Unicode
ပရိတ်သတ်ကြီးရေ အခုတင်ပြ ပေးမယ့် အကြောင်းလေး ကတော့ကုန်စိမ်း ရောင်းတဲ့ ဘ၀ ကနေ သိန်းပေါင်း လေးသောင်းကျော် လှူနိုင်တဲ့ အထိကြိုးစားနိုင်ခဲ့လို့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြင့်ခံရသူ ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။
သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဆု (လူပုဂ္ဂိုလ်များ) ပထမအဆင့်ကို မိုးကောင်းမြို့မှ အမျိုးသမီးတစ်ဦး ချီးမြှင့် ခံရကြောင်း ယမန် နေ့(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့က နိုင်ငံပိုင်သတင်းစာနှင့်ရုပ် မြင်သံကြားတို့မှ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော်ရပ်ကွက်နေ မနောဧကရီနှင့် မြို့ပြရွှေပြည် ကုမ္ပဏီတို့၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်ခင်မြင့်ဦးသည် နိုင်ငံတော်မှချီးမြှင့်သည့် သာသနာတော်ဆိုင်ရာအမြင့်ဆုံးဆု ( လူ ပုဂ္ဂိုလ်များ ) ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ကို အပ်နှင်းဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။
“အန်တီတို့က ဘဝကို အောက်ခြေကနေ စခဲ့ရတာ ။ အိမ်ထောင်ထူကာစကတော့ အန်တီ့အမျိုးသားကဆိုက္ကားနင်းပြီး အန်တီက ကုန်စိမ်းရောင်းပြီး ဘဝကိုစခဲ့ရတာ။
တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားရင်း ခုတော့လုပ်ငန်း အများအပြားက မြန်မာပြည်အနှံ့ ခြေဆန့်နိုင်ခဲ့ပြီးရလာတဲ့အမြတ်ငွေထဲက ကျောင်းဆောက်၊ ဘုရားတည် အလှူဒါန အသီးသီး ပြုကြတယ် ။ အခုလို ဘွဲ့ထူးချီးမြှင့်ခံရတာ အထူးအထူးပဲ ဝမ်းသာမိတယ်။ အရမ်းလဲ ပျော်ရပါတယ်၊ ပီတိမျက်ရည်များလဲ ကျခဲ့ရပါတယ်။
တစ်မူးရလို့ တစ်ပဲလှူဒို့ရှမ်းတောင်သူတူနိုင်ရိုးလားဆိုတဲ့အတိုင်းဘဲ မိုးပေါ်ကကျလာတဲ့ မိုးရေပေါက်တွေက ကျပါများလာတော့ ရေပုံး၊ ရေအိုးထဲပြည့်လျှံရသလို အလှူဒါနတွေကလဲ တစ်ဖြည်း ဖြည်း တစ်စိမ့်စိမ့်လှူလာရင်းနဲ့ ဒါနကုသိုလ်တွေ များလာခဲ့ရတာပါ။ ဒီဘွဲ့ဟာ အန်တီ့ဘဝရဲ့ သမိုင်းမှတ်တမ်း မှတ်တိုင်လေးတစ်ခုဖြစ်လို့ အရမ်းအရမ်းပျော်တာပေါ့။
သွားလေသူကြီးလဲ ရောက်ရှိရာဘုံကနေ အပြုံးပီတိတွေနဲ့ ကြည့်နေမှာပါ၊ သိနေမှာပါ” ဟု သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဆု (လူပုဂ္ဂိုလ်များ) ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ရ ဒေါ်ခင်မြင့်ဦးက ဆိုခဲ့ပါတယ်။
အဆိုပါ အလှူရှင်သည် နေရာဌာန အသီးသီးတွင် ငွေကျပ်သိန်းပေါင်းလေးသောင်းကျော် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်းနှင့် ၂၀၁၉ ခုနှစ်ကလည်း သီဟသုဓမ္မသိင်္ဂီဘွဲ့ကို နိုင်ငံတော်မှ ချီးမြှင့် ပေးအပ်ခဲ့ပြီးကြောင်းသိရတာကို ပရိတ်သတ်ကြီးအတွက် ပြန်လည် ဝေမျှ ပေး လိုက်ပါတယ်နော်။
Zawgyi
ပရိတ်သတ်ကြီးရေ အခုတင်ပြ ပေးမယ့် အကြောင်းလေး ကတော့ကုန်စိမ်း ရောင်းတဲ့ ဘ၀ ကနေ သိန်းပေါင်း လေးသောင်းကျော် လှူနိုင်တဲ့ အထိကြိုးစားနိုင်ခဲ့လို့ အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ ချီးမြင့်ခံရသူ ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ပါတယ်။
သာသနာတော်ဆိုင်ရာ အမြင့်ဆုံးဆု (လူပုဂ္ဂိုလ်များ) ပထမအဆင့်ကို မိုးကောင်းမြို့မှ အမျိုးသမီးတစ်ဦး ချီးမြှင့် ခံရကြောင်း ယမန် နေ့(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့က နိုင်ငံပိုင်သတင်းစာနှင့်ရုပ် မြင်သံကြားတို့မှ ထုတ်ပြန် ကြေငြာခဲ့ပါတယ်။
ကချင်ပြည်နယ် မိုးကောင်းမြို့ နောင်ကိုင်တော် ရပ်ကွက်နေ မနောဧကရီနှင့် မြို့ပြရွှေပြည် ကုမ္ပဏီ တို့၏ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ခင်မြင့်ဦးသည် နိုင်ငံတော်မှ ချီးမြှင့်သည့် သာသနာတော်ဆိုင်ရာအမြင့် ဆုံး ဆု ( လူ ပုဂ္ဂိုလ်များ ) ပ ထ မ အ ဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီဘွဲ့ကို အပ်နှင်း ဂုဏ်ပြု ခြင်းခံခဲ့ရပါတယ်။
“အန်တီတို့က ဘဝကို အောက်ခြေ ကနေ စခဲ့ ရတာ ။ အိမ်ထောင် ထူ ကာစ ကတော့ အန်တီ့ အမျိုးသားကဆိုက္ကား နင်းပြီး အန်တီက ကုန် စိမ်း ရောင်းပြီး ဘဝကို စခဲ့ ရတာ။
တစ်ဆင့်ပြီး တစ်ဆင့် ကြိုးစားရင်း ခုတော့ လုပ်ငန်း အများ အပြားက မြန်မာပြည် အနှံ့ ခြေဆန့်နိုင်ခဲ့ပြီးရလာတဲ့အမြတ်ငွေထဲက ကျောင်းဆောက်၊ ဘုရား တည် အလှူဒါန အသီးသီး ပြုကြတယ် ။ အခုလို ဘွဲ့ထူး ချီးမြှင့်ခံရတာ အထူး အထူးပဲ ဝမ်းသာ မိတယ်။ အရမ်းလဲ ပျော်ရပါတယ်၊ ပီတိ မျက်ရည် များလဲ ကျခဲ့ရ ပါတယ်။
တစ်မူးရလို့ တစ်ပဲလှူဒို့ရှမ်းတောင်သူ တူနိုင် ရိုးလားဆိုတဲ့ အတိုင်း ဘဲ မိုးပေါ်ကကျလာတဲ့ မိုးရေပေါက် တွေ က ကျပါ များလာတော့ ရေပုံး၊ ရေအိုးထဲပြည့်လျှံ ရသလို အလှူ ဒါန တွေကလဲ တစ် ဖြည်း ဖြည်း တစ်စိမ့်စိမ့်လှူလာ ရင်းနဲ့ ဒါန ကုသိုလ်တွေ များလာ ခဲ့ရတာပါ။ ဒီဘွဲ့ဟာ အန်တီ့ ဘဝရဲ့ သမိုင်း မှတ်တမ်း မှတ်တိုင်လေး တစ်ခုဖြစ်လို့ အရမ်း အရမ်း ပျော်တာပေါ့။
သွားလေသူကြီး လဲ ရောက်ရှိရာ ဘုံကနေ အပြုံးပီတိ တွေနဲ့ ကြည့်နေ မှာ ပါ၊ သိနေ မှာပါ”ဟု သာသနာတော် ဆိုင် ရာ အမြင့်ဆုံး ဆု (လူပုဂ္ဂိုလ်များ)ပထမအဆင့် အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဘွဲ့ရ ဒေါ်ခင်မြင့်ဦးက ဆိုခဲ့ပါတယ်။
အဆိုပါ အလှူရှင်သည် နေရာ ဌာန အသီး သီးတွင် ငွေကျပ် သိန်းပေါင်း လေးသောင်း ကျော် လှူဒါန်း ခဲ့ပြီး ဖြစ် ကြောင်းနှင့် ၂၀၁၉ ခုနှစ်ကလည်း သီဟသုဓမ္မသိင်္ဂီဘွဲ့ကို နိုင်ငံတော်မှ ချီးမြှင့် ပေးအပ်ခဲ့ပြီးကြောင်းသိရ တာကို ပရိတ်သတ်ကြီးအတွက် ပြန်လည် ဝေမျှ ပေး လိုက်ပါတယ်နော်။