ဗဟုသုတ

တရုတ်ပြည်သမိုင်းမှာ မရှိခဲ့တဲ့ လူတစ်ယောက်ဖြစ်သွားတဲ့ နာမည်ကျော်မင်းသမီး Zhao Wei

တ႐ုတ္ျပည္သမိုင္းမွာ မရွိခဲ့တဲ့ လူတစ္ေယာက္ျဖစ္သြားတဲ့ နာမည္ေက်ာ္မင္းသမီး Zhao Wei

(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)

နာမည္ေက်ာ္တ႐ုတ္မင္းသမီးျဖစ္တဲ့ Zhao Wei ဟာ တ႐ုတ္နိုင္ငံတြင္း ဗီဒီယိုပလက္ေဖာင္းေတြေပၚကေန သူမရဲ႕ ႐ုပ္ပုံအားလုံးကို ဖယ္ရွားခံလိုက္ရၿပီလို႔ သိရပါတယ္။ ဆယ္လီေတြအေပၚ ပစ္မွတ္ထားၿပီးထိန္းခ်ဳပ္ေနတဲ့ ေဘဂ်င္းအစိုးရရဲ႕ ေနာက္ဆုံးေသာသားေကာင္အျဖစ္ Zhao Wei က ျဖစ္လာခဲ့ၿပီး သူမရဲ႕ အေငြ႕ အသက္၊ ပုံရိပ္ေတြအားလုံးကို အၿပီးတိုင္ပယ္ေဖ်ာက္ခံလိုက္ရတာလည္းျဖစ္ပါတယ္။…

ဘီလ်ံနာတစ္ဦးလည္းျဖစ္တဲ့ Zhao Wei ဟာ အာရွတိုက္မွာေတာ့ နာမည္ေက်ာ္ၾကားတဲ့ၾကယ္ပြင့္သ႐ုပ္ ေဆာင္တစ္ဦးျဖစ္ၿပီး တ႐ုတ္အကယ္ဒမီဆုရသ႐ုပ္ ေဆာင္ နဲ႕ ဒါရိုက္တာတစ္ဦးလည္းျဖစ္ပါတယ္။ ၂၀၀၀ ျပည့္ႏွစ္ကာလေတြမွာ အလႊမ္းမိုးနိုင္ဆုံး တ႐ုတ္မင္း သမီးတစ္ဦးျဖစ္ခဲ့ၿပီး Dearest ၊ Mulan ၊ Shaolin Soccer ၊ Painted Skin ၊ Three အစရွိတဲ့ ဇာတ္ကားေတြက သူမရဲ႕နာမည္အႀကီးဆုံးဇာတ္ကားေတြလည္းျဖစ္ပါတယ္။…

တ႐ုတ္အစိုးရပိုင္ Global Times သတင္းစာကေတာ့ Zhao Wei ဟာ အရႈပ္ထုပ္ေပါင္းမ်ားစြာမွာ ပါဝင္ပတ္သက္ေနတယ္လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။ နာမည္ေက်ာ္တ႐ုတ္သူေဌးဂ်က္မားရဲ႕ အလီဘာဘာအုပ္စုေအာက္က ႐ုပ္ရွင္ကုမၸဏျဖစ္တဲ့ Alibaba Pictures Group မွာ သူမရဲ႕အစုရွယ္ယားေတြပါဝင္ထားမႈအပါအဝင္ ရင္းႏွီးျမဳပ္ႏွံမႈေတြနဲ႕ပတ္သက္ၿပီး တရားစြဲဆိုထားမႈအမ်ိဳးမ်ိဳးကို အေသးစိတ္ေဖာ္ျပခဲ့ပါတယ္။…

အဓိကအေၾကာင္းရင္းကေတာ့ သူမဟာ ထိုင္ဝမ္မင္း သားတစ္ဦးကို သူမရိုက္ကူးေနတဲ့ဇာတ္ကားမွာ အဓိကေခါင္းေဆာင္မင္းသားအျဖစ္ ထည့္သြင္းမႈကေန စတင္ခဲ့တယ္လို႔ ဆိုပါတယ္။ တ႐ုတ္ထိပ္တန္းအင္တာနက္ေစာင့္ၾကည့္ေရးအဖြဲ႕ကလည္း နာမည္ေက်ာ္အႏုပညာရွင္ေတြအတြက္ ေက်ာ္ၾကားမႈအရႈပ္ေတာ္ပုံေတြ ျပန႔္ပြားေစတဲ့ေဆြးေႏြးမႈလမ္းေၾကာင္းေတြကို ပိတ္ပစ္မယ္လို႔ ဒီေန႕မွာ ေျပာဆိုခဲ့ပါတယ္။…

နိုင္ငံပိုင္မီဒီယာေတြကလည္း တ႐ုတ္ေဖ်ာ္ေျဖေရးယဥ္ေက်းမႈကို ေျပာင္းလဲပစ္ဖို႔ တိုက္တြန္းေနၾကၿပီး ၿပီးခဲ့တဲ့တစ္ပတ္ကပဲ ေယာက်္ားမပီသတဲ့ပုံစံမ်ိဳးေတြကို ႐ုပ္သံမွာျပသခြင့္ျပဳမွာမဟုတ္ဘူးလို႔ တားျမစ္ခဲ့ပါေသးတယ္။ Zhao Wei ကေတာ့ လက္ရွိမွာ ျပင္သစ္ကိုထြက္ခြာသြားၿပီလို႔ ယုံၾကည္ရၿပီး သူမနဲ႕အတူ ခင္ပြန္းသည္ပါအတူလိုက္ပါသြားခဲ့ကာ သူမပိုင္ေနအိမ္မွာပဲ သြားေရာက္ေနထိုင္ေနတယ္လို႔ ဆိုပါတယ္။…

သူမရဲ႕ ရွိသမွ်ေသာပုံရိပ္အားလုံးကို အြန္လိုင္းဗီဒီယိုပလက္ေဖာင္းေတြကေန ဖယ္ရွားပစ္ခဲ့တာျဖစ္ၿပီး တ႐ုတ္ျပည္သမိုင္းမွာ Zhao Wei ဆိုတဲ့ မင္းသမီးမရွိခဲ့ဘူးလို႔ ျပည္ဖုံးကားခ်ပစ္တဲ့အထိ လုပ္ပစ္ခဲ့တာလို႔လည္း ေဝဖန္သူေတြကဆိုပါတယ္။…

TRNs

ယူနီကုဒ်ဖြင့် ဖတ်ရန်

တရုတ်ပြည်သမိုင်းမှာ မရှိခဲ့တဲ့ လူတစ်ယောက်ဖြစ်သွားတဲ့ နာမည်ကျော်မင်းသမီး Zhao Wei

နာမည်ကျော်တရုတ်မင်းသမီးဖြစ်တဲ့ Zhao Wei ဟာ တရုတ်နိုင်ငံတွင်း ဗီဒီယိုပလက်ဖောင်းတွေပေါ်ကနေ သူမရဲ့ ရုပ်ပုံအားလုံးကို ဖယ်ရှားခံလိုက်ရပြီလို့ သိရပါတယ်။

ဆယ်လီတွေအပေါ် ပစ်မှတ်ထားပြီးထိန်းချုပ်နေတဲ့ ဘေဂျင်းအစိုးရရဲ့ နောက်ဆုံးသောသားကောင်အဖြစ် Zhao Wei က ဖြစ်လာခဲ့ပြီး သူမရဲ့ အငွေ့ အသက်၊ ပုံရိပ်တွေအားလုံးကို အပြီးတိုင်ပယ်ဖျောက်ခံလိုက်ရတာလည်းဖြစ်ပါတယ်။…

ဘီလျံနာတစ်ဦးလည်းဖြစ်တဲ့ Zhao Wei ဟာ အာရှတိုက်မှာတော့ နာမည်ကျော်ကြားတဲ့ကြယ်ပွင့်သရုပ် ဆောင်တစ်ဦးဖြစ်ပြီး တရုတ်အကယ်ဒမီဆုရသရုပ် ဆောင် နဲ့ ဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်ကာလတွေမှာ အလွှမ်းမိုးနိုင်ဆုံး တရုတ်မင်း သမီးတစ်ဦးဖြစ်ခဲ့ပြီး Dearest ၊ Mulan ၊ Shaolin Soccer ၊ Painted Skin ၊ Three အစရှိတဲ့ ဇာတ်ကားတွေက သူမရဲ့နာမည်အကြီးဆုံးဇာတ်ကားတွေလည်းဖြစ်ပါတယ်။…

တရုတ်အစိုးရပိုင် Global Times သတင်းစာကတော့ Zhao Wei ဟာ အရှုပ်ထုပ်ပေါင်းများစွာမှာ ပါဝင်ပတ်သက်နေတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။ နာမည်ကျော်တရုတ်သူဌေးဂျက်မားရဲ့ အလီဘာဘာအုပ်စုအောက်က ရုပ်ရှင်ကုမ္ပဏဖြစ်တဲ့ Alibaba Pictures Group မှာ သူမရဲ့အစုရှယ်ယားတွေပါဝင်ထားမှုအပါအဝင် ရင်းနှီးမြုပ်နှံမှုတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုထားမှုအမျိုးမျိုးကို အသေးစိတ်ဖော်ပြခဲ့ပါတယ်။…

အဓိကအကြောင်းရင်းကတော့ သူမဟာ ထိုင်ဝမ်မင်း သားတစ်ဦးကို သူမရိုက်ကူးနေတဲ့ဇာတ်ကားမှာ အဓိကခေါင်းဆောင်မင်းသားအဖြစ် ထည့်သွင်းမှုကနေ စတင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ထိပ်တန်းအင်တာနက်စောင့်ကြည့်ရေးအဖွဲ့ကလည်း နာမည်ကျော်အနုပညာရှင်တွေအတွက် ကျော်ကြားမှုအရှုပ်တော်ပုံတွေ ပြန့်ပွားစေတဲ့ဆွေးနွေးမှုလမ်းကြောင်းတွေကို ပိတ်ပစ်မယ်လို့ ဒီနေ့မှာ ပြောဆိုခဲ့ပါတယ်။…

နိုင်ငံပိုင်မီဒီယာတွေကလည်း တရုတ်ဖျော်ဖြေရေးယဉ်ကျေးမှုကို ပြောင်းလဲပစ်ဖို့ တိုက်တွန်းနေကြပြီး ပြီးခဲ့တဲ့တစ်ပတ်ကပဲ ယောကျ်ားမပီသတဲ့ပုံစံမျိုးတွေကို ရုပ်သံမှာပြသခွင့်ပြုမှာမဟုတ်ဘူးလို့ တားမြစ်ခဲ့ပါသေးတယ်။

Zhao Wei ကတော့ လက်ရှိမှာ ပြင်သစ်ကိုထွက်ခွာသွားပြီလို့ ယုံကြည်ရပြီး သူမနဲ့အတူ ခင်ပွန်းသည်ပါအတူလိုက်ပါသွားခဲ့ကာ သူမပိုင်နေအိမ်မှာပဲ သွားရောက်နေထိုင်နေတယ်လို့ ဆိုပါတယ်။…

သူမရဲ့ ရှိသမျှသောပုံရိပ်အားလုံးကို အွန်လိုင်းဗီဒီယိုပလက်ဖောင်းတွေကနေ ဖယ်ရှားပစ်ခဲ့တာဖြစ်ပြီး တရုတ်ပြည်သမိုင်းမှာ Zhao Wei ဆိုတဲ့ မင်းသမီးမရှိခဲ့ဘူးလို့ ပြည်ဖုံးကားချပစ်တဲ့အထိ လုပ်ပစ်ခဲ့တာလို့လည်း ဝေဖန်သူတွေကဆိုပါတယ်။…