ပြည်သူတွေနဲ့ အတူတစ်သားတည်း ရပ်တည်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာတော့ သရုပ်ဆောင်မင်းသမီးတစ်လက်ဖြစ်တဲ့ မြနှင်းရည်လွင်ကလည်း အပါအဝင်ဖြစ်ပါတယ်။ မြနှင်းရည်လွင်က လမ်းပေါ်ထွက်ပြီး ပြည်သူတွေနဲ့အတူ ဆန္ဒပြခဲ့သလို အခုချိန်မှာလည်းကျရာနေရာကနေ တာဝန်ကျေပွန်အောင် ထမ်းဆောင်နေတာ ဖြစ်ပါတယ် ။
နွေဦးတော်လှန်ရေး စတင်တဲ့ အချိန်ကတည်းကပါဝင်ခဲ့တဲ့ မြနှင်းရည်လွင်က ယနေ့အထိ တော်လှန်ရေးမှာ တတ်အားသရွေ့ ပါဝင်လှုပ်ရှားနေတဲ့ အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။(၅၀၅) ကနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရတဲ့ မြနှင်းရည်လွင်က ဘေးကင်းလုံခြုံတဲ့နေရာကို ရောက်ရှိဖို့အတွက် ခက်ခဲကြမ်းတမ်းတဲ့လမ်းတွေကို ဖြတ်ကျော်ခဲ့ရတာဖြစ်ပါတယ် ။
လက်ရှိမှာတော့ မြနှင်းရည်လွင်က “Public Voice Television” ရဲ့အစီအစဥ်တစ်ခုမှာ တော်လှန်ရေး အသိပညာပေးပြီး ဝင်ရောက်ဆွေးနွေးခြင်းတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ် ။ မြနှင်းရည်လွင်က နူးညံ့တဲ့မိန်းမသားတစ်ယောက်ဖြစ်ပေမယ့်လည်း တော်လှန်ရေးမှာ လက်နက်ကိုင်ပြီး ပါဝင်နေတာ ဖြစ်ပါတယ်။
လတ်တလော လူမှုကွန်ယက်စာမျက်နှာထက်မှာလည်း သေနတ် ကိုင်ပြီး ရိုက်ကူးထားတဲ့ မြနှင်းရည်လွင်ရဲ့ပုံရိပ် တစ်ခုက ပျံ့နှံ့နေတာ ဖြစ်ပါတယ် ။ ပြည်သူတွေကလည်း မြနှင်းရည်လွင်ရဲ့ပြတ်သားတဲ့စိတ်ဓာတ်နဲ့ ရဲရင့်တဲ့ လုပ်ရပ်ကို လေးစားချီးကျူးနေကြတာလည်း တွေ့ရပါတယ်။
မြနှင်းရည်လွင်ကတော့ သူမကိုချီးကျူးပေးတဲ့ ပြည်သူတွေကို ပြန်ပြီးကျေးဇူးတင်စကားဆိုခဲ့သေးတာဖြစ်ပါတယ်။တော်လှန်ရေးမှာ တာဝန်ကျေပွန်နေတဲ့ မြနှင်းရည်လွင်ရဲ့ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Credit-Mya Hnin Yee Lwin
ZAWGYI
ျပည္သူေတြ နဲ႔ အတူ တစ္သားတည္း ရပ္တည္ခဲ့တဲ့ အႏုပညာရွင္ေတြထဲမွာ ေတာ့ သ႐ုပ္ေဆာင္ မင္းသမီး တစ္လက္ျဖစ္တဲ့ ျမႏွင္းရည္လြင္ ကလည္း အပါအဝင္ျဖစ္ပါတယ္။ ျမႏွင္းရည္လြင္က လမ္းေပၚ ထြက္ၿပီး ျပည္သူေတြနဲ႔အတူ ဆႏၵျပခဲ့သလို အခုခ်ိန္မွာလည္း က်ရာ ေနရာကေန တာဝန္ေက်ပြန္ ေအာင္ ထမ္းေဆာင္ေနတာ ျဖစ္ပါတယ္ ။ ေႏြဦးေတာ္လွန္ေရး စတင္တဲ့ အခ်ိန္ကတည္းကပါဝင္ခဲ့တဲ့ ျမႏွင္းရည္လြင္ က ယေန႔အထိ ေတာ္လွန္ေရးမွာ တတ္အားသေရြ႕ ပါဝင္လႈပ္ရွားေနတဲ့ အမ်ိဳးသမီး တစ္ေယာက္ ျဖစ္ပါတယ္။
(၅၀၅) က နဲ႔ တရားစြဲဆိုျခင္း ခံခဲ့ရတဲ့ ျမႏွင္းရည္လြင္ က ေဘးကင္းလုံျခဳံတဲ့ေနရာကို ေရာက္ရွိဖို႔အတြက္ ခက္ခဲၾကမ္းတမ္းတဲ့လမ္းေတြကို ျဖတ္ေက်ာ္ခဲ့ရတာ ျဖစ္ပါတယ္ ။ လက္ရွိမွာေတာ့ ျမႏွင္းရည္လြင္က “Public Voice Television” ရဲ့အစီအစဥ္တစ္ခုမွာ ေတာ္လွန္ေရး အသိပညာေပးၿပီး ဝင္ေရာက္ေဆြးေႏြးျခင္းေတြကို လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္ ။ ျမႏွင္းရည္လြင္က ႏူးညံ့တဲ့မိန္းမသားတစ္ေယာက္ျဖစ္ေပမယ့္လည္း ေတာ္လွန္ေရးမွာ လက္နက္ကိုင္ၿပီး ပါဝင္ေနတာ ျဖစ္ပါတယ္။
လတ္တေလာ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာလည္း ေသနတ္ ကိုင္ၿပီး ရိုက္ကူးထားတဲ့ ျမႏွင္းရည္လြင္ရဲ့ပုံရိပ္ တစ္ခုက ပ်ံ႕ႏွံ့ေနတာ ျဖစ္ပါတယ္ ။ ျပည္သူေတြကလည္း ျမႏွင္းရည္လြင္ရဲ့ျပတ္သားတဲ့စိတ္ဓာတ္နဲ႔ ရဲရင့္တဲ့ လုပ္ရပ္ကို ေလးစားခ်ီးက်ဴးေနၾကတာလည္း ေတြ႕ရပါတယ္။
ျမႏွင္းရည္လြင္ကေတာ့ သူမကိုခ်ီးက်ဴးေပးတဲ့ ျပည္သူေတြကို ျပန္ၿပီးေက်းဇူးတင္ စကားဆိုခဲ့ေသးတာ ျဖစ္ပါတယ္ ။ ေတာ္လွန္ေရးမွာ တာဝန္ေက်ပြန္ေနတဲ့ ျမႏွင္းရည္လြင္ရဲ့ပုံရိပ္ေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။