ဗဟုသုတ

ကိုဗစ်ကူးစက်ခံခဲ့ရတဲ့အကြောင်းပြောပြလာတဲ့ ဒေါက်တာဆာဆာ

ကိုဗစ်-၁၉ ရောဂါ ဆိုးဆိုးဝါးဝါး ကူးစက်ခံခဲ့ရတဲ့ NUG အပြည်ပြည်ဆိုင်ရာဝန်ကြီဒေါက်တာဆာဆာဟာ။

ကာကွယ်ဆေးထိုးခဲ့တဲ့ အတွက် ရောဂါကို ပြန်ပြီး ခုခံနိုင်ခဲ့တယ်လို့ ဗွီအိုအေကို ပြောပြပါတ ယ်။

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရလ က်ထက် ကိုဗစ်လှိုင်း ပထမအကြိမ်ရိုက်ခတ်ခဲ့တုန်းက သူ့ကိုယ်တိုင် ချင်းပြည်နယ်မှာ ကိုဗစ်ကာကွယ် တို က်ဖျက်ရေး စွမ်းစွမ်းတမံလုပ်ခဲ့ပေမယ့် ။

အခု တတိယလှိုင်း အလူးအလဲခံရချိန်မှာ ပြည်ပ တနေရာကို ရောက်နေတဲ့ ဒေါက်တာဆာဆာ ကို ယ်တိုင် ကိုဗစ်ကို ရင်ဆိုင်ချိန် ဘယ်လိုဖြတ်သန်းခဲ့သလို။

ကာကွယ်ဆေး ဘယ်လောက်အရေးကြီးသလဲ စတာတွေကို မအင်ကြင်းနိုင်က ဗွီဒီယိုကွန်ဖရင့်နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုယ်တိုင်ဆရာဝန်တယောက်ဖြစ်ပေမဲ့ လက်ရှိထမ်းဆောင်နေတဲ့ တာဝန်ဝတ္တရားဖိစီးမှုဒဏ်နဲ့ ဗီဇပြောင်း Delta မျိုးကွဲကြောင့် ။

ကူးစက်မှုပြင်းထန်နေချိန် ကိုဗစ်-၁၉ ရောဂါကို သီတင်းငါးပတ်ကြာ အလူးအလဲခံစားခဲ့ရတဲ့ အ တွေ့အကြုံကို ဒေါက်တာဆာဆာက အခုလိုပြောပြပါတယ်။

ကျနော်မှာ ဒီတော်လှန်ရေးကာလမှာ ပါဝင်ခြင်းအားဖြင့် ကျနော့်မှာ ဖိအားတွေ အများကြီးရှိတ ယ်။

အလုပ်က တဖက်၊ ရောဂါက တဖက်ဆိုတော့ အဲ ဒီနှစ်ခုကို ကျနော် တခါတည်းနဲ့ ရင်ဆိုင်တဲ့အချိ န်မှာ တော်တော်လေးခံလိုက်ရတယ်။

ဒါပေမဲ့ ကောင်းတာတခုကတော့ ကျနော်တို့ ဆ ရာဝန်တော်တော်များများ ဟာလည်း အ နည်းဆုံး ဆရာဝန်လေးယောက်က ဒါကို အမြဲတန်းစောင့်ကြည့်ပြီးတော့။

အကြံဉာဏ်တွေပေးတယ်။ ကုသဖို့အတွက်လ ည်း လမ်းညွှန်ပေးတယ်။ သူတို့က ကိုဗစ်-၁၉ ရောဂါကို ကြည့်ရှုကုသပေးခဲ့တဲ့ ဆရာဝန်ကြီးတွေဆိုတော့ ။

အပြည်ပြည်ဆိုင်ရာက နာမည်ကြီး ဆရာဝန်တွေလည်းဖြစ်တယ်ဆိုတော့ သူတို့ရဲ့ ကူညီမှုကြောင့်လည်း ကျနော်အကြီးအကျယ် ဝေဒနာခံရမယ့်အထိကိုတော့ မခံစားလိုက်ရဘူး။

ဒါပေမဲ့ ဆိုးဆိုးဝါးဝါး တော့ ဖြစ်ခဲ့တယ်။”ကိုဗစ်မဖြစ်ခင် ကာကွယ်ဆေး ပထမအကြိမ်ထိုးခဲ့တဲ့အတွက် ဝေဒနာကို ခုခံရာမှာ အထောက်အကူဖြစ်ခဲတဲ့အတွေ့အကြုံကိုလည်း သူကပြောပြပါတယ်။

အပြည့်အ၀ ပြန်ပြီးကောင်းမွန်လာတာမျိုး မဖြစ်သေးပေမဲ့ အဆိုးဆုံးကို ကျနော် ကျော်လွှားလာခဲ့ပြီဆိုတော့ မြန်မာပြည်မှာ ပြည်သူလူထုတွေထဲ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ မိသားစုဝင်တွေ နဲ့။

ထပ်တူထပ်မျှ ဝမ်းနည်းကြောင်းနဲ့ တဖက်က ပြောမယ်ဆိုရင် ကျနော်ကိုယ်တိုင် ဒါကို ခံစားခဲ့ရတော့ နောက်ပြီး ကျနော် ကိုဗစ်ကာကွယ်ဆေး ထိုးခဲ့တဲ့အတွက်ကြောင့် ။

အဆိုးဆုံးထိ မရောက်ခဲ့ဘူးလို့ ကျနော်ပြောလို့ရတယ်။ ဒါကြောင့်မို့လို့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေကိုလည်း မြန်မာပြည်သူလလက်ထဲ အတတ်နိုင်ဆုံးကြိုးစားပြီးတော့ ။

ရောက်လာတဲ့တနေ့ကျရင် မြန်မာပြည်သူလူထုတွေထဲ ထိုးသင့်ထိုးထိုက်သူအားလုံးအနေနဲ့ ကာ ကွယ်ဆေးရောက်တဲ့အချိန်မှာ အားလုံး ကိုယ့်ကိုကိုယ် ကာကွယ်တဲ့အနေနဲ့ ထိုးကြပါလို့ မေ တ္တာရပ်ခံချင်တယ်။

စစ်အာဏာသိမ်းမှုအပြင် ကိုဗစ်တတိယလှိုင်းကိုပါ အလူးအလဲခံနေရတဲ့ မြန်မာပြည်သူတွေရင် ဆိုင်နေရတဲ့ အခြေအနေကို သူကတဆက်တည်း အခုလိုပြောသွားပါတယ်။

ဒီလိုအခက်အခဲတွေ ရင်ဆိုင်နေရချိန်မှာ ကိုဗစ်- ၁၉ အကြပ်အတည်း၊ လူသားချင်းစာနာမှုအ ကျ ပ်အတည်း၊ စစ်ကောင်စီဖက်က ရက်စက်ကြ မ်းကြုတ်မှုစတာတွေကို ။ ရင်ဆိုင်နေရချိန်မှာ ကျနော်တို့အားလုံး အား တ င်းထားဖို့လိုတယ်။ အမှောင်ဆိုးကာလဟာ ကျ နော်တို့အတွက် ရာသက်ပန်မဟုတ်ပါဘူး။

လောလောဆယ်ကြုံတွေ့နေရတဲ့ ပြဿနာပဲဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ အနာဂတ်လည်းမဟုတ်ပါဘူး။

ဒီအခက်အခဲကို ကျနော်တို့ အတူတကွကျော် လွှားကြမယ်။ အတူတကွ လက်တွဲပြီး ချီတက်ရင်တော့ အားလုံးကို မကျော်ဖြတ်နိုင်စရာ။

အကြောင်းလည်း မရှိသလို ဒီအခက်အခဲတွေအားလုံးကို ကျော်လွှားနိုင်ကြပါစေလို့လည်း ဆုမွန်ကောင်းတောင်းပေးပါတယ်။

လက်ရှိ NUG အစိုးရအနေနဲ့ မြန်မာပြည်သူတွေ လိုအပ်နေတဲ့ ကိုဗစ်ကာကွယ်ဆေးအတွက် ဘ ယ်လိုလမ်းကြောင်းတွေကနေ ရရှိနိုင်သလဲဆိုတဲ့ နည်းလမ်းတွေနဲ့ ပတ်သက်လို့ ။

ကမ္ဘာတဝန်း ကိုဗစ်ရောဂါ ကာကွယ်ဆေး ရ ရှိ ရေး COVAX အစီအစဉ်နဲ့ ဆွေးနွေးဆောင်ရွက်နေတယ်လို့ ဒေါက်တာဆာဆာက ပြောသွားပါတယ်။