ဗဟုသုတ

ဝမ်းချုပ်တာ သက်သာစေတယ်ဆိုလို့ ငါးရှဥ့်တစ်ကောင်ကို စအိုထဲထည့်ခဲ့သော ကောင်လေး၏အဖြစ်

တရုတ်နိုင်ငံ Jiangsu ပြည်နယ်တွင် နေထိုင်သော ကောင်လေးတစ်ဦးသည် အစားမှားခြင်းဖြင့် ဝမ်းချုပ်နေခဲ့သည်မှာ ၄ရက်လောက်ရှိပြီး ဆေးများသောက်ခဲ့သော်လည်း ဘာမှမထူးလာခဲ့ပေ။

ထို့ကြောင့် ကောင်လေးသည် ကြားစကားအတိုင်း ဝမ်းချုပ်တာ အမြန်ဆုံးပျောက်သွားအောင် ၂၀စင်တီမီတာအရှည်ရှိသော ငါးရှဥ့်တစ်ကောင်ကို စျေးမှဝယ်ခဲ့ပြီး အိမ်ရောက်တော့ စအိုထဲထည့်ခဲ့သည်။ သို့သော်လည်း ဝမ်းချုပ်တာ ပျောက်မသွားသည့်အပြင် ငါးရှဥ့်မှာ အဆာအိမ်ထဲရောက်သွားကာ ဗိုက်ထဲတွင် မွှေနောက်နေတော့သည်။

ကောင်လေးလည်း ဆေးခန်းသို့သွားပြဖို့ရာ ရှက်နေခဲ့ပြီး ပြန်ထွက်လာမည်အထင်နှင့် စောင့်ကြည့်ခဲ့ရာ အလွန်နာကျင်လာသည့်အတွက် မနေနိုင်တော့ပဲ ဆရာဝန်ဆီ သွားပြခဲ့သည်။

ဆရာဝန်များမှ ကောင်လေး၏ဝမ်းဗိုက်ကို ခွဲစိတ်ခဲ့ပြီးနောက် ကံကောင်းစွာဖြင့် ငါးရှဥ့်အား ဖယ်ရှားပေးနိုင်ခဲ့သည်။

zawgyi

ဝမ်းချုပ်တာ သက်သာစေတယ်ဆိုလို့ ငါးရှဥ့်တစ်ကောင်ကို စအိုထဲထည့်ခဲ့သော ကောင်လေးဧ။်အဖြစ်

တရုတ်နိုင်ငံ Jiangsuပြည်နယ်တွင် နေထိုင်သော ကောင်လေးတစ်ဦးသည် အစားမှားခြင်းဖြင့် ဝမ်းချုပ်နေခဲ့သည်မှာ ၄ရက်လောက်ရှိပြီး ဆေးများသောက်ခဲ့သော်လည်း ဘားမှမထူးလာခဲ့ပေ။

ထို့ကြောင့် ကောင်လေးသည် ကြားစကားအတိုင်း ဝမ်းချုပ်တာ အမြန်ဆုံးပျောက်သွားအောင် ၂၀စင်တီမီတာအရှည်ရှိသော ငါးရှဥ့်တစ်ကောင်ကို ဈေးမှဝယ်ခဲ့ပြီး အိမ်ရောက်တော့ စအိုထဲ ထည့်ခဲ့သည်။



ဆရာဝန်များမှ ကောင်လေးဧ။်ဝမ်းဗိုက်ကို ခွဲစိတ်ခဲ့ပြီးနောက် ကံကောင်းစွာဖြင့် ငါးရှဥ့်အား ဖယ်ရှားပေးနိုင်ခဲ့သည်။