ပိုင်တံခွန်ကတော့ ဒီအရေးတော်ပုံကြီးစတင်ထဲက အားကြိုးမာန်တတ်နဲ့ လမ်းပေါ်ထွက်ကာ ရဲရဲရင့်ရင့်ဆန္ဒထုတ်ဖော်ခဲ့သူတစ်ယောက်ဖြစ်သလို ပြည်သူတွေကိုလည်း ရှေ့ကနေကာကွယ်စောင့် ရှောက်ပေးမှုတွေလည်းပြုလုပ်ခဲ့ပါသေးတယ်။
ဒါ့အပြင်သူရဲ့ များပြားလှတဲ့ Follower တွေကိုအသုံးချကာမြန်မာနိုင်ငံမှာနေ့စဉ်ဖြစ်ပျက်သမျှတွေကိုလည်း ကမ္ဘာသိအောင် အချိန်နဲ့တစ်ပြေးညီဖော်ပြပေးခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်း (၅၀၅ -က ) တရားစွဲဆို ခံရပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတာပါ ။ယနေ့စက်တင်ဘာ (၁၇)ရက်နေ့ကတော့ တံခွန်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ရာ ချစ်ရတဲ့အနုပညာ ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေက မွေးနေ့ ဆုတောင်းပေးခဲ့ကြပါတယ် ။
အခုလည်း ကျော်ကျော်နန္ဒက တံခွန်ရဲ့ မွေးနေ့အတွက် ဘုန်းကြီးကျောင်းမှာ ဆရာတော်ဘုရားအား လိုအပ်တာတွေ ကပ်လှူပေးခဲ့ပါတယ် ။ ဒါ့အပြင် တံခွန် အမြန်ဆုံး လွတ်မြောက်ပါစေဆိုတဲ့ တစ်ခုတည်းသော ဆုကို တောင်းခဲ့တယ်လို့လည်း ဆိုပါတယ် ။
အလှူလေးကို သာဓုခေါ်ရင်း စိတ်သဘောထားကောင်းလွန်းတဲ့ တံခွန်တစ်ယောက် အမြန်လွတ်မြောက်ပါစေ ဆုတောင်းပေးလိုက်ပါတယ် ။
Photo – Kyaw Kyaw Nanda
-Zawgyi Font ဖြင့်ဖတ်ရန်-
ပိုင်တံခွန်ရဲ့ မွေးနေ့မှာ တန်ဖိုးဖြတ်မရတဲ့ အမွန်မြတ်ဆုံးသော အရာလေးတစ်ခုကို ပြုလုပ်ပေးရင်း ဆုလေးတစ်ခုတောင်းပေးခဲ့တဲ့ ကျော်ကျော်နန္ဒ
Happy Bitthday တံခွန် အမြန်လွတ်မြောက်ပါစေ🙏