ဗဟုသုတ

ဖမ်းဆီးထိန်းသိမ်းခံရတာ နှစ်ဝက်ကျော်သွားချိန် လူမင်းရဲ့ သတင်းတွေကြားပြီး ဝမ်းနည်းပူဆွေးကာ စိတ်ဓာတ်တွေ ကျနေရတဲ့ ခင်စံပယ်ဦး

ဖမ်းဆီးထိန်းသိမ်းခံရတာ နှစ်ဝက်ကျော်သွားချိန် လူမင်းရဲ့ သတင်းတွေကြားပြီး ဝမ်းနည်းပူဆွေးကာ စိတ်ဓာတ်တွေ ကျနေရတဲ့ ခင်စံပယ်ဦး

လူမင်းရဲ့ သတင်းတွေကြားပြီး ဝမ်းနည်းပူဆွေးကာ စိတ်ဓာတ်တွေ ကျနေရတဲ့ ခင်စံပယ်ဦး

ဦးလူမင်း ဖမ်းဆီးခံထားရတာ ၆ လကျော် ၇ လနီးပါး ကြာမြင့်နေပြီ ဖြစ်တာကြောင့်ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းတော့မယ်ဘာမှလည်းရေရေရာရာ မစားဘူး ။

၆ လကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ဒီလှုပ်ရှားမှုကြီးဟာ ခုဆိုရင်ပြည်သူလူထုပါမကျန် အနုပညာရှင်တွေအားလုံးဟာ အတိုက်အခိုက် အန္တရာယ်တွေ ခက်ခဲမှုတွေ ခြိမ်းခြောက်မှုတွေနဲ့ကြုံတွေ့နေရပေမယ့်နောက်မဆုတ်ဘဲ ရှေ့ဆက်လှမ်းကာ အားတတ်သရော ရရာနေရာကနေနိုင်သလောက် ပါဝင်နေကြဆဲပါ။

အနုပညာရှင်များကလည်း ပြည်သူတွေနဲ့ အတူရပ်တည်ကာ လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်သလို လိုအပ်တဲ့ပစ္စည်းတွေနဲ့ အစားအသောက်အပြင်ခုဆိုရင် ကျဆုံးသွားတဲ့ သူရဲကောင်းလေးတွေကို လည်းကူငွေတွေလှူဒါန်းခဲ့တာကြောင့်ပြည်သူအားလုံးက လေးစားနေရတာပါ။

ဒါ့အပြ င် သူတို့ ရဲ့ သိန်းချီတဲ့ Followerတွေကို အသုံးချကာနိုင်ငံတကာသိအောင်မှန်ကန်တဲ့ သတင်းအချက်အလက်တွေကိုလည်းအချိန်နဲ့တစ်ပြေးညီ ဖြစ်ပျက်သမျှ အားလုံးကို ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ဒီလို အားကြိုးမာန်တတ်ပါဝင်ကြတဲ့ အနုပညာရှင်တွေထဲမှာ အန်ကယ်လေးလို့ အားလုံးကချစ်စနိုးခေါ်ကြတဲ့ လူမင်းလည်း ပါဝင်ခဲ့ပါတယ်ခုဆိုရင် လူမင်းဟာ CDM မှာပါဝင်ရန် ဝန်ထမ်းတွေကို နှိုးဆော်ပေးခဲ့တာကြောင့် ထိန်းသိမ်းခံ ထား ရတာလည်း ဖြစ်ပါတယ်။

အားလုံးက လူမင်းနဲ့ပတ်သက်ပြီး စိတ်မကောင်းဖစ်နေကြတာလည်း အမှန်ပါပဲအခုလည်း ဇနီးဖြစ်သူ ခင်စံပယ်ဦးဟာ ခင်ပွန်းအတွက် အရမ်းစိုးရိမ်ပူပန်ပြီးနေ့စဉ်တိုင်း မျက်ရည် ကျနေရကြာင်းကို ယော က်ျားအတွက် စိတ်ပူပြီး ငိုရလွန်းလို့ မျက်ရည်တွေတောင် ခမ်းတော့မယ်ဒါပေမယ့် လည်း မယိုင်လဲ သွားအောင် ကြိုးပြီး အားတင်း ထားပါမယ်။

ရေရေရာရာတော့ ဘာမှမစားချင်ဘူး ဆိုပြီးရင်ဖွင့်ရေးသား ဖော်ပြခဲ့သည်ကို ပြန်လည်ဝေမျှ ပေးလိုက်ပါ တယ် ။

အခုလို ဝင်ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်းကျန်းမာပျော်ရွှင်သော နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။