ဗဟုသုတ

“ကိုဗစ်ကြောင့် အဖေ၊အမေနဲ့ အဒေါ် ( ၃ ) ယောက်လုံး ကွယ်လွန်သွာပြီး ခိုကိုးရာမဲ့ အမြွှာလေးနှစ်ယောက်”

“ကိုဗစ်ကြောင့် အဖေ၊အမေနဲ့ အဒေါ် ၃ယောက်စလုံး ကွယ်လွန်သွားပြီး ခိုကိုးရာမဲ့ အမြွှာလေးနှစ်ယောက်”

တမူးမြို့မှာ အမြွှာမောင်နှစ်မနှစ်ယောက်ရဲ့ အဖေ၊အမေနဲ့အဒေါ်ပါ ကိုဗစ်ကြောင့်ကွယ်လွန်ခဲ့ရပါတယ်။ကလေးနှစ်ယောက်ရဲ့ ဆရာမဖြစ်သူက ဒီအဖြစ်ဆိုးနဲ့ပတ်သက်လို့လူမူကွန်ယက်မှာ ရင်နင့်စရာရေးသားထားတာက…”

ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ရောဂါဆိုးကြီးရယ် အမြန်ပျောက်ကွယ်သွားပါတော့။ ကိုယ်စာသင်ပေးနေတဲ့ အမြွှာမောင်နှမလေး နှစ်ယောက်မေမေက အရင်ဆုံ:ပြီးဖေဖေနဲ့ အဒေါ်ဖြစ်သူတို့က မေမေရက်လည်တဲ့နေ့မှာ ထပ်ဆုံ:တယ်။သားနဲ့ သမီးကို စာလည်းသင်၊ လိမ္မာယဉ်ကျေးအောင်လည်း သင်ပေးပါ တီချယ်ဆိုပြီး တဖွဖွပြောတတ်တဲ့အစ်ကိုနဲ့အစ်မ။

တီချယ်ရေ..ဒါလေးပြောပေးပါဦး သားနဲ့သမီးက တီချယ်ပြောတာမှ နားထောင်တာဆိုပြီး ဖြစ်စေချင်တာလေးတွေအမြဲပြောတတ်တဲ့ အစ်ကိုနဲ့အစ်မ။ကလေးမြို့ ခဏပြန်ကြတော့ ….ဖုန်းခဏ ခဏ ဆက်ပြီးပြန်လာတော့(စာသင်ဖို့)ခေါ်တတ်တဲ့အစ်ကိုနဲ့အစ်မ။

ကိုယ့်သားသမီးတွေသင်ရုံသာမက.. တီချယ်ရေ ကျွန်မ သူငယ်ချင်းကလေးတွေ အတွက်လည်း တစ်ချိန်စာလေး လုပ်ပေးပါဦး။ ကျွန်တော့သူငယ်ချင်းကလေးတွေအတွက်လည်း ပြောထားသေးတယ် အချိန်ချန်ထားဦးနော် . ..ဆိုပြီး sharing လုပ်ပေးတတ်တဲ့အစ်ကိုနဲ့အစ်မ။

သားနဲ့သမီးကိုချစ်လွန်းလို့ အရာရာဂရုတစိုက်အမြဲရှိတတ်တဲ့ အစ်ကိုနဲ့အစ်မခုတော့ စိတ်ချထားခဲ့ပြီလား။အရွယ်နဲ့မမျှ ခံစားကြရရှာမှာတီချယ်ရင်နာလိုက်တာ ဇာနည်နဲ့ဇာခြည်ရယ်..အားတင်းထားကြပါ ကလေးတို့ရယ်.”လို့ ရေးသားထားပါတယ်။

Unicode

“ကိုဗစ်ကြောင့် အဖေ၊အမေနဲ့ အဒေါ် ၃ယောက်စလုံး ကွယ်လွန်သွားပြီး ခိုကိုးရာမဲ့ အမြွှာလေးနှစ်ယောက်”

တမူးမြို့မှာ အမြွှာမောင်နှစ်မနှစ်ယောက်ရဲ့ အဖေ၊အမေနဲ့အဒေါ်ပါ ကိုဗစ်ကြောင့်ကွယ်လွန်ခဲ့ရပါတယ်။ ကလေးနှစ်ယောက်ရဲ့ ဆရာမဖြစ်သူက ဒီအဖြစ်ဆိုးနဲ့ပတ်သက်လို့လူမူကွန်ယက်မှာ ရင်နင့်စရာရေးသားထားတာက…”

ဘယ်လိုမှ မခံစားနိုင်တော့ဘူး။ရောဂါဆိုးကြီးရယ် အမြန်ပျောက်ကွယ်သွားပါတော့။ကိုယ်စာသင်ပေးနေတဲ့ အမြွှာမောင်နှမလေး နှစ်ယောက်မေမေက အရင်ဆုံ:ပြီးဖေဖေနဲ့ အဒေါ်ဖြစ်သူတို့က မေမေရက်လည်တဲ့နေ့မှာ ထပ်ဆုံ:တယ်။သားနဲ့ သမီးကို စာလည်းသင်၊ လိမ္မာယဉ်ကျေးအောင်လည်း သင်ပေးပါ တီချယ်ဆိုပြီး တဖွဖွပြောတတ်တဲ့အစ်ကိုနဲ့အစ်မ။

တီချယ်ရေ..ဒါလေးပြောပေးပါဦး သားနဲ့သမီးက တီချယ်ပြောတာမှ နားထောင်တာဆိုပြီး ဖြစ်စေချင်တာလေးတွေအမြဲပြောတတ်တဲ့ အစ်ကိုနဲ့အစ်မ။ကလေးမြို့ ခဏပြန်ကြတော့ ….ဖုန်းခဏ ခဏ ဆက်ပြီးပြန်လာတော့(စာသင်ဖို့)ခေါ်တတ်တဲ့အစ်ကိုနဲ့အစ်မ။

ကိုယ့်သားသမီးတွေသင်ရုံသာမက.. တီချယ်ရေ ကျွန်မ သူငယ်ချင်းကလေးတွေ အတွက်လည်း တစ်ချိန်စာလေးလုပ်ပေးပါဦး။ ကျွန်တော့သူငယ်ချင်းကလေးတွေအတွက်လည်း ပြောထားသေးတယ် အချိန်ချန်ထားဦးနော် . ..ဆိုပြီး sharing လုပ်ပေးတတ်တဲ့အစ်ကိုနဲ့အစ်မ။

သားနဲ့သမီးကိုချစ်လွန်းလို့ အရာရာဂရုတစိုက်အမြဲရှိတတ်တဲ့ အစ်ကိုနဲ့အစ်မခုတော့ စိတ်ချထားခဲ့ပြီလား။အရွယ်နဲ့မမျှ ခံစားကြရရှာမှာတီချယ်ရင်နာလိုက်တာ ဇာနည်နဲ့ဇာခြည်ရယ်အားတင်းထားကြပါ ကလေးတို့ရယ်.”လို့ ရေးသားထားပါတယ်။