ဗဟုသုတ

နွေဦးတော်လှန်ရေးအတွက် အာဏာရှင်တွေကို အကြောက်အရွံ့ကင်းမဲ့စွာ တန်ပြန်တိုက်ခိုက်နေတဲ့ မြန်မာ့လက်ဝှေ့ချန်ပီယံ ကယန်းကျားသစ်မယ် ဘရော်နီကာ (Vero Nika)

စစ်ကောင်စီလက်အောက် ဒူးမထောက်ပဲ မကြောက်မရွံ့ တန်ပြန်တိုက်ခိုက်နေသော မြန်မာ့လက်ဝှေ့ချန်ပီယံ ကယန်းကျားသစ်မယ်”ဘရော်နီကာ”(Vero Nika)

ပရိသတ်ကြီးရေ… မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့လောကရဲ့ ပထမဆုံးအမျိုးသမီး ရွှေခါးပတ်ချန်ပီယံ တဦးဖြစ်သူ ၊ကယန်းလူမျိုး၊ ဖယ်ခုံ ဇာတိသူလေး အသက်၂၀ ကျော်အရွယ် “ဘရော်နီကာ” တယောက် ယခုအချိန်တွင် တောတွင်းတနေရာမှ အမှန်တရားဘက်က ရပ်တည် တိုက်ပွဲ ဝင်နေတာကို တွေ့ရှိရပါသည်။

မြန်မာ့ရိုးရာလက်ဝှေ့ကို ကမ္ဘာ့ထိပ်တန်းအဆင့်သို့ ရောက်အောင် ပြောင်းလဲလိုသူ ဘရော်နီကာ တယောက်ရဲ့ စိတ်ဓါတ်က မြန်မာနိုင်ငံကိုလည်း တိုးတက်ပြောင်းလဲစေချင်တာကို တွေ့ရှိရမှာပါ။

ဘရော်နီကာကို “ကယန်းပြည်ရဲ့ ကျားသစ်မယ်” လို့ တင်စားခေါ်ဝေါ်ကြသည်။ အောင်မြင်သော ပွဲများစွာအနက် ထိုင်းနိုင်ငံရဲ့ မွေ့ထိုင်းဖိုက်တာနှစ်ယောက်ကို အလဲထိုးသတ်ပြီး မြန်မာ့လက်ဝှေ့ချန်ပီယံခါးပတ်ကို ရရှိပိုင်ဆိုင်ထားသူတယောက်ပင်ဖြစ်သည်။

လက်ရှိအချိန်တွင် တောတွင်းတနေရာမှ အမှန်တရားအတွက် တိုက်ပွဲဝင်နေသူတယောက်ဖြစ်တဲ့ “ဘရော်နီကာ” က “ကျွန်တော်ရဲ့ ဒေသကို ကျွန်တော်သိပ်လွမ်းမိတယ် ။ အရင်လို လွတ်လပ်ပြီး ပျော်စရာကောင်းတဲ့အချိန်တွေ ပြန်လိုချင်တယ် ။ စစ်အာဏာရှင် အမြန် ကျရှုံးပါစေ။”ဟု ပြောကြားခဲ့ရင်း လက်နက်အားကိုး အကြမ်းဖက်စစ်ကောင်စီကို တန်ပြန် တိုက်ပွဲဝင်နေပြီဖြစ်ပါသည်။

ဝင်ရောက်ဖတ်ရှုခဲ့တဲ့ ပရိသတ်ကြီးနဲ့တကွ မြန်မာပြည်သူပြည်သားအားလုံး ကပ်ဘေးအပေါင်းမှ ကင်းလွှတ်ပြီး သာယာအေးချမ်းတဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေ ဗျာ

Unicode





