ဗဟုသုတ

ပြည်သူနဲ့အတူ ရှေ့ဆုံးကရဲရဲဝင့်ဝင့်ပါဝင်ခဲ့ပြီး ဖမ်းဆီးခံခဲ့ရပေမယ့် speak out လုပ်ပေးခြင်းမခံရတဲ့ အဆိုတော်ပိုပို

Zawgyi





Unicode

ပြည်သူနဲ့အတူရှေ့ဆုံးကရဲရဲဝင့်ဝင့်ပါဝင်ခဲ့ပြီးဖမ်းဆီးခံခဲ့ရပေမယ့် speak out လုပ်ပေးခြင်းမခံရတဲ့အဆိုတော်ပိုပို

ပရိသတ်တွေချစ်ခင်အားပေးရတဲ့ အဆိုတော်ပိုပိုကတော့ ကိုယ်ပိုင်သံစဉ်တွေကို ဖန်တီးပြီး ဂီတနယ်ပယ်မှာ နေရာတခုရရှိနေတာလည်းဖြစ်ပါတယ်။ အဆိုတော်ပိုပိုကတော့ ကိုယ်ပိုင်အမ်ဘမ်များစွာထွက်ရှိထားပြီးလူငယ်ပရိသတ်တွေကြားရေပန်းစားခဲ့ကြတာဘဲဖြစ်ပါတယ်။

အဆိုတော်ပိုပိုကတော့ လူထူလှုပ်ရှားမှုကြီးမှာ ထိပ်ဆုံးပါဝင်ခဲ့ပြီး ပြည်သူနဲ့အတူရပ်တည်ပေးခဲ့တဲ့ သူတစ်ယောက်ပါ။ ဒါကြောင့်မလို့လည်း ဖမ်းဝရမ်းထုတ်ခံရပြီး ရှောင်တိမ်းနေစဉ်ဖမ်းဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။

လက်ရှိမှာ ပိုပိုက အင်းစိန်ထောင်မှာရှိနေပြီး သရုပ်ဆောင်အိန္ဒြာကျော်ဇင်နဲ့ တစ်ဆောင်ထဲနေရတယ်လို့လည် းသိရပါတယ်။ ပိုပိုကိုချစ်ခင်အားပေးတဲ့ ပရိသတ်တစ်ဦးက အမှန်တရားအတွက်ရဲရဲဝင့်ဝင့်ပါဝင်ခဲ့တဲ့ ပိုပိုကို speak out လုပ်ပေးမယ့်တောင်းဆိုလိုက်ပါတယ်။ ဒါအပြင် အဆိုတော်ပိုပိုကို မေ့နေကြပြီလားလို့လည်း ဝမ်းနည်းစွာ မေးခွန်းထုတ်လာပါတယ်။