ဗဟုသုတ

စိတ်ဖိစီးမှုကို လျော့ချနိုင်မယ့် နည်းလမ်း(၆)ခု

ယနေ့ခေတ်မှာ နည်းပညာမြင့်မားလာပြီး အလုပ်များလာတာနဲ့အမျှ အသက်ရှင်နေထိုင်ရာမှာလည်း စိတ်ဖိစီးမှုဒဏ်ကလည်း ပိုများလာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု လျော့ချနိုင်မယ့် နည်းလမ်းကောင်းလေး ဝေမျှပေးလိုက်ပါတယ်။

(၁) လက်ရှိဘဝကိုကျေနပ်ပါ

အခြားသူတွေ တော်ကြပါစေ၊ ပြီးပြည့်စုံကြပါစေ၊ကိုယ်ကတော့ ကိုယ့်လက်ရှိဘဝကို လက်ရှိအခြေအနေကို လက်ခံကျေနပ်ပါ။ ဒါမှသာ စိတ်ဖိစီးမှုကို ပြေလျော့နိုင်ပါလိမ့်မယ်။

(၂) ပစ္စုပ္ပန်ကာလကိုပဲ ကြည့်ပါ

ပူပန်သောက အများစုဟာ အနာဂတ်ကာလကို အခြေခံကြပါတယ်။ ကိုယ်စိုးရိမ်ပူပန်နေတဲ့အရာဟာ များသောအားဖြင့် ၁၀၀% အတိအကျ ဖြစ်မလာတတ်ကြပါဘူး။ ဒါကြောင့် ပစ္စုပ္ပန်ကာလမှာပဲ အကောင်းဆုံးနေထိုင်ပါ။ အနာဂတ်ကာလဟာ သူ့ဖာသူ အဆင်ပြေအောင် ကြည့်လုပ်သွားပါလိမ့်မယ်။

(၃) ချက်ချင်းခွင့်လွှတ်လိုက်ပါ

သူတစ်ပါးအပေါ် မကျေနပ်သောစိတ်ထားဟာ သူတစ်ပါးထက် မိမိကိုယ်ကို ပိုပြီးအကျိုးယုတ်စေပါတယ်။ဒါကြောင့်သင့်အကျိုးအတွက် လွတ်လွတ်ကျွတ်ကျွတ်နဲ့ အမြန်ဆုံးသာခွင့်လွှတ်လိုက်ပါ။

(၄) သစ်ပင်များရှိသော နေရာတွင် နေပါ

သစ်ပင်များဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ညစ်ညမ်းတဲ့ အငွေ့အသက်များကို စုပ်ယူပြီး ပတ်ဝန်းကျင်လောကကို အောက်စီဂျင်ဓာတ်ဖြည့်ဆည်းပေးပါတယ်။ ဒါကြောင့် သင်အလုပ်လုပ်သောနေရာ၊ အိပ်သောနေရာ၊နေထိုင်သောနေရာများတွင် သစ်ပင်များရှိပါက သင့်အတွက် အောက်ဆီဂျင်ဓာတ်ကို ပိုမိုရရှိမှာဖြစ်ပြီး အောက်စီဂျင်ဓာတ် ပိုရလေ စိတ်ဖိစီးမှု လျော့နည်းလေ ဖြစ်ပါတယ်။

(၅) လမ်းကြောင်းပြောင်း၍ အိမ်ပြန်ပါ

တစ်နေ့တာလုံးဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှုဒဏ်ကို လျော့ကျဖို့အတွက် ပုံမှန်လုပ်နေကျမဟုတ်တဲ့ အရာတစ်ခုခုကို မကြာမကြာ လုပ်ဖြစ်အောင် ကြိုးစားပါ။ ဥပမာ အလုပ်မှအိမ်ကို ပြန်တဲ့အခါ ပြန်နေကျလမ်းက မပြန်ပဲ တခြားလမ်းက ပြန်လာခြင်းမျိုး လုပ်ပါ။

(၆) ရင်ဖွင့်ပစ်လိုက်ပါ

တစ်ခါတစ်ရံပြဿနာကို ထုတ်ဖော်ပြောပြလိုက်ခြင်းဖြင့် ပြဿနာ တစ်ဝက်ရှင်းလင်းသွား စေတတ်ပါတယ်။သင့်ရဲ့ခံစားချက်နဲ့ပြဿနာကို ရင်နှီးသူ တစ်ဦးဦးကို ဖွင့်ပြောလိုက်ပါ။

အထက်ပါနည်းလမ်း (၆)ခုအတိုင်း နေထိုင်ကြည့်ပါ။စိတ်ဖိစီးမှုဒဏ်က သိသိသာသာ လျော့နည်း သွားပါလိမ့်မယ်။ အားလုံးပဲ စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးနိုင်ကြပါစေ။

“ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှ‌ဝေဖို့မမေ့နဲ့နော်”

Zawgyi ဖြင့်ဖတ်ပါ

စိတ်ဖိစီးမှုကို လျော့ချနိုင်မယ့် နည်းလမ်း(၆)ခု

ယနေ့ခေတ်မှာ နည်းပညာမြင့်မားလာပြီး အလုပ်များလာတာနဲ့အမျှ အသက်ရှင်နေထိုင်ရာမှာလည်း စိတ်ဖိစီးမှုဒဏ်ကလည်း ပိုများလာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု လျော့ချနိုင်မယ့် နည်းလမ်းကောင်းလေး ဝေမျှပေးလိုက်ပါတယ်။

(၁) လက်ရှိဘဝကိုကျေနပ်ပါ

အခြားသူတွေ တော်ကြပါစေ၊ ပြီးပြည့်စုံကြပါစေ၊ကိုယ်ကတော့ ကိုယ့်လက်ရှိဘဝကို လက်ရှိအခြေအနေကို လက်ခံကျေနပ်ပါ။ ဒါမှသာ စိတ်ဖိစီးမှုကို ပြေလျော့နိုင်ပါလိမ့်မယ်။

(၂) ပစ္စုပ္ပန်ကာလကိုပဲ ကြည့်ပါ

ပူပန်သောက အများစုဟာ အနာဂတ်ကာလကို အခြေခံကြပါတယ်။ ကိုယ်စိုးရိမ်ပူပန်နေတဲ့အရာဟာ များသောအားဖြင့် ၁၀၀% အတိအကျ ဖြစ်မလာတတ်ကြပါဘူး။ ဒါကြောင့် ပစ္စုပ္ပန်ကာလမှာပဲ အကောင်းဆုံးနေထိုင်ပါ။ အနာဂတ်ကာလဟာ သူ့ဖာသူ အဆင်ပြေအောင် ကြည့်လုပ်သွားပါလိမ့်မယ်။

(၃) ချက်ချင်းခွင့်လွှတ်လိုက်ပါ

သူတစ်ပါးအပေါ် မကျေနပ်သောစိတ်ထားဟာ သူတစ်ပါးထက် မိမိကိုယ်ကိုပိုပြီး အကျိုးယုတ်စေပါတယ်။ဒါကြောင့်သင့်အကျိုးအတွက် လွတ်လွတ်ကျွတ်ကျွတ်နဲ့ အမြန်ဆုံးသာခွင့်လွှတ်လိုက်ပါ။

(၄) သစ်ပင်များရှိသော နေရာတွင် နေပါ

သစ်ပင်များဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ညစ်ညမ်းတဲ့ အငွေ့အသက်များကို စုပ်ယူပြီး ပတ်ဝန်းကျင်လောကကို အောက်စီဂျင်ဓာတ်ဖြည့်ဆည်းပေးပါတယ်။ ဒါကြောင့် သင်အလုပ်လုပ်သောနေရာ၊ အိပ်သောနေရာ၊နေထိုင်သောနေရာများတွင် သစ်ပင်များ ရှိပါက သင့်အတွက် အောက်ဆီဂျင်ဓာတ်ကို ပိုမိုရရှိမှာဖြစ်ပြီး အောက်စီဂျင်ဓာတ် ပိုရလေ စိတ်ဖိစီးမှု လျော့နည်းလေ ဖြစ်ပါတယ်။

(၅) လမ်းကြောင်းပြောင်း၍ အိမ်ပြန်ပါ

တစ်နေ့တာလုံးဖြစ်ပေါ်နေတဲ့ စိတ်ဖိစီးမှုဒဏ်ကို လျော့ကျဖို့အတွက် ပုံမှန်လုပ်နေကျမဟုတ်တဲ့ အရာတစ်ခုခုကို မကြာမကြာ လုပ်ဖြစ်အောင် ကြိုးစားပါ။ ဥပမာ အလုပ်မှအိမ်ကို ပြန်တဲ့အခါ ပြန်နေကျလမ်းက မပြန်ပဲ တခြားလမ်းက ပြန်လာခြင်းမျိုး လုပ်ပါ။

(၆) ရင်ဖွင့်ပစ်လိုက်ပါ

တစ်ခါတစ်ရံပြဿနာကို ထုတ်ဖော်ပြောပြလိုက်ခြင်းဖြင့် ပြဿနာ တစ်ဝက်ရှင်းလင်းသွား စေတတ်ပါတယ်။သင့်ရဲ့ခံစားချက်နဲ့ပြဿနာကို ရင်နှီးသူ တစ်ဦးဦးကို ဖွင့်ပြောလိုက်ပါ။

အထက်ပါနည်းလမ်း (၆)ခုအတိုင်း နေထိုင်ကြည့်ပါ။စိတ်ဖိစီးမှုဒဏ်က သိသိသာသာ လျော့နည်း သွားပါလိမ့်မယ်။ အားလုံးပဲ စိတ်ဖိစီးမှုဒဏ်မှ ကင်းဝေးနိုင်ကြပါစေ။

ကိုယ်ချစ်ရတဲ့သူတွေကို ပြန်မျှဝေဖို့မမေ့နဲ့နော်