လူရွှင်တော်မိုးစက်ကတော့ ခုလို ကာလတွေမှာ အကြောင်းအမျိုးမျိုးကြောင့် စားဝတ်နေရေးအတွက် အခက်အခဲဖြစ်နေတဲ့ အနုပညာသမားတွေကို တစ်ဖက်တစ်လမ်းကနေ ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာကြောင့် ပရိသတ်အားပေးချစ်ခင်နေကြတဲ့ အနုပညာရှင်လေးဖြစ်ပါတယ်။
မိုးစက်က ကိုယ်တိုင်လည်း ရရှိတဲ့ အနုပညာကြေးလေးတွေစုပေါင်းပြီး လှူဒါန်းသလို (၇) ရက်သားသမီး အလှူရှင်များနဲ့ အတူ စုပေါင်းအလှူတွေမှာလည်း လုပ်အားဒါနတွေကူညီလေ့ရှိသူပါ ။ အခုလည်း လိုင်းခန်း ဌားနေနေရတဲ့ အသက် (၈၆) နှစ်အရွယ် ဘဘ ဦးဇော်မှိုင်းအတွက် လိုအပ်တာများ ကူညီသွားရောက် လှူဒါန်းခဲ့ပါတယ် ။
ဘဘဦးဇော်မှိုင်း အတွက် ဆန်တစ်အိတ်နှင့် ငွေတစ်သိန်းကျပ် ကူညီထောက်ပံ့ပေးခဲ့တဲ့ အကြောင်းကိုလည်း “ အသက်(၈၆)နှစ်အရွယ်ဘဘဦးဇော်မှိုင်းကို ဆန်တစ်အိတ်နှင့် ငွေတစ်သိန်းကျပ် ကူညီထောက်ပံ့ပေးခဲ့ပါတယ်ခင်ဗျာ…။
တုန်ရီနေတဲ့လက်လေးတွေနဲ့ ရေနွေးလေးကိုယ်တိုင်ငှဲ့ပြီး ဧည့်ခံပေးတဲ့ ဘဘကို ကျေးဇူးပါဗျာ…။ သားရယ်…ဒီလိုအချိန်မှာ ဆန်တစ်အိတ်နဲ့ ငွေတစ်သိန်းဟာ..ဘာနဲ့မှတန်ဖိုးဖြတ်မရပါဘူးကွာ…။ ” တဲ့ လိုင်ခန်းလေးငှားနေရပြီး အသက်အရွယ်ကြီးရင့်လာပြီမို့ လူသားချင်းစာနာထောက်ထားသောအားဖြင့်ကူညီထောက်ပံ့ပေးခဲ့တာပါ။
ကျွန်တော့်ဆီမှာ လိုအပ်သူများရကူညီထောက်ပံ့နိုင်ရန် ငွေပေးထားသော မိတ်ဆွေများလဲ ကျေးဇူးပါ ” ဆိုပြီးရေးသားဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။
Photo – Moe Sat
-Zawgyi Font ဖြင့်ဖတ်ရန် –
လိုင္ခန္းငွားကာ ေနေနရတဲ့ အသက္ (၈၆) ႏွစ္အ႐ြယ္ ဘဘ ဦးေဇာ္မႈိင္းအတြက္ လူသားခ်င္းစာနာစြာ လိုအပ္တာမ်ား ေထာက္ပံ့လႉဒါန္းေပးခဲ့တဲ့ မိုးစက္
သာဓု သာဓု သာဓုပါ🙏
လူ႐ႊင္ေတာ္မိုးစက္ကေတာ့ ခုလို ကာလေတြမွာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ စားဝတ္ေနေရးအတြက္ အခက္အခဲျဖစ္ေနတဲ့ အႏုပညာသမားေတြကို တစ္ဖက္တစ္လမ္းကေန ကူညီလႉဒါန္းမႈေတြ ျပဳလုပ္ေပးေနတာေၾကာင့္ ပရိသတ္အားေပးခ်စ္ခင္ေနၾကတဲ့ အႏုပညာရွင္ေလးျဖစ္ပါတယ္။
မိုးစက္က ကိုယ္တိုင္လည္း ရရွိတဲ့ အႏုပညာေၾကးေလးေတြစုေပါင္းၿပီး လႉဒါန္းသလို (၇) ရက္သားသမီး အလႉရွင္မ်ားနဲ႔ အတူ စုေပါင္းအလႉေတြမွာလည္း လုပ္အားဒါနေတြကူညီေလ့ရွိသူပါ ။ အခုလည္း လိုင္းခန္း ဌားေနေနရတဲ့ အသက္ (၈၆) ႏွစ္အ႐ြယ္ ဘဘ ဦးေဇာ္မႈိင္းအတြက္ လိုအပ္တာမ်ား ကူညီသြားေရာက္ လႉဒါန္းခဲ့ပါတယ္ ။
ဘဘဦးေဇာ္မႈိင္း အတြက္ ဆန္တစ္အိတ္ႏွင့္ ေငြတစ္သိန္းက်ပ္ ကူညီေထာက္ပံ့ေပးခဲ့တဲ့ အေၾကာင္းကိုလည္း “ အသက္(၈၆) ႏွစ္အ႐ြယ္ ဘဘဦးေဇာ္မႈိင္းကို ဆန္တစ္အိတ္ႏွင့္ ေငြတစ္သိန္းက်ပ္ ကူညီေထာက္ပံ့ေပးခဲ့ပါတယ္ခင္ဗ်ာ…။
တုန္ရီေနတဲ့လက္ေလးေတြနဲ႔ ေရေႏြးေလးကိုယ္တိုင္ငွဲ႔ၿပီး ဧည့္ခံေပးတဲ့ ဘဘကို ေက်းဇူးပါဗ်ာ…။ သားရယ္…ဒီလိုအခ်ိန္မွာ ဆန္တစ္အိတ္နဲ႔ ေငြတစ္သိန္းဟာ..ဘာနဲ႔မွတန္ဖိုးျဖတ္မရပါဘူးကြာ…။ ” တဲ့ လိုင္ခန္းေလးငွားေနရၿပီး အသက္အ႐ြယ္ႀကီးရင့္လာၿပီမို႔ လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ကူညီေထာက္ပံ့ေပးခဲ့တာပါ။
ကြၽန္ေတာ့္ဆီမွာ လိုအပ္သူမ်ားရကူညီေထာက္ပံ့ႏိုင္ရန္ ေငြေပးထားေသာ မိတ္ေဆြမ်ားလဲ ေက်းဇူးပါ ” ဆိုၿပီးေရးသားေဖာ္ျပထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္ ။