ဗဟုသုတ

ကိုယ်ဝန်ဆောင်ကြောင်မကြီးကို သူ့လှောင်အိမ်ထဲ ဖိတ်ခေါ်ပြီး နေခိုင်းခဲ့တဲ့ Pit Bull ခွေးလေး

ကိုယ်ဝန်ဆောင်ကြောင်မကြီးကို သူ့လှောင်အိမ်ထဲဖိတ်ခေါ်ပြီး နေခိုင်းခဲ့တဲ့ Pit Bull ခွေးလေး

Juan José P. Flores အမည်ရှိတဲ့အမျိုးသားတစ်ဦးဟာ Hades လို့ခေါ်တဲ့ သူ့ Pit Bull ခွေးနှင့်အတူ မက္ကဆီကိုနိုင်ငံမှာ နေထိုင်ကြပါတယ်။Flores ဟာ သူမှတ်မိခဲ့တဲ့ကာလပတ်လုံး ရပ်ကွက်ထဲ အမြဲလေလွင့်နေတဲ့ကြောင်မကြီးတစ်ကောင်က သူ့အိမ်ကိုလာရောက်လည်ပတ်လေ့ရှိပြီး သူနဲ့ဘယ်တော့မှရင်းနှီးခြင်းမရှိပေမဲ့လည်း သူမဆာလောင်မွတ်သိပ်ခြင်းမရှိစေရန် Flores က အစားအသောက်တွေကို အမြဲတမ်းစွန့်ကျဲပေးခဲ့ပါတယ်။

သို့ပေမဲ့ Flores က ခွေးလှောင်အိမ်ထဲမှာ ကိုယ်ဝန်ဆောင်ကြောင်မကြီးတစ်ကောင်ရှိနေတာကို တွေ့လိုက်ရတာက သူ့အတွက် ပိုပြီး အံ့ဩသွားစေခဲ့ပါတယ်။အချို့လူတွေက ဒီ Hades လို့ခေါ်တဲ့ချိုမြိန်တဲ့ခွေးတစ်ကောင်ကို အကြောင်းမသိဘဲ ရုပ်ကြည့်ပြီး အဆိုးရွားဆုံးလို့ယူဆနေခဲ့ကြတာပါ။သို့ပေမဲ့ Hades လေးက လူသားတွေလိုဘဲ နွေးထွေးတဲ့နှလုံးသားကို ပိုင်ဆိုင်ထားတာပါ။

Flores က ကြောင်ပေါက်လေးတွေကိုသယ်တဲ့အခါ Hades က သူ့ကလေးငယ်တွေကို ဂရုမစိုက်ဘဲ စွန့်ပစ်မယ်လို့ထင်နေခဲ့ပြီး သူ့ကိုယ်သူ ချစ်စရာကောင်းတဲ့ ကြောင်ပေါက်လေးတို့ရဲ့ဖခင် လို့ ထင်နေခဲ့ပါသေးတယ်။Flores က ကြောင်လေးနှစ်ကောင်အတွက် အစဉ်အမြဲနေထိုင်နိုင်တဲ့နေအိမ်ရှာပေးဖို့စီစဉ်ထားခဲ့ပေမယ့်

Hades နှင့် Nicol တို့ဟာ ဘယ်သူခွဲခွဲ သူတို့မကွဲဆိုတဲ့အတိုင်း စိတ်တူကိုယ်တူ soulmate လေးတွေဖြစ်လာခဲ့ကြပါတယ်။ သူတို့ရဲ့ ဇာတ်လမ်းလေးက အရမ်းကိုချစ်ဖို့ကောင်းလို့ social media မှာ လူပြောများနေလျက်ရှိနေပါတယ်။