ဗဟုသုတ

ဒီးမော့ဆို ကဒါးလားရွာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ကျောင်းဆရာလေးအောင်နိုင်နဲ့ ပီတာဂျွန်တို့ရဲ့ နောက်ဆုံးဈာပနမြင်ကွင်း

စက်တင်ဘာလ(၁၄)ရက်နေ့က ကယားပြည် ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်ကြား ကဒါးလားရွာမှာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဦးနှစ်ဖက် ကျဆုံးမှုတွေရှိခဲ့ကြပါတယ်။

စကစတပ်ဖွဲ့နဲ့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA) ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF တပ်သားနှစ်ဦး ကျဆုံးခဲ့ပါတယ်။

ကျဆုံးသွားကြတဲ့ သူရဲကောင်းနှစ်ဦးဟာ မောင်ဆီမိုးနယ် (ခ) အောင်နိုင်နဲ့ မောင်ပီတာတို့ဖြစ်ပြီး စကစဘက်ကလည်း သုံးဦးထက်မနည်းကျဆုံးတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

တိုက်ပွဲမှာ ကျဆုံးသွားတဲ့ သူရဲကောင်းရဲဘော်တွေဖြစ်ကြတဲ့ အောင်နိုင်နဲ့ ပီတာဂျွန်တို့ရဲ့ ရုပ်အလောင်းကိုတော့ ညနေပိုင်းမှာ မြေမြှုပ်ဂြိုလ်ပြီး နောက်ဆုံးဈာပနကို PDFရဲဘော်တွေက ဝမ်းနည်းစွာနဲ့ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

ကျောင်းဆရာဖြစ်တဲ့ မောင်ဆီမိုနယ်(ခ) အောင်နိုင်ဟာ မြေဖြူကိုင်မယ့်အစား ပြည်သူတွေအတွက် လက်နက်ကိုင်တော်လှန်ခဲ့ပြီး ပီတာဂျွန်ကတော့ အသက်တောင်မပြည့်သေးပေမယ့် ရဲရင့်စွာ တိုက်ပွဲဝင် ကျဆုံးသွားကြတာမို့ အားလုံးက ရင်နင့်စွာနဲ့ ဝမ်းနည်းမဆုံးဖြစ်နေကြတာ ဖြစ်ပါတယ်။

အသက်ပေးခဲ့တဲ့အထိ တာဝန်ကျေလွန်းကြတဲ့ သူရဲကောင်းရဲဘော်နှစ်ယောက်ကို ပြည်သူတွေကလည်း လေးစားဂုဏ်ပြုရင်း ကောင်းရာသုဂတိလားစေဖို့အတွက် ဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ်။