Unicode
ကားအရောင်းပြခန်းတွင် ကားမော်ဒယ်အနေဖြင့် အလုပ်လုပ်ကိုင်ခဲ့ပြီး သခင်ဖြစ်သူကို ဝင်ငွေသန်း၅၀အထိရှာဖွေပေးနိုင်ခဲ့သည့် ကြောင်ကလေး
တိရိစ္ဆာန်တစ်ကောင်ဟာသာမာန်လူသားများအတွက်ပင်ရှာဖွေရန်ခက်ခဲလွန်းလှသောငွေကြေးမြောက်များစွာကို ရှာဖွေနိုင်သည်ဆိုလျှင်ယုံကြည်နိုင်ကြမည်မဟုတ်ပေ။တရုတ်နိုင်ငံ Chongqing မြို့မှ Mao maoလို့အမည်ပေးထားတဲ့ကြောင်ကလေးဟာ အမှန်တကယ်ပင် သူ၏သခင်ဖြစ်သူအတွက် ယွမ်သန်း၅၀အထိကို ရှာဖွေပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။
ကြောင်ကလေးဟာ နိုင်ငံတကာကားအရောင်းပြခန်းတွင် မော်ဒယ်အနေဖြင့်ထားရှိပြီး ကြော်ငြာခဲ့ရာမှ လူအများက သဘောကျပြီးနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် ကြောင်ကလေးနှင့်ကြော်ငြာနိုင်ရန် စာချုပ်စာတမ်းများဖြင့် ကမ်းလှမ်းရတာမျိုးဖြစ်လာခဲ့ပြီး မော်ဒယ်အခကြေးငွေဟာလည်း မြင့်မားလာခဲ့တာဖြစ်ပါတယ်။
နာမည်ကျော်လာခဲ့သည်နှင့် ကြောင်ကလေးဟာ တစ်လလျှင် ၄ကြိမ်မှ၅ကြိမ်အထိသာ ကြော်ငြာပေးခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးတော့တယ်ဟု သိရပါတယ်။