စားဝတ်နေရေးအဆင်မပြေတဲ့ မိသားစုတွေကို အသားဟင်းလေးစားစေချင်လို့ ကြက်တစ်ကောင်လုံးကို ကိုယ်တိုင်ဝေပေးနေတဲ့ ဝေဠုကျော်
ပရဟိတမင်းသားကြီးလို့ ပရိသတ်တွေကခေါ်ဝေါ်ကြတဲ့ ဝေဠုကျော်ကတော့ အများအကျိုးအတွက်ဆို ကိုယ်ကျိုးစွန့်ပြီး ကူညီပေးတတ်တဲ့သူဖြစ်ပါတယ်။ဒါ့ကြောင့်လည်း သူ့ရဲ့ “ဝေဠုကျော်ဖောင်ဒေးရှင်း” ဆီအကူအညီတောင်းခံတဲ့ ဘယ်သူ့ကိုမဆို တတ်နိုင်သလောက် ပြန်လည်ထောက်ပံ့ပေးတာဖြစ်ပါတယ်။
ဝေဠုကျော်ဖောင်ဒေးရှင်းမှအဖွဲ့သားတွေကလည်း စိတ်စေတနာကောင်းကြလို့သာ လူတိုင်းနီးပါးရဲ့အခက်အခဲကိုမျှဝေခံစားပေးနေတာဖြစ်ပါတယ်။
လတ်တလောမှာတော့ ဝေဠုကျော်တို့ဖောင်ဒေးရှင်းမှ အလှူရှင်တွေရဲ့စေတနာနဲ့ စားသောက်ကုန်ပစ္စည်းတွေ ကိုလှူဒါန်းပေးနေတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်ကဆိုရင်လည်း စားဝတ်နေရေးကြပ်တည်းလို့ အကူအညီတောင်းခံလာတဲ့ ဒဂုံအရှေ့ပိုင်းမြို့န ယ်၊၁၂၃ရပ်ကွက် ၊ကျူးကျော် အိမ် ထောင်စု (၇၀)စာအတွက် တတပ်တအားကူညီပေးလိုက်တာဖြစ်ပါတယ်။
တစ်အိမ်ထောင်စုလျှင် ကြက်တစ်ကောင်၊ဆန်နှစ်ပြည်၊ကြက်သွန်နီတစ်ပိဿာ၊အချိုမှုန့်နဲ့ ဂျင်း တို့ကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။
ဝေဠုကျော်တို့အဖွဲ့က ချို့တဲ့မိသားစုတွေ အသားဟင်းလေးစားလို့ရအောင် ကြက်သားပေးဖို့အတွက် ကြက်သတ်ရင်လည် း ငရဲမကြီး ချင်တာကြောင့် ကြက်ဘဲဈေးမှာ ပံ့သကူကြက်သားတွေသွားရောက်ဝယ်ယူခဲ့တာဖြစ်ပါတယ်။
စားစေချင်လို့ ဈေးမှာသေချာသွားဝယ်ကာ ဟင်းချက်အမှီ ဒဂုံအရှေ့ပိုင်းထိလာပြီး ဝေပေးခဲ့တာဖြစ်ပါတယ်။ ဝေဠုကျော်ကလည်း အဖွဲ့သားတွေနဲ့အတူ ကိုယ်တိုင်ပါဝင်ပြီး ကုသိုလ်ယူနေတာဖြစ်လို့ သူတို့ရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပ ါတယ်။