တစ်ခေတ်တစ်ခါကတည်းက ဇာတ်ပွဲတွေ၊ဆပ်ကပ်ပွဲတွေမှာဆိုရင် ညလုံးပေါက်အထိ လူတွေကြိတ်ကြိတ်တိုးအားပေးကြည့်ရှုကြတာပဲဖြစ်ပါတယ်။ဆပ်ကပ်ပွဲတွေမှာဆိုရင် ဆပ်ကပ်ပညာရှင်တွေက အသက်ကိုတောင်စွန့်စားပြီး ဆန်းသစ်တဲ့မြင်ကွင်းအမျိုးမျိုးကို ဖန်တီးကြတာဖြစ်ပါတယ်။
ဒါ့အပြင် ဆပ်ကပ်ပွဲတွေဆိုတာ လူတွေကိုပျော်ရွှင်၊အံ့ဩအောင် ဖျော်ဖြေပေးနေတဲ့ပွဲတွေပဲဖြစ်ပါတယ်။ အာဇာနည်စန်းစန်းဆိုတဲ့ အမျိုးသမီးဆပ်ကပ်ပညာရှင်ကလည်း ဟိုးအရင်တုန်းကဆိုရင် အရမ်းနာမည်ကြီးခဲ့တဲ့သူဖြစ်ပါတယ်။
မြန်မာ့ဆပ်ကပ်ပညာရှင်ကြီး ဒေါ်စန်းစန်းကတော့ လွန်ခဲ့တဲ့နှစ်များစွာကတည်းက “အာဇာနည်စန်းစန်း” ဆပ်ကပ်အဖွဲ့ကြီးကို ဦးစီးခဲ့တာဖြစ်ပါတယ်။ အာဇာနည်စန်းစန်းရဲ့ ကြိုးတန်းပေါ်လမ်း လျှောက်ပြတဲ့ ပြကွက်ကို လူတွေအများအပြားကကြိုက်နှစ်သက်ကြတာဖြစ်ပါတယ်။
ဒေါ်စန်းစန်းက သူမရဲ့ဆပ်ကပ်အဖွဲ့ကြီးကို မသေဆုံးခင်အချိန်ထိ သေချာကြီးကြပ်ခဲ့ပြီး မြန်မာနိုင်ငံအနှံ့ကိုသွားရောက်၍ လှည့်လည်ဖျော်ဖြေနေခဲ့တာဖြစ်ပါတယ်။
အခုလိုမျိုး အရမ်းတော်တဲ့အမျိုးသမီးဆပ်ကပ်ပညာရှင် ဒေါ်စန်းစန်းက စက်တင်ဘာလ (၁၃)ရက်နေ့မှာဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။သူမကွယ်လွန်ချိန်မှာ အသက် (၇၃)နှစ်အရွယ်ရှိနေပြီဖြစ်ပါတယ်။
အာဇာနည်ဒေါ်စန်းစန်းကတော့ တစ်ခေတ်တစ်ခါမှာ လူကြိုက်များခဲ့တဲ့ ဆပ်ကပ်ပညာရှင်ကြီးတစ်ယောက်ဖြစ်လို့ အခုလိုကြွေလွင့်သွားတဲ့အတွက် ပရိသတ်တွေလည်း ကျန်ရစ်သူမိသားစုနဲ့ထပ် တူဝမ်းနည်းနေကြကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။