မဲခေါင်၊ စက်တင်ဘာ ၁၄
ပဲခူးနှင့်ရန်ကုန်ကြား အင်းတကော်အနီးတွင် ကျပ်ငွေ သိန်း ၄၀၀၀၀ တင်ဆောင်လာသည့် AYA ဘဏ်ယာဉ်ကို ဓားပြတိုက်သည့်အမှုမှာ ပဲခူး PDF ခေါင်းဆောင်က အကွက်ချစီစဉ်ခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီက စက်တင်ဘာလ ၁၄ရက်က ထုတ်ပြန်လိုက်သည့်စာမှာ ဟာသဆန်လွန်းကြောင်း ပြည်သူအများက ပျက်ရယ်ပြုသည်။
ကျပ်သိန်း ၄၀၀၀၀ ဓားပြတိုက်ခံရသည်ဟု သတင်းထွက်ကတည်းက NUG နှင့် PDF အပေါ် စစ်ကောင်စီကလက်ညိုးထိုးချမည်ဟု ပြည်သူများခန့်မှန်းထားသည့်အတိုင်း ထုတ်ပြန်ချက်ထွက်လာခြင်း အလွန်ဟာသဆန်ပြီး ၉နာရီအတွင်း စုံစမ်းဖော်ထုတ်ရမိဟု ဖော်ပြထားသည်မှာလည်း ရယ်စရာဖြစ်ကြောင်း ပြည်သူများက မှတ်ချက်ပြုသည်။
“ဇာတ်လမ်းကို နဲနဲတောင်ကွဲအောင် မထုတ်ပြန်နိုင်ဘူး။ မွဲပြာပုဆိုးလာလုပ်နေတယ်။ ဆိုင်ကယ်တစ်စီးခိုးခံရတာတောင် လနဲ့ချီ မမိတဲ့ရဲက ၉နာရီအတွင်း ကျပ်သိန်း ၄၀၀၀၀ ဓားပြမှုကို မိတယ်ဆိုကတည်းက ရီ(ရယ်)စရာ်တော်တော်ကောင်းနေပြီ” ဟု ပြည်သူတစ်ဦးကပြောသည်။
အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ ယုတ္တိတန်လွန်းပြီး ဟာသဆန်လွန်းသည်ဟု ပြည်သူများပြောဆိုနေသည့်အတွက် မဲခေါင်သတင်းဌာနအနေဖြင့် သီးခြားမဖော်ပြတော့ပါ။
#MeKongNews