ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွက် လိုအပ်နေတဲ့ အောက်ဆီဂျင်စက်များကို လှူဒါန်းပေးခဲ့တဲ့ ဝေဠုကျော်
September 17, 2021
ကိုဗစ်ရောဂါကူးစက်မှုတွေက ဒီကာလမှာ အတော်လေးများခဲ့တာကြောင့် လိုအပ်တဲ့ ကိစ္စအဝဝကို ပရဟိတ အသင်းတွေ ၊ နီးစပ်ရာ ပြည်သူတွေကပဲ ကူညီဆောင်ရွက်ပေးနေကြတာပါ ။ အခုချိန်အထိလည်း ရောဂါဖြစ်ပွားနေသူတွေ ကျန်ရှိနေသေးသလို အောက်ဆီဂျင် လိုအပ်နေကြတဲ့ လူနာတွေလည်း ရှိနေဆဲပါ ။
ဒါ့ကြောင့်လည်း စေတနာ အလှူရှင်တွေ နဲ့ ပရဟိတ အသင်းတွေက အောက်ဆီဂျင်တွေ အဆက်မပြတ် လှူဒါန်းပေးလျက်ရှိရာ အရင်ထက်တော့ အတော်လေးအဆင်ပြေလာတာတွေ့ရပါတယ် ။ ခုလို တတ်နိုင်သလောက် ကူညီပေးနေကြသူတွေ အထဲမှာ ပရဟိတ အလုပ်တွေကို လုပ်ဆောင်နေတဲ့ ဝေဠုကျော်လည်း အပါအဝင်ပါပဲ ။
အခုလည်း ကချင်ပြည်နယ်၊ ပူတာအိုဒေသအတွက် လိုအပ်နေတဲ့ Concentrator အောက်ဆီဂျင်စက် 10 L နှစ်လုံးအား ပူတာအိုခရိုင်ပြည်သူ့ဆေးရုံကြီးအတွက် လှူဒါန်းပေးခဲ့ပါတယ်။ ခုလို လိုအပ်နေချိန်မှာ လှူဒါန်းပေးတာကလည်း မွန်မြတ်လွန်းလှပါတယ် ။ ဝေဠုကျော်လည်း ဒီထက်မက ပရဟိတ အလုပ်တွေ လုပ်ကိုင်နိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Photo – Wai Lu Kyaw
-Zawgyi Font ဖြင့်ဖတ်ရန် –
ဒီထက်မက လှူနိုင်ပါစေ🙏