News

“အ႐ုပ္ဝယ္ရန္ဆင္းရဲလြန္းတာေၾကာင့္ စြန့္ပစ္ရာဘာဖိနပ္မ်ားကို ေခတ္မီကား႐ုပ္မ်ားအျဖစ္ေျပာင္းလဲတီထြင္ခဲ့တဲ့ ေကာင္ေလးတစ္ဦး”

ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း Mindoro တောင်တန်းဒေသရှိ Mangyan လူမျိုးနွယ်ဝင်တစ်ဦးဖြစ်တဲ့ အသက် ၁၃ နှစ်အရွယ် Jupel Batobato အမည်ရှိကောင်လေးတစ်ဦးဟာ Casillon မူလတန်းကျောင်းမှာ သင်ကြားနေတဲ့ကျောင်းသားတစ်ဦး ဖြစ်ပါတယ်။ လျှပ်စစ်မီးမရှိတဲ့မြို့တစ်မြို့ရှိ ဆင်းရဲနွမ်းပါးတဲ့အသိုင်းအဝိုင်းမှ ဆင်းသက်လာခဲ့တဲ့ Jupel ဟာ သူ့အိမ်မှ ကျောင်းသို့ မိနစ် ၂၀ လမ်းလျှောက်ရင်း သူဟာ အခက်အခဲများစွာနှင့် မကြာခဏရင်ဆိုင်ခဲ့ရပါတယ်။ ပျက်စီးနေတဲ့လမ်းများကြောင့် Jupel ရဲ့ဖိနပ်တစ်ရံက တစ်လ သို့မဟုတ် တစ်လတောင် မခံခဲ့ပါဘူး။

အဲ့လိုတွေဆက်တိုက်ဖြစ်လာရာကနေ Jupel ရဲ့မိသားစုက သူ့အတွက်နောက်ထပ်ဖိနပ်အသစ်တစ်ရံကို မဝယ်ပေးနိုင်တော့တာကြောင့် Jupel ဟာ ကျောင်းကိုခြေဗလာနဲ့သွားခဲ့ရပါတယ်။

သို့ပေမဲ့ Jupel ဟာ ကျောင်းသွားရင်း လမ်းမှာတွေ့ခဲ့တဲ့ဖိနပ်ဟောင်းများကိုလိုက်ရှာရင်းကနေ ၎င်းကို ကစားစရာကားရုပ်အဖြစ် ပြောင်းလဲရန် သူ့ရဲ့စိတ်ကူးစိတ်သန်းအတိုင်းတီထွင်ဖန်တီးဖို့စိတ်ကူးခဲ့ပါတယ်။

ထို့နောက် Jupel ဟာ သူတွေ့ရှိခဲ့တဲ့ စွန့်ပစ်ရာဘာဖိနပ်များကို အိမ်သို့ယူခဲ့ပြီး ၎င်းတို့ကို အသုံးပြုကာ သူစိတ်ကူးယဉ်ထားတဲ့ကားများ၊ ဂျစ်ကားများနှင့်ဗင်ကားများအဖြစ်သို့ ပြောင်းလဲတီထွင်ခဲ့ပါတယ်။

Jupel ဟာ သူ့ကားရုပ်တိုင်းကို အသေးစိတ်အနုပညာလက်ရာတစ်ခုကဲ့သို့ ဂရုတစိုက်ထွင်းထုထားပါသေးတယ်။ သူ့ရဲ့ကစားစရာယာဉ်များရဲ့ရှေ့မှာ ဓာတ်မီးနဲ့ LED မီးချောင်းများပါ တပ်ထားခဲ့ပါတယ်။

Jupel ရဲ့အရုပ်ကားများနှင့်ဂျစ်ကားများက အရုပ်အရောင်းဆိုင်များမှာ ပြသထားတဲ့အရာများနှင့်မတူနိုင်ပေမဲ့လည်း ၎င်းတို့က အမှန်တကယ်အစစ်အမှန်များနှင့်ပုံစံတူနေတာကိုတွေ့ရမှာပါ။

Jupel ရဲ့အရုပ်ကားများအကြောင်း social media မှာပြန့်နှံ့သွားပြီးနောက် netizen များစွာက အသုံးမဝင်တော့တဲ့ပစ္စည်းကနေ မယုံနိုင်စရာကစားစရာများအဖြစ်ပြောင်းလဲပေးခဲ့တဲ့ ကောင်လေးရဲ့ကြိုးစားအားထုတ်မှုနှင့်တီထွင်ဖန်တီးမှုစွမ်းရည်ကို ချီးကျူးခဲ့ကြပြီး “ သူက ထက်မြက်တဲ့ကောင်လေးဘဲ၊ သူ့ရဲ့ပညာရေးနဲ့ သူ့ရဲ့ဘဝမှာ အကောင်းဆုံးအောင်မြင်ပါစေလို့ဆုတောင်းပါတယ် ၊ ဒီကမ္ဘာကြီးက မင်းလိုကလေးတွေကို အရမ်းလိုအပ်နေတယ်၊ ကောင်းမွန်တဲ့အလုပ်ကိုဆက်လုပ်ပါ ” လို့ လူတစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။

ထို့အပြင် အခြားတစ်ယောက်က “ သူ့ရဲ့အနုပညာလက်ရာတွေက အနာဂတ်မှာ အများကြီးတန်ဖိုးရှိလာလိမ့်မယ်လို့ ငါရိုးသားစွာ ထင်ကြေးပေးနိုင်တယ် ”လို့ ရေးသားခဲ့ပါသေးတယ်။

ထို့အပြင် Jupel ဟာ နောက်ပိုင်းမှာ သူ့ရဲ့ထူးခြားတဲ့ဖန်တီးမှုစွမ်းရည်ကြောင့် Little Little Shots မှာ သူ့အရည်အချင်းကို ၀င်ရောက်ပြသခွင့်ရရှိခဲ့ရပါတယ်။

crd-original

ဖိလစ္ပိုင္နိုင္ငံ အေရွ႕ပိုင္း Mindoro ေတာင္တန္းေဒသရွိ Mangyan လူမ်ိဳးႏြယ္ဝင္တစ္ဦးျဖစ္တဲ့ အသက္ ၁၃ ႏွစ္အ႐ြယ္ Jupel Batobato အမည္ရွိေကာင္ေလးတစ္ဦးဟာ Casillon မူလတန္းေက်ာင္းမွာ သင္ၾကားေနတဲ့ေက်ာင္းသားတစ္ဦး ျဖစ္ပါတယ္။ လွ်ပ္စစ္မီးမရွိတဲ့ၿမိဳ႕တစ္ၿမိဳ႕ရွိ ဆင္းရဲႏြမ္းပါးတဲ့အသိုင္းအဝိုင္းမွ ဆင္းသက္လာခဲ့တဲ့ Jupel ဟာ သူ႕အိမ္မွ ေက်ာင္းသို႔ မိနစ္ ၂၀ လမ္းေလွ်ာက္ရင္း သူဟာ အခက္အခဲမ်ားစြာႏွင့္ မၾကာခဏရင္ဆိုင္ခဲ့ရပါတယ္။ ပ်က္စီးေနတဲ့လမ္းမ်ားေၾကာင့္ Jupel ရဲ႕ဖိနပ္တစ္ရံက တစ္လ သို႔မဟုတ္ တစ္လေတာင္ မခံခဲ့ပါဘူး။

အဲ့လိုေတြဆက္တိုက္ျဖစ္လာရာကေန Jupel ရဲ႕မိသားစုက သူ႕အတြက္ေနာက္ထပ္ဖိနပ္အသစ္တစ္ရံကို မဝယ္ေပးနိုင္ေတာ့တာေၾကာင့္ Jupel ဟာ ေက်ာင္းကိုေျခဗလာနဲ႕သြားခဲ့ရပါတယ္။

သို႔ေပမဲ့ Jupel ဟာ ေက်ာင္းသြားရင္း လမ္းမွာေတြ႕ခဲ့တဲ့ဖိနပ္ေဟာင္းမ်ားကိုလိုက္ရွာရင္းကေန ၎ကို ကစားစရာကား႐ုပ္အျဖစ္ ေျပာင္းလဲရန္ သူ႕ရဲ႕စိတ္ကူးစိတ္သန္းအတိုင္းတီထြင္ဖန္တီးဖို႔စိတ္ကူးခဲ့ပါတယ္။

ထို႔ေနာက္ Jupel ဟာ သူေတြ႕ရွိခဲ့တဲ့ စြန႔္ပစ္ရာဘာဖိနပ္မ်ားကို အိမ္သို႔ယူခဲ့ၿပီး ၎တို႔ကို အသုံးျပဳကာ သူစိတ္ကူးယဥ္ထားတဲ့ကားမ်ား၊ ဂ်စ္ကားမ်ားႏွင့္ဗင္ကားမ်ားအျဖစ္သို႔ ေျပာင္းလဲတီထြင္ခဲ့ပါတယ္။

Jupel ဟာ သူ႕ကား႐ုပ္တိုင္းကို အေသးစိတ္အႏုပညာလက္ရာတစ္ခုကဲ့သို႔ ဂ႐ုတစိုက္ထြင္းထုထားပါေသးတယ္။ သူ႕ရဲ႕ကစားစရာယာဥ္မ်ားရဲ႕ေရွ႕မွာ ဓာတ္မီးနဲ႕ LED မီးေခ်ာင္းမ်ားပါ တပ္ထားခဲ့ပါတယ္။

Jupel ရဲ႕အ႐ုပ္ကားမ်ားႏွင့္ဂ်စ္ကားမ်ားက အ႐ုပ္အေရာင္းဆိုင္မ်ားမွာ ျပသထားတဲ့အရာမ်ားႏွင့္မတူနိုင္ေပမဲ့လည္း ၎တို႔က အမွန္တကယ္အစစ္အမွန္မ်ားႏွင့္ပုံစံတူေနတာကိုေတြ႕ရမွာပါ။

Jupel ရဲ႕အ႐ုပ္ကားမ်ားအေၾကာင္း social media မွာျပန႔္ႏွံ႕သြားၿပီးေနာက္ netizen မ်ားစြာက အသုံးမဝင္ေတာ့တဲ့ပစၥည္းကေန မယုံနိုင္စရာကစားစရာမ်ားအျဖစ္ေျပာင္းလဲေပးခဲ့တဲ့ ေကာင္ေလးရဲ႕ႀကိဳးစားအားထုတ္မႈႏွင့္တီထြင္ဖန္တီးမႈစြမ္းရည္ကို ခ်ီးက်ဴးခဲ့ၾကၿပီး “ သူက ထက္ျမက္တဲ့ေကာင္ေလးဘဲ၊ သူ႕ရဲ႕ပညာေရးနဲ႕ သူ႕ရဲ႕ဘဝမွာ အေကာင္းဆုံးေအာင္ျမင္ပါေစလို႔ဆုေတာင္းပါတယ္ ၊ ဒီကမာၻႀကီးက မင္းလိုကေလးေတြကို အရမ္းလိုအပ္ေနတယ္၊ ေကာင္းမြန္တဲ့အလုပ္ကိုဆက္လုပ္ပါ ” လို႔ လူတစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။

ထို႔အျပင္ အျခားတစ္ေယာက္က “ သူ႕ရဲ႕အႏုပညာလက္ရာေတြက အနာဂတ္မွာ အမ်ားႀကီးတန္ဖိုးရွိလာလိမ့္မယ္လို႔ ငါရိုးသားစြာ ထင္ေၾကးေပးနိုင္တယ္ ”လို႔ ေရးသားခဲ့ပါေသးတယ္။

ထို႔အျပင္ Jupel ဟာ ေနာက္ပိုင္းမွာ သူ႕ရဲ႕ထူးျခားတဲ့ဖန္တီးမႈစြမ္းရည္ေၾကာင့္ Little Little Shots မွာ သူ႕အရည္အခ်င္းကို ၀င္ေရာက္ျပသခြင့္ရရွိခဲ့ရပါတယ္။

crd-original