ဗဟုသုတ

ထူးဆန်းစွာဖြင့် အိမ်ဝန်း၏အနောက်ဘက်ရှိ မြေကွက်လပ်အတွင်းမှ ကားတစ်စီးကို တူးဖော်ရရှိခဲ့သည့် အမျိုးသားတစ်ဦး




Unicode

ထူးဆန်းစွာဖြင့်အိမ်ဝန်း၏အနောက်ဘက်ရှိ မြေကွက်လပ်အတွင်းမှ ကားတစ်စီးကို တူးဖော်ရရှိခဲ့သည့် အမျိုးသားတစ်ဦး

ကံအလွန်ကောင်းကြသော လူအချို့ရွေငွေဥစ္စာရတနာများကို အမှတ်မထင်တူးဖော်ရရှိသည်ကိုသာကြားတွေ့ဖူးကြတာဖြစ်ပါတယ်။ရှေးလူကြီးများဟာလည်းရွှေငွေရတနာများကိုသာမပျောက်ပျက်စေရန်အတွက် မြေကြီးထဲတွင် မြှုပ်နှံသိမ်းဆီးထားတတ်ကြပါတယ်။

သို့သော်လည်း ယခုအမျိုးသားတစ်ဦးဟာတော့ သူ၏နေအိမ်ခြံဝန်းထဲမှပင် ကားတစ်စီးကို တူးဖော်ရရှိခဲ့သောကြောင့် လူအများက အံ့သြနေခဲ့ကြရတာလည်းဖြစ်ပါတယ်။အမျိုးသားဟာ နေအိမ်ကို ဝယ်ယူထားသည်မှာလည်း အနည်းငယ်ကြာမြင့်နေပြီဖြစ်ပြီး ကား၏ရာဇဝင်ကို စုံစမ်းကြည့်လိုက်သောအခါ အကြောင်းစုံကို သိရှိခဲ့ရတာဖြစ်ပါတယ်။

အရင်အိမ်ရှင်အဟောင်းဟာ လမ်းဖြတ်ကူးသည့်လူတစ်ဦးကို တိုက်မိခဲ့သောကြောင့် ကားကို နေအိမ်တွင် ဝှက်ထားခဲ့ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်တယ်ဟု သိခဲ့ရပါတယ်။