စစ်ကောင်စီကို လက်နက်ကိုင် တော်လှန် တိုက်ခိုက်နေသော မြို့နယ်အများအပြားတွင် အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ စတင်ဖြတ်တောက်
စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၆ မြို့နယ်၊ မန္တလေးတိုင်း မြင်းခြံမြို့နယ် အပါ အဝင် မြို့နယ်များတွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ စစ်ကောင်စီက အင်တာနက်လိုင်း ဖြတ်တောက်လိုက်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ကနီ၊ ယင်းမာပင်၊ ဘုတလင်၊ အရာတော်၊ ဝက်လက်နှင့် ပုလဲ စတဲ့မြို့နယ်များ၊ မန္တလေးတိုင်းမြင်းခြံမြို့နယ်တို့တွင် အင်တာနက်လိုင်း ဖြတ်တောက်လိုက်တာလည်း ဖြစ်ပါတယ်။
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာလည်း အင်တာနက်လိုင်းတွေ ဖြတ်တောက်မှုရှိတယ်လို့ ဒေသခံတွေက သတင်းပေးပို့လာပါတယ်။
တချို့မြို့နယ်တွေမှာတော့ မိုဘိုင်းအင်တာနက်တင်မကဘဲ ဖုန်းလိုင်းပါ ပိတ်ချလိုက်တာလို့ သိရပါတယ်။ အဆိုပါဒေသတွေကို စစ်ကောင်စီအကြမ်းဖက်တပ်တွေက ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။
ဖုန်းလိုင်း အင်တာနက်လိုင်ူတွေ ဖြတ်တောက်လိုက်တဲ့အတွက် ပြည်သူတွေကြားထဲမှာ စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။