ဗဟုသုတ

စကစရဲ့ အရှိုက်ကိုထိုးလိုက်တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ အစည်းအဝေး (ရုပ်သံ)

စကစရဲ့ အရှိုက်ကိုထိခဲ့တဲ့ ကုလသမဂ္ဂအထွေထွေညီလာခံ

(ရုပ်သံဖိုင်ကို အောက်တွင်ကြည့်ရှုပါရန်)

ကုလအထွေထွေညီလာခံ အစည်းအဝေးမှာမြင်တွေ့ရတဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်း

၇၅ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲနဲ့၇၆ ကြိမ်မြောက် ညီလာခံ ဖွင့်ပွဲအစည်းအဝေးတွေကို တက်ရောက်ခဲ့တဲ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြင်တွေ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် သံအမတ်ကြီးဟာ မျက်နှာစုံညီအစည်းအဝေးတွေကိုလည်းတက်ရောက်ခဲ့တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်ဖေ့စ်ဘွတ်ခ်စာမျက်နှာက ထုတ်ပြန်ထားပါတယ်။

ဒီအစည်းအဝေးတွေကို စစ်ကောင်စီဘက်က ကိုယ်စားလှယ် တက်ခွင့်မရ၊အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း စကားမပြောရဆိုပြီးအမေရိကန်နဲ့ တရုတ်တို့ ကြိုတင်ညှိနှိုင်းထားတဲ့ သတင်းတွေလည်း ဒီမတိုင်ခင်က ထွက်ပေါ်ခဲ့ပါတယ်။

နိုင်ငံကိုကိုယ်စားပြုတဲ့ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့တွေကို စိစစ်ရွေးချယ်တဲ့“credentials committee”အရည်ချင်းစစ်ကော်မတီအဖွဲ့ဝင်နိုင်ငံတွေကို ရွေးချယ်ခဲ့ကြပြီးအဖွဲ့ဝင်နိုင်ငံတွေအဖြစ် အမေရိကန်၊ တရုတ်နဲ့ ရုရှားသုံးနိုင်ငံအပါအဝင်ဘဟားမားစ်၊ ဘူတန်၊ ချီလီ၊ ဆီရာလွန်၊ တောင်အာဖရိကနဲ့ ဆွီဒင်နိုင်ငံတို့ ဖြစ်ပါတယ်။

အဲဒီကော်မတီရဲ့အစည်းအဝေးတွေဟာ နိုဝင်ဘာမှာ စတင်နိုင်ဖွယ်ရှိပြီးဒီကြားကာလမှာ ကော်မတီကနေ အဖြေတစုံတရာထွက်မလာသေးတဲ့အထိ မြန်မာကိုကိုယ်စားပြုသူဟာ လက်ရှိ အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင်တနည်းအားဖြင့် ကုလဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ ဖြစ်တယ်လို့ လည်းကုလရဲ့ လုပ်ထုံးလုပ်နည်းတွေ အကြောင်း ကျွမ်းကျင်သူတွေက အဓိပ္ပာယ် ဖွင့်ဆိုကြပါတယ်။

ဒါ့ကြောင့် အမေရိကန်နဲ့တရုတ်ကြား အခု အလွတ်သဘောနားလည်မှု ယူထားတာဟာ အဲဒီနိုဝင်ဘာကော်မတီ အစည်းအဝေးကနေ အဖြေတစုံတရာ မထွက်မချင်းစစ်ကောင်စီ ကိုယ်စားလှယ်ကို ကုလ အထွေထွေ ညီလာခံမှာ နေရာပေးတာမျိုး၊စကားပြောခွင့် ပြုတာပေးတာမျိုး မလုပ်ကြဖို့ အဓိပ္ပာယ် ဖြစ်တယ်လို့ သံတမန် သတင်းရင်းမြစ်တွေက သုံးသပ်ကြပါတယ်။

လက်ရှိမှာ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက‌တရားဝင်ထုတ်ပြန်လာတာမရှိသေးပါဘူး။

ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေးသို့ မြန်မာကိုယ်စားလှယ် ဉီးကျော်မိုးထွန်း တက်ရောက်ကုလသမဂ္ဂမှာ နေရာမရဘူးဆိုတာ စစ်ကောင်စီအတွက်တော့ အရှိုက်ထိတာပဲကုလသမဂ္ဂရဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံကို စက်တင်ဘာလ ၁၄ ရက် ဒီနေ့မှာ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို အသိအမှတ်မပြုဘဲသံ အမတ်ကြီးဦးကျော်မိုးထွန်းကို ယာယီအနေနဲ့ ဆက်လက်အသိအမှတ်ပြုဖို့အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား သဘောတူညီမှု ရရှိထားတယ်ဆိုပြီးအမေရိကန် အခြေစိုက် နိုင်ငံခြားရေးရာ မူဝါဒစာစောင် Foreign Policy က ရေးသားထားပါတယ်။

တရုတ်နဲ့ အမေရိကန် ကမကထ ပြုလုပ်ပြီး ညှိနှိုင်းထားတဲ့ ဒီသဘောတူညီမှုကိုရုရှား အပါအဝင် ဥရော ပသမဂ္ဂ အီးယူ၊ အာဆီယံ နိုင်ငံတွေကပါ အလွတ်သဘော လက်ခံကြတယ်လို့ သိရပါတယ်။

ရုပ်သံ

ဒါဟာ အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံတကာမှာ တရားဝင်အစိုးရသဖွယ် ပုံဖော်နိုင်ဖို့ ကြိုးစားနေမှုကို အကြီးအကျယ် ထိုးနှက်ခံရတာဖြစ်တယ်လို့ မြန်မာ့အရေး ကျွမ်းကျင်သူတွေကသုံးသပ်ကြပါတယ်။

(Zawgyi)

စကစရဲ႕ အရႈိက္ကိုထိခဲ့တဲ့ ကုလသမဂၢအေထြေထြညီလာခံ

ကုလအေထြေထြညီလာခံ အစည္းအေဝးမွာျမင္ေတြ႕ရတဲ့ သံအမတ္ႀကီးဦးေက်ာ္မိုးထြန္း

၇၅ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ ပိတ္ပြဲနဲ႔၇၆ ႀကိမ္ေျမာက္ ညီလာခံ ဖြင့္ပြဲအစည္းအေဝးေတြကို တက္ေရာက္ခဲ့တဲ့သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ျမင္ေတြ႕ရတာျဖစ္ပါတယ္။

ဒါ့အျပင္ သံအမတ္ႀကီးဟာ မ်က္ႏွာစုံညီအစည္းအေဝးေတြကိုလည္းတက္ေရာက္ခဲ့တယ္လို႔ကုလသမဂၢဆိုင္ရာျမန္မာအၿမဲတမ္းကိုယ္စားလွယ္ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာက ထုတ္ျပန္ထားပါတယ္။

ဒီအစည္းအေဝးေတြကို စစ္ေကာင္စီဘက္ကကိုယ္စားလွယ္ တက္ခြင့္မရ၊အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ ျမန္မာအၿမဲတမ္းကိုယ္စားလွယ္ ဦးေက်ာ္မိုးထြန္းစကားမေျပာရဆိုၿပီးအေမရိကန္နဲ႔ တ႐ုတ္တို႔ ႀကိဳတင္ညႇိႏႈိင္းထားတဲ့ သတင္းေတြလည္း ဒီမတိုင္ခင္က ထြက္ေပၚခဲ့ပါတယ္။

ႏိုင္ငံကို ကိုယ္စားျပဳတဲ့ အၿမဲတမ္းကိုယ္စားလွယ္ အဖြဲ႕ေတြကို စိစစ္ေ႐ြးခ်ယ္တဲ့“credentials committee” အရည္ခ်င္းစစ္ ေကာ္မတီအဖြဲ႕ဝင္ႏိုင္ငံေတြကို ေ႐ြးခ်ယ္ခဲ့ၾကၿပီးအဖြဲ႕ဝင္ႏိုင္ငံေတြအျဖစ္ အေမရိကန္၊ တ႐ုတ္ နဲ႔ ႐ုရွားသုံးႏိုင္ငံအပါအဝင္ဘဟားမားစ္၊ ဘူတန္၊ ခ်ီလီ၊ ဆီရာလြန္၊ ေတာင္အာဖရိကနဲ႔ ဆြီဒင္ႏိုင္ငံတို႔ ျဖစ္ပါတယ္။

အဲဒီေကာ္မတီရဲ႕အစည္းအေဝးေတြဟာ ႏိုဝင္ဘာမွာ စတင္ႏိုင္ဖြယ္ရွိၿပီးဒီၾကားကာလမွာ ေကာ္မတီကေန အေျဖ တစုံတရာ ထြက္မလာ ေသးတဲ့ အထိျမန္မာကို ကိုယ္စားျပဳသူဟာ လက္ရွိ အၿမဲတမ္းကိုယ္စားလွယ္ အဖြဲ႕ ေခါင္းေဆာင္တနည္းအားျဖင့္ ကုလဆိုင္ရာ ျမန္မာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းပဲ ျဖစ္တယ္လို႔ လည္းကုလရဲ႕ လုပ္ထုံးလုပ္နည္းေတြ အေၾကာင္း ကြၽမ္းက်င္သူေတြက အဓိပၸာယ္ ဖြင့္ဆိုၾကပါတယ္။

ဒါ့ေၾကာင့္ အေမရိကန္နဲ႔တ႐ုတ္ၾကား အခု အလြတ္သေဘာ နားလည္မႈ ယူထားတာဟာအဲဒီ ႏိုဝင္ဘာ ေကာ္မတီ အစည္းအေဝးကေန အေျဖ တစုံတရာ မထြက္မခ်င္းစစ္ေကာင္စီ ကိုယ္စားလွယ္ကို ကုလ အေထြေထြ ညီလာခံမွာ ေနရာေပးတာမ်ိဳး၊စကားေျပာခြင့္ ျပဳတာေပးတာမ်ိဳး မလုပ္ၾကဖို႔ အဓိပၸာယ္ ျဖစ္တယ္လို႔ သံတမန္ သတင္းရင္းျမစ္ေတြက သုံးသပ္ၾကပါတယ္။

လက္ရွိမွာ ဒီအစည္းအေဝးနဲ႔ပတ္သက္လို႔ စစ္ေကာင္စီရဲ႕ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက‌တရားဝင္ထုတ္ျပန္လာတာမရွိေသးပါဘူး။

ကုလသမဂၢ အေထြေထြညီလာခံအစည္းအေဝးသို႔ ျမန္မာကိုယ္စားလွယ္ ဉီးေက်ာ္မိုးထြန္းတက္ေရာက္ကုလသမဂၢမွာ ေနရာမရဘူးဆိုတာ စစ္ေကာင္စီအတြက္ေတာ့အရႈိက္ထိတာပဲကုလသမဂၢရဲ႕ ၇၆ ႀကိမ္ေျမာက္ အေထြေထြညီလာခံကို စက္တင္ဘာလ ၁၄ ရက္ ဒီေန႔မွာ ျပဳလုပ္ေနၿပီ ျဖစ္ပါတယ္။

ဒီကေန႔ ျပဳလုပ္တဲ့ ညီလာခံမွာ အာဏာသိမ္း စစ္ေကာင္စီရဲ႕ ကိုယ္စားလွယ္ကို အသိအမွတ္မျပဳဘဲသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို ယာယီအေနနဲ႔ ဆက္လက္အသိအမွတ္ျပဳဖို႔အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံ တို႔အၾကား သေဘာတူညီမႈ ရရွိထားတယ္ဆိုၿပီးအေမရိကန္ အေျခစိုက္ ႏိုင္ငံျခားေရးရာ မူဝါဒစာေစာင္ Foreign Policy က ေရးသားထားပါတယ္။

တ႐ုတ္နဲ႔ အေမရိကန္ ကမကထ ျပဳလုပ္ၿပီး ညႇိႏႈိင္းထားတဲ့ ဒီသေဘာတူညီမႈကို႐ုရွား အပါအဝင္ ဥေရာ ပသမဂၢ အီးယူ၊ အာဆီယံ ႏိုင္ငံေတြကပါ အလြတ္သေဘာ လက္ခံၾကတယ္လို႔ သိရပါတယ္။

ဒါဟာ အာဏာသိမ္းစစ္တပ္ အေနနဲ႔ ႏိုင္ငံတကာမွာ တရားဝင္ အစိုးရသဖြယ္ ပုံေဖာ္ႏိုင္ဖို႔ ႀကိဳးစားေနမႈ ကိုအႀကီးအက်ယ္ ထိုးႏွက္ခံရတာ ျဖစ္တယ္လို႔ ျမန္မာ့အေရး ကြၽမ္းက်င္သူေတြက သုံးသပ္ၾကပါတယ္။