိုးဘွားရိပ်သာမှ အဖိုးအဘွား အားလုံး နေကောင်းကျန်းမာစွာနဲ့ ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေ..။
မန္တလေး လူမှုကူညီရေး အသင်း၊ ONE TO ONE ကလေးလူနာကူညီရေး တို့လည်း ဒီထက်ဒီထက်ပို၍ ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီ းကုသိုလ်သဒ္ဒါများ ပွားများနိုင်ကြပါစေ..။
ONE TO ONE ကလေးလူနာကူညီရေး ၊ ကိုဝမ်း ဖုန်း – ၀၉၇၆၅၇၆၅၁၇၉ ၊ မန္တလေးမြို့ ။
Unicode
ရုပ်သံဖိုင်ကြည့်ရန်အောက်ဆုံးတွင်ပါဝင်သည်။
မိဘရဲ့တန်ဖိုးကို နားလည်နိုင်ကြစချေင်ပါသည်။ လူတိုင်လူတိုင်းမှာ အကြီးမားဆုံး ကျေးဇူးရှင်ဆိုတာမိဘဆိုတာကလွဲပြီး အခြားမရှိပါဘူး..။အခုကြားသိရတဲ့ ဖြစ်ရပ်လေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။
နေစရာစားစရာမရှိလို့ အားကိုးတကြီးနဲ့ သားဆီသွားတဲ့ ဒေါ်အေးကျင်ဆိုသူ အဘွားအိုတစ်ယောက် သားက လက်မခံလို့ ပြန်လာပြီး ဘယ်သွားလို့ ဘယ်လာရမှန်မသိပဲ ကားဝင်းမှာ ဒုက္ခရောက်နေလို့ မန္တလေး နန်းရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့တွေ့ပြီး ဘိုးဘွားရိပ်သာနေမလားလို့ မေးပြီး နေမယ်ဆိုလို့ရတံခွန်တောင်ပေါ်က YGW ဘိုးဘွားရိပ်သာကို ပို့ဆောင် ကူညီပေးခဲ့ရကြောင်း သိရပါတယ်။
ဒေါ်အေးကျင်ဟာ အရင်က ဘုန်းကြီးကျောင်းတစ်ကြောင်းမှာ ကပ်နေခဲ့ရတယ်လို့ သိရပါတယ်။နောက်ပိုင်းမှာ ဒေါ်အေးကျင်နေတဲ့ ဘုန်းကြီးကျောင်းက နေခွင့်မရတော့လို့ သားရှိရာကို နေမယ်ဆိုပြီးသွားရောက်ခဲ့ရာမှာ သားဖြစ်သူမှာ သူတောင် ယောက္ခမအိမ်မှာ ကပ်နေရကြောင်း အမေ့ကို လက်ခံထားလို့မရကြောင်း ပြောပြီး မိခင်အိုကြီးကို ပြန်သွားခိုင်းခဲ့တယ်လို့ သိရပါတယ်။
အခုချိန်မှာတော့ ဒေါ်အေးကျင်ဆိုတဲ့ အဘွားအိုတစ်ယောက် မန္တလေး လူမှုကူညီရေးအသင်းတစ်ခုရဲ့ ကျေးဇူး၊ YGW ဘိုးဘွားရိပ်သာက ဘုန်းဘုန်းရဲ့ ကျေးဇူးတွေကြောင့် အေးချမ်းတဲ့နေရာကို ရောက်ရှိသွားပါပြီ..။
ဒေါ်အေးကျင် နှင့်အတူ YGW ဘိုးဘွားရိပ်သာမှ အဖိုးအဘွား အားလုံး နေကောင်း ကျန်းမာစွာနဲ့ကိုယ်စိတ်နှလုံး အေးချမ်းကြပါစေ..။
မန္တလေး လူမှုကူညီရေး အသင်း၊ ONE TO ONEကလေးလူနာကူညီရေး တို့လည်း ဒီထက်ဒီထက်ပို၍ ပရဟိတ လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး ကုသိုသဒ္ဒါများ ပွားများနိုင်ကြပါစေ..။
ONE TO ONE ကလေးလူနာကူညီရေး ၊ ကိုဝမ်း ဖုန်း – ၀၉၇၆၅၇၆၅၁၇၉ ၊ မန္တလေးမြို့ ။