Uncategorized

နိုင်ငံ့အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြံစည် ကြိုးပမ်းမှုကြောင့် နိုင်ငံ့တာဝန်အား ခေတ္တထိန်းထားတာဖြစ်ကြောင်း

နိုင်ငံ့အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ကြံစည် ကြိုးပမ်းမှုကြောင့် နိုင်ငံ့တာဝန်အား ခေတ္တထိန်းထားတာဖြစ်ကြောင်းဗိုလ်လောင်းများနှင့် တပ်နယ်ကို အာဏာသိမ်းခေါင်းဆောင်က ရှင်းပြ

နိုင်ငံ့အာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြံစည်ကြိုးပမ်းမှုကြောင့်နိုင်ငံ့တာဝန်ကို ခေတ္တထိန်းထားတာဖြစ်ကြောင်း အိမ်စောင့်အစိုးရအဖြစ် အမည်ခံကာဝန်ကြီးချုပ်တာဝန်ကို ရယူထားသည့် အာ ဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်၂၀၂၁ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့က ပြင်ဦးလွင်၌ ပြုလုပ်သည့်စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၆၄) စစ်လက်ရုံးရွေးချယ်ပွဲ ခရီးစဉ်တွင်တပ်နယ်မှ အရာရှိများနှင့် ဗိုလ်လောင်းများကို တွေ့ဆုံရှင်းပြခဲ့ကြောင်းနိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားရှိသည်။

နိုင်ငံတော်အတွက် တပ်မတော်၏ အရေးပါမှုအခန်းကဏ္ဍကို အရာရှိ၊ စစ်သည် မိသားစုများသိရှိစေရန်အနည်းငယ်ပြောကြားလိုကြောင်း၊၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲတွင်ဖြစ်ပေါ်ခဲ့သည့် မဲမသမာမှုဖြစ်ပွားနိုင်သောမဲစာရင်းကြီးမားစွာ မှားယွင်းမှုများကို စိစစ်တွေ့ရှိရပါသည်။

ထို့ကြောင့် တာဝန်ရှိသူအဖွဲ့အစည်းအဆင့်ဆင့်က ဖြေရှင်းဆောင်ရွက်ပေးနိုင်ရေးတင်ပြဆောင် ရွက်ခဲ့ကြောင်း၊သို့သော်လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိခဲ့သည့် အပြင်တတိယအကြိမ်လွှတ် တော်ခေါ်ယူ၍ နိုင်ငံတော်၏ အာဏာအရပ်ရပ်ကိုအဓမ္မနည်းဖြင့်ရယူရန်ကြံစည်ကြိုးပမ်းမှုများကြောင့် နိုင်ငံတော်ကိုနိုင်ငံရေးအရ အရေးပေါ်အခြေအနေအဖြစ်ကြေညာကာယာယီသမ္မတ၏တာဝန်လွှဲအပ်ချက်အရနိုင်ငံတော်၏တာဝန်ကိုတပ်မတော်ကခေတ္တတာဝန်ယူထိန်းသိမ်း ဆောင် ရွက်နေရခြင်း ဖြစ်ကြောင်း။ရှင်းပြထားခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်ယခုလို ပြင်ဦးလွင်ခရီးစဉ် တစ်ခုတည်းကိုမဟုတ်ဘဲဒေသအသီးသီးသို့ သွားရောက်ပြီး တပ်နယ်မိသားစုများနှင့် တွေ့ဆုံသည့် အကြိမ်တိုင်းတွင်ယင်းသို့ အထပ်ထပ်အခါအခါ ရှင်းပြနေခြင်း ဖြစ်သည်ကို နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

မဲစာရင်းအကြောင်းပြကာ နိုင်ငံ့အာဏာကို လက်နက်အားကိုးဖြင့် သိမ်းလိုက်သော်လည်းပြည်သူများအား အာဏာသိမ်းခြင်းမဟုတ်ဘဲ အာဏာထိန်းသည်ဟုသာ အမည်သုံးစွဲကာနိုင်ငံ့အာဏာကို (၁)နှစ်ထိန်းမည်ဟု ပြောပြီးနောက် (၆)လအကြာတွင်အိမ်စောင့်အစိုးရအမည်ဖြင့် အဖွဲ့ဖွဲ့လိုက်ပြီး ၂၀၂၃ခုနှစ် ကုန်ခါနီးအထိဆက်လက်ထိန်းထားမည်ဟု အသိပေးထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းထားသည့်ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စက်တင်ဘာလ(၁၄)ရက်နေ့အထိရက်ပေါင်း(၂၂၆)ရက်အတွင်းပြည်သူ(၁၀၀၀) ကျော် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရသလို လူပေါင်း(၈၀၀၀)ကျော်လည်း ဖမ်းဆီးခံထားရသည်။

(Zawgyi)

ႏိုင္ငံ့အာဏာကို အဓမၼနည္းျဖင့္ ရယူရန္ ႀကံစည္ ႀကိဳးပမ္းမႈေၾကာင့္ ႏိုင္ငံ့တာဝန္အား ေခတၱထိန္းထားတာျဖစ္ေၾကာင္းဗိုလ္ေလာင္းမ်ားႏွင့္ တပ္နယ္ကို အာဏာသိ

မ္းေခါင္းေဆာင္က ရွင္းျပႏိုင္ငံ့အာဏာကို အဓမၼနည္းျဖင့္ ရယူရန္ႀကံစည္ႀကိဳးပမ္းမႈေၾကာင့္ႏိုင္ငံ့တာဝန္ကို ေခတၱထိန္းထားတာျဖစ္ေၾကာင္း အိမ္ေစာင့္အစိုးရအျဖစ္

အမည္ခံကာဝန္ႀကီးခ်ဳပ္တာဝန္ကို ရယူထားသည့္ အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္၂၀၂၁ခုႏွစ္ စက္တင္ဘာလ(၁၄)ရက္ေန႔က ျပင္ဦးလြင္၌ ျပဳလုပ္သည့္စစ္တကၠသို

လ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္ (၆၄) စစ္လက္႐ုံးေ႐ြးခ်ယ္ပြဲ ခရီးစဥ္တြင္တပ္နယ္မွ အရာရွိမ်ားႏွင့္ ဗိုလ္ေလာင္းမ်ားကို ေတြ႕ဆုံရွင္းျပခဲ့ေၾကာင္းႏိုင္ငံပိုင္ သတင္းစာတြင္ ေဖာ္ျ

ပထားရွိသည္။

ႏိုင္ငံေတာ္အတြက္ တပ္မေတာ္၏ အေရးပါမႈအခန္းက႑ကို အရာရွိ၊ စစ္သည္ မိသားစုမ်ား သိရွိေစရန္ အနည္းငယ္ေျပာၾကားလိုေၾကာင္း၊၂၀၂၀ ျပည့္ႏွစ္ ပါတီစုံ ဒီမိုကေရစီ

အေထြေထြ ေ႐ြးေကာက္ပြဲတြင္ ျဖစ္ေပၚခဲ့သည့္ မဲမသမာမႈျဖစ္ပြားႏိုင္ေသာမဲစာရင္းႀကီးမားစြာ မွားယြင္းမႈမ်ားကို စိစစ္ေတြ႕ရွိရသျဖင့္တာဝန္ရွိသူအဖြဲ႕အစည္း အဆင့္ဆ

င့္က ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္ေရး တင္ျပေဆာင္႐ြက္ခဲ့ေၾကာင္း၊သို႔ေသာ္လည္း ေျဖရွင္းေဆာင္႐ြက္ေပးျခင္းမရွိခဲ့သည့္ အျပင္တတိယအႀကိမ္လႊတ္ေတာ္ေခၚယူ၍

ႏိုင္ငံေတာ္၏ အာဏာအရပ္ရပ္ကိုအဓမၼနည္းျဖင့္ရယူရန္ႀကံစည္ႀကိဳးပမ္းမႈမ်ားေၾကာင့္ ႏိုင္ငံေတာ္ကိုႏိုင္ငံေရးအရ အေရးေပၚ အေျခအေနအျဖစ္ေၾကညာကာ ယာယီသမၼ

တ၏တာဝန္လႊဲအပ္ခ်က္အရ ႏိုင္ငံေတာ္၏တာဝန္ကို တပ္မေတာ္ကေခတၱတာဝန္ယူထိန္းသိမ္း ေဆာင္႐ြက္ေနရျခင္း ျဖစ္ေၾကာင္း။ရွင္းျပထားျခင္း ျဖစ္သည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္သည္ယခုလို ျပင္ဦးလြင္ခရီးစဥ္ တစ္ခုတည္းကိုမဟုတ္ဘဲေဒသအသီးသီးသို႔ သြားေရာက္ၿပီး တပ္နယ္မိသားစုမ်ားႏွင့္ ေတြ႕ဆုံ

သည့္ အႀကိမ္တိုင္းတြင္ယင္းသို႔ အထပ္ထပ္အခါအခါ ရွင္းျပေနျခင္း ျဖစ္သည္ကို ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ ေဖာ္ျပထားခ်က္အရ သိရသည္။

မဲစာရင္းအေၾကာင္းျပကာ ႏိုင္ငံ့အာဏာကို လက္နက္အားကိုးျဖင့္ သိမ္းလိုက္ေသာ္လည္းျပည္သူမ်ားအား အာဏာသိမ္းျခင္းမဟုတ္ဘဲ အာဏာထိန္းသည္ဟုသာ အမည္သုံးစြဲကာႏိုင္ငံ့

အာဏာကို (၁)ႏွစ္ထိန္းမည္ဟု ေျပာၿပီးေနာက္ (၆)လအၾကာတြင္အိမ္ေစာင့္အစိုးရအမည္ျဖင့္ အဖြဲ႕ဖြဲ႕လိုက္ၿပီး ၂၀၂၃ခုႏွစ္ ကုန္ခါနီးအထိဆက္လက္ထိန္းထားမည္ဟု အသိေပးထားသည္။

အာဏာသိမ္းစစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ အာဏာသိမ္းထားသည့္ေဖေဖာ္ဝါရီလ(၁)ရက္ေန႔မွ စက္တင္ဘာလ(၁၄)ရက္ေန႔အထိ ရက္ေပါင္း(၂၂၆)ရက္အတြ

င္းျပည္သူ (၁၀၀၀)ေက်ာ္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရသလို လူေပါင္း(၈၀၀၀)ေက်ာ္လည္း ဖမ္းဆီးခံထားရသည္။