ဗဟုသုတ

နေစရာအိမ်မရှိ၍ ရေဆိုးမြောင်းထဲတွင်၂၂နှစ်ကြာ နေထိုင်ခဲ့ကြသော သနားစရာ ဇနီးမောင်နှံနှစ်ဦး

ကိုလံဘီယာမှ သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးသည် သားသမီးတွေရှိသော်လည်း မလုပ်နိုင်မကိုင်နိုင်တော့သည့်အခါ သားသမီးတွေမှ အမွေတွေကိုအပိုင်ယူပြီးနောက် အိမ်ကနေမောင်းထုတ်ခဲ့ကြသည်။

ထို့ကြောင့် ဇနီးမောင်နှံနှစ်ဦးသည် လမ်းမပေါ်တွင် နေရတာအဆင်မပြေ၍ မိုးလုံလေလုံဖြစ်စေမည့် နေရာလေးတစ်ခုကို ရှာဖွေခဲ့စဥ် ရေဆိုးမြောင်းတစ်ခုကို တွေ့ရှိခဲ့သည်။ သူတို့နှစ်ဦးလည်း အားရဝမ်းသာနဲ့ ထိုမြောင်းကျဥ်းလေးထဲတွင် ဝင်နေကာ အမှိုက်များလိုက်ကောက်ရင်း စားဝတ်နေရေးအတွက် အဆင်ပြေအောင် ရုန်းကန်ခဲ့ကြသည်။

ရေဆိုးမြောင်းထဲတွင် နေရခြင်းဖြင့် အနံ့ဆိုးများနှင့်အတူ အင်းဆက်ပိုးမွှားတွေနှင့် ကြုံတွေ့ခဲ့ရသော်လည်း ထိုနေရာတွင် ၂၂ ကြာနေထိုင်ခဲ့ပြီး တစ်ဦးကိုတစ်ဦး ခွဲသွားဖို့မတွေးပဲ လမ်းဘေးခွေးလေးတွေကို မွေးစားရင်းနဲ့ ကျန်ရှိနေတဲ့ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြသည်။

Zawgyi




