အအေးဒဏ်ကိုအံတုနေတဲ့လမ်းဘေးခွေးလေးအား အင်္ကျီချွတ်ပြီး ဝတ်ပေးခဲ့တဲ့ အမျိုးသား(ရုပ်သံ)
ကြင်နာမှု အနည်းငယ်က ရှည်လျားတဲ့ လမ်းခရီးကို သွားနိုင်ပါတယ်။တစ်ခါတစ်ရံ ၎င်းက အကြီးမားဆုံးသော ပြောင်းလဲမှုကို ဖြစ်ပေါ်စေတဲ့ သေးငယ်တဲ့အရာလေးတွေပါ။
Felipe Gabriel အမည်ရှိတဲ့အမျိုးသားဟာ ဘရားဇီးနိုင်ငံ São Paulo မြေအောက်ရထားဘူတာရုံရှိ အေးချမ်းနေလို့ ကွေးနေအောင် အိပ်နေတဲ့ခွေးလေးအား သူ့ရဲ့ကြင်နာမှုအနည်းငယ်ပေးခဲ့လို့ ကမ္ဘာတစ်ဝှမ်းလုံးက သူ့ရဲ့ရက်ရောတတ်တဲ့စိတ်ထားကို ချီးကျူးကြလိမ့်မယ်လို့ မထင်ခဲ့ပါဘူး။
အဲ့ဒီကိုရောက်တော့ Felipe ဟာ သေးငယ်ပြီး အေးလွန်းတဲ့ရာသီဥတုကို အံတုနေတဲ့ လမ်းဘေးခွေးလေးတစ်ကောင်ကို တွေ့သွားခဲ့ပြီး ချက်ချင်းဘဲ သူ့အပြင်အင်္ကျီကို ချွတ်ပြီး အထဲတစ်ထပ်က အသစ်မဟုတ်ပေမဲ့ သူ့အကြိုက်ဆုံး T shirt အင်္ကျီကိုလည်း ချွတ်ကာ ခွေးလေးအား နွေးထွေးသွားအောင် ဝတ်ပေးခဲ့ပါတယ်။
ထို့နောက် သူတို့ညီအစ်ကိုက ခရီးကအပြန် ခွေးလေးကို အိမ်ခေါ်ပြန်ဖို့ လိုက်ရှာခဲ့ပေမဲ့ ခွေးလေးကို ရှာမတွေ့ခဲ့ကြပါဘူး။ Felipe က ခွေးလေးကို အိမ်ခေါ်မပြန်နိုင်ခဲ့လို့ နောင်တရကြောင်း ဝန်ခံခဲ့ပါသေးတယ်။သို့ပေမဲ့ သူလုပ်ပေးလိုက်တဲ့အရာက ခွေးလေး ဘယ်ကိုဘဲ သွားသွား ဘယ်မှာဘဲအိပ်အိပ် ချမ်းအေးလွန်းတဲ့ဆောင်းကိုတော့ အနည်းငယ်လောက် အံ့တုနိုင်နေမှာပါ။