ဗဟုသုတ

သေမယ့်ရက်ကိုတောင် ရွှေ့ပစ်နိုင်တဲ့ ကုသိုလ်ကောင်းမှု (၆ ) မျိုး

သေမည့်နေ့ကို ရွှေ့ပစ်နိုင်သောကုသိုလ်များ…

မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က ဗေဒင်ကျွမ်းကျင်သော ပုဏ္ဏားမိသားစုရှိရာတွင် ပုဏ္ဏားကြီးသည် မိမိကိုယ်ကို ဗေဒင်တွက်ကြည့်ရာ အသက် (၆၀)ပြည့်သည့်နေ့တွင် သေရမည်ကို သိလေ၏။ထိုအခါ မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားလေ၏။

ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားက ” မှန်၏။ အသက် (၆၀) နေမွန်းတည့်ချိန်တွင် သေမည်။ သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် ” ဟု ဟောကြား လိုက်လေသည်။ ပုဏ္ဏားလည်း အိမ်ပြန်ပြီး မျောက်ဘဝ၌ စားရန် တောတန်းတွင် ၊ဥယျာဉ် စိုက်၏၊ နေရန် ဇရပ်ဆောက်၏၊ ရေတွင်း တူး၏၊ လမ်းဖောက်၏။ တံတား ဆောက်၏၊ စသည်တို့ကို လုပ်သော် ထိုအတွက်ကြောင့် လူအများ သွားလာ ရပ်နားမှု အဆင်ပြေနေတော့သည်။

အသက်(၆၀) ပြည့်၍ မသေသောအခါ ဘုရားရှင်ထံ သွားရောက် အပြစ်တင်လေ၏။ မြတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် ပြုလုပ်ပေးသော အောက်ပါကုသိုလ်များသည် ။သေနေ့ကိုပင် ရွှေ့ပစ်နိုင်သည်ဟု ဟောပြလေရာ ပုဏ္ဏားမိသားစု ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍ သောတာပန် တည်လေ၏။

အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း၊အများစားသုံးရန် အရန်စိုက်ခြင်းအများနေရန် ဇရပ်ဆောက်ပေးခြင်း၊ အများသွားလာနိုင်ရန် လမ်းဖောက်ပေးခြင်း၊ အများသွားလာနိုင်ရန် တံတားဆောက်ပေးခြင်း၊အများသောက်သုံးနိုင်ရန် ရေတွင်းရေကန် တူးပေးခြင်း《 မှတ်ချက် “အရန်” စိုက်သည် ဆိုသည်မှာ မိမိနေအိမ်၊ နေရာ၊ ပတ်ဝန်းကျင်တွင် အများအတွက် သစ်ပင် စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။》

သေနေ့ကို ရွှေ့နိုင်သော ကုသိုလ်ထူးများ ရရှိနိုင်ကြပါစေ။ သီတဂူ ဆရာတော်ဘုရား ဟောကြားတော် မူအပ်သော အာယုဒီဃ (၆)ပါးကို အကျဉ်း ဖော်ပြခြင်း ဖြစ်ပါသည်။

UNICODE

သေမည့်နေ့ကိုရွှေ့ပစ်နိုင်သောကုသိုလ်များ…

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဗေဒင်ကျွမ်းကျင်သော ပုဏ္ဏားမိသားစုရှိရာတွင် ပုဏ္ဏားကြီးသည် ။မိမိကိုယ်ကို ဗေဒင်တွက်ကြည့်ရာ အသက် (၆၀)ပြည့်သည့်နေ့တွင် သေရမည်ကို သိလေ၏။ထိုအခါ မြတ်စွာဘုရားကို မကိုးကွယ်သော်လည်း သေရမည်ကို ကြောက်လန့်၍ ဘုရားထံ သွားလေ၏။

ဘုရားရှင်ထံရောက်သော် မြတ်စွာဘုရားက ” မှန်၏။ အသက် (၆၀) နေမွန်းတည့်ချိန်တွင် သေမည်။သေလျှင် မြောက်ဘက် တောတန်းတွင် မျောက်ဖြစ်လိမ့်မည် ” ဟု ဟောကြား လိုက်လေသည်။ပုဏ္ဏားလည်း အိမ်ပြန်ပြီး မျောက်ဘဝ၌ စားရန် တောတန်းတွင်၊ဥယျာဉ် စိုက်၏၊ နေရန် ဇရပ်ဆောက်၏၊ ရေတွင်း တူး၏၊လမ်း ဖောက်၏၊ တံတား ဆောက်၏၊စသည်တို့ကို လုပ်သော် ထိုအတွက်ကြောင့် လူအများ သွားလာ ရပ်နားမှု အဆင်ပြေနေတော့သည်။

အသက်(၆၀) ပြည့်၍ မသေသောအခါ ဘုရားရှင်ထံ သွားရောက် အပြစ်တင်လေ၏။ မြတ်စွာဘုရားက ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများအတွက် ပြုလုပ်ပေးသော အောက်ပါ ကုသိုလ်များသည်။သေနေ့ကိုပင် ရွှေ့ပစ်နိုင်သည်ဟု ဟောပြလေရာ ပုဏ္ဏားမိသားစုဗုဒ္ဓဘာသာသို့ကူးပြောင်း၍ သောတာ ပန် တည်လေ၏။

အများစားသုံးရန် ဥယျာဉ်စိုက်ခြင်း၊အများစားသုံးရန် အရန်စိုက်ခြင်းအများနေရန် ဇရပ်ဆောက်ပေးခြင်း၊အများသွားလာနိုင်ရန် လမ်းဖောက်ပေးခြင်း၊အများသွားလာနိုင်ရန် တံတားဆောက်ပေးခြင်း၊အများသောက်သုံးနိုင်ရန် ရေတွင်းရေကန် တူးပေးခြင်း 《 မှတ်ချက် “အရန်” စိုက်သည် ဆိုသည်မှာ မိမိနေအိမ်၊နေရာ၊ပတ်ဝန်းကျင်တွင် အများအတွက် သစ်ပင် စိုက်ပျိုးပေးခြင်း ဖြစ်ပါသည်။》

သေနေ့ကို ရွှေ့နိုင်သော ကုသိုလ်ထူးများ ရရှိနိုင်ကြပါစေ။သီတဂူ ဆရာတော်ဘုရား ဟောကြားတော် မူအပ်သော အာယုဒီဃ (၆)ပါးကို အကျဉ်း ဖော်ပြခြင်း ဖြစ်ပါသည်။