ဗဟုသုတ

နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့် အချုပ်အနှောင်ခံထားရတဲ့ ပိုင်တံခွန်လေးရဲ့ (၂၅) နှစ်ပြည့်မွေးနေ့

ဒီနေ့မှာ အသက် (၂၅)နှစ်ပြည့်မွေးနေ့ကျရောက်တဲ့ ပိုင်တံခွန်

ပရိသတ်ကြီးရေ ဒီနေ့ စက်တင်ဘာလ (၁၇)ရက်နေ့လေးကတော့ ပရိသတ်တွေရဲ့အချစ်တော် သရုပ်ဆောင်အဆိုတော်မော်ဒယ်လ်မင်းသားချော ပိုင်တံခွန်ရဲ့ မွေးနေ့ကျရောက်တဲ့ နေ့ရက်လေးပဲဖြစ်ပါတယ်။ဒီနေ့မွေးနေ့ရက်လေးမှာတော့ ပိုင်တံခွန်က အသက် (၂၅)နှစ်ပြည့်မြောက်တဲ့မွေးနေ့ရက်လေးပဲဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံတွေတော်တော်များများမှာလည်း အားပေးတဲ့ ပရိသတ် အခိုင်အမာရရှိထားပြီး အောင်မြင်မှုတွေရရှိနေတဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး ပရိသတ်တွေကတော့ အမြန်ဆုံးပြန်လည်လွတ်မြောက်လာစေဖို့လည်း အချိန်တိုင်းဆုမွန်ကောင်းတောင်းပေးနေကြပါသေးတယ်။

အချုပ်အနှောင်တွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ပိုမိုလုပ်ဆောင်နိုင်ပြီး နိုင်ငံတကကာအထိ ထိုးဖောက်အောင်မြင်တဲ့ ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ မွေးနေ့ဆုမွန်ကောင်းအနေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးတွေလည်း ပိုင်တံခွန်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့ကြပါဦးနော်။

Photo Credit From Paing Takhon

-Zawgyi Font ဖြင့် ဖတ်ရန်-




အချုပ်အနှောင်တွေကနေ အမြန်ဆုံးလွတ်မြောက်ပြီး ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို ပိုမိုလုပ်ဆောင်နိုင်ပြီး နိုင်ငံတကကာအထိထိုးဖောက်အောင်မြင်တဲ့ ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်ပါစေလို့ မွးနေ့ဆုမွန်ကောင်းအနေနဲ့ ဆုတောင်းပေးလိုက်ပါတယ်။
