မိဘတွေက ကမ္ဘာကြီးဟာ တခါတလေအေးစက်ပြီး ရက်စက်နိုင်တယ်ဆိုတာ သိနေကြပါတယ် ။ စိတ်သဘောထားပြင်းထန်တဲ့ ကလေးများနဲ့ အသက်မပြည့်သေးတဲ့ ကလေးများက လူကြီးတွေကို ခိုလှုံရန်မှာ လွယ်ကူပြီး သဘာဝကျပါတယ် ။
ကံမကောင်းစွာနဲ့ပဲ အမှန်တရားက မိဘတို့ဟာ ကလေးတွေကို ကာကွယ်ဖို့ တစ်ရက် ၂၄ နာရီ၊ တစ်ပတ်မှာ ခုနစ်ရက် မရှိနိုင်ပါဘူး ။ Ruth Gaon လို့ခေါ်တဲ့ မိခင်တစ်ဦးက သူမရဲ့ အသက်ရှစ်နှစ်အရွယ်သား Erez Gaon က မွေးရာပါ melanocytic nevus (မွေးရာပါ melanocytic nevus) နဲ့ မွေးရာပါအမှတ်အသားများက ခန္ဓာကိုယ်အတွင်းမှတဆင့် ပေါ်လာခဲ့ပါတယ် ။
မွေးရာပါ melanocytic nevus က ကမ္ဘာတစ်ဝန်းမှ မွေးဖွားတဲ့ကလေးများရဲ့ ၁ရာခိုင်နှုန်းမှာသာတွေ့ရတာပါ ။ ၎င်းကများသောအားဖြင့်ကိုယ်ဝန် ပထမ၁၂ပတ်မှာအများအားဖြင့် ခန္ဓာကိုယ် ဆဲလ်များပြောင်းလဲခြင်းကြောင့် ဖြစ်ပွားခဲ့တာပါ ။
Ruthi က သူမရဲ့မွေးကင်းစက သူ့ကျောပေါ်မှာ မှဲ့အကြီးကြီးရှိတယ်ဆိုတာသတိပြုမိခဲ့ပြီး မှဲ့များက သူ့ရဲ့ကျောရိုးနဲ့ ဦးနှောက်အတွင်းမှာရှိနေသောကြောင့် ဆရာဝန်များက Erezရဲ့ အခြေအနေကိုစိုးရိမ်ခဲ့ပါတယ် ။
၎င်းဟာ ဝက်ရူးပြန်ခြင်းကို ဖြစ်စေသောကြောင့် စိုးရိမ်စရာဖြစ်ခဲ့တာပါ ။ ကလေးငယ်ဟာ ခွဲစိတ်မှုပေါင်းများစွာကို ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ် ။ Erez က အထူးလိုအပ်တဲ့ ကျောင်းတစ်ကျောင်းသို့ တက်ရောက်ပြီး ၃တန်းရှိနေပါပြီ ။
ဒါပေမယ့်လည်း Erez က သူ့ကိုစူးစိုက်ကြည့်နေတဲ့ သူစိမ်းတွေလည်းရှိပါတယ် ။ ဒီလိုနဲ့ သူမိခင် Ruthi တို့ဟာ သားဖြစ်သူအားမငယ်အောင် သူတို့ရဲ့မျက်နှာများကို အစက်လေးတွေ ခြယ်သခဲ့ပါတယ် ။
Ruthi က သူမရဲ့မက်ဆေ့ကို facebook ပေါ်မှာ သူတို့ သားအမိ ရဲ့မျက်နှာပေါ် အမဲစက်တွေ ဖုံးလွှမ်းနေတဲ့ ဓာတ်ပုံတွေနဲ့အတူ တင်ခဲ့ပါတယ် ။ သူမရဲ့ ပို့စ်ဟာ တစ်ရက်အတွင်း ကမ္ဘာတစ်ဝှမ်းလုံး ပြန့်နှံ့သွားခဲ့ပါတယ် ။

ארז גאון ילד בן 8 סובל מ תסמונת של ריבוי נקודות חן על גופו
Ruthi က Erez ရဲ့အခြေအနေဟာ ကူးစက်တတ်တဲ့ ရောဂါမဟုတ်ဘူးဆိုတာ ထောက်ပြခဲ့ပါတယ်။ သူတို့ရဲ့ဆိုရှယ်မီဒီယာ သူငယ်ချင်းအသစ်တွေက Erezကို အားပေးစကားပြောဆိုပြီး ချစ်တယ်၊ ထောက်ခံတယ်ဆိုတဲ့ စကားတွေနဲ့ မှတ်ချက်ပေးခဲ့ပါတယ် ။