ကလေး နို့ကို ညစ်ခိုင်းသူများ၊ ကတုံးတုံးခိုင်းသူများ၊ ချက်ထဲ ဟိုဆေးထည့် ဒီဆေးထည့်ခိုင်းသူများ ၊ သနပ်ခါး၊ ပေါင်ဒါ သုံးခိုင်းသူများ
ကိုယ်တွေနိုင်ငံက ကျန်းမာရေး ပညာပေး ဘယ်လိုလုပ်လုပ် အရိုးစွဲနေတဲ့ မဟုတ်မဟုတ် အတွေးအခေါ် အယူအဆကတော့ ပြင်ကိုမပြင်နိုင်ကြဘူး တလွဲဆံပင်ကောင်းတွေ သနပ်ခါးက သဘာဝလို့တော့ လာမပြောနဲ့ ဘယ်သနပ်ခါးတုံးမှ ပိုးသတ်ပြီးရောင်တာ မရှိသေးပါဘူး ကလေးမိဘတွေ သတိထားကြပါ !
မရှိတာထက် မသိတာကခက် မသိတာထက် သိသိနဲ့မလိုက်နာတာက ပိုခက်
ကလေးအနှီးဖွင့်လိုက်တော့ ချက်ပုပ်တဲ့အနံ့ကထောင်းခဲရလိုက်တယ် ။ ခေါင်းလေးပြောင် ၊ အဖျားတွေတတ် နို့အုံလေးယောင်ပြီး ငိုနေတဲ့ ကလေးကိုကြည့်ပြီး သနားစိတ်နဲ့အတူ မိဘတွေကို နဲနဲတော့ဆူမိတယ် ။
ဘယ်မှာမွေးတာလဲ ဆိုတော့ ဆေးရုံမှာဆရာမတွေကလဲဆောင်ရန်ရှောင်ရန်တွေပြောပြတယ် အိမ်က အဖွားကလုပ်ဆိုလို့ တဲ့ ( ကလေးငယ် နို့အုံယောင်နေတာ အဖွားလက်နဲ့ညှစ်တာ ကြီးတဲ့အခါနို့မစူအောင်တဲ့ ၊ ခေါင်းရိတ်ခိုင်းတယ် ၊ သနပ်ခါးနဲ့ပေါင်ဒါတွေက သမီးလုပ်ထားတာ )
ကလေးမေမေရေ ကလေးတွေမှာသဘာဝအတိုင်းဖြစ်လေ့ရှိပြီး ကုသစရာမလိုတဲ့အရာတွေကို သိထားရမယ်နော်နို့တအားစို့ပြီး ဗိုက်တင်းတဲ့အခါ နဲနဲအန်တတ်ပါတယ် သွားဖုံးလေးတွေကို လျှာနဲ့ထိုးပြီး အယားဖြေတတ်ပါတယ် (သူငယ်နာမဟုတ်ပါ)လန့်တတ်ပါတယ် (အတွင်းတတ်မဟုတ်ပါ)ခါးကော့တာ ၊ညှစ်တာပုံမှန်ပါ (တတ်တာ မဟုတ်ပါ)
ကလေးငယ်ရဲ့နို့အုံလေးစူနေတတ်ပါတယ် (အမေဆီကလာတဲ့ ဟော်မုန်းကြောင့်ပါ၊ တစ်လလောက်ဆိုပုံမှန်ပြန်ဖြစ်ပါတယ်၊မညှစ်ရပါ ၊ပုံထဲက ကလေးလေးက အဖွားလက်နဲ့ညှစ်ရာက ရောဂါပိုးဝင်ပြီး ဆေးရုံရောက်လာတာပါ)
ငိုပါတယ် ( မငိုတဲ့ကလေး မရှိသလောက်ပါ )ကျို့ထိုးပါတယ် (ပုံမှန်ပါ ၊တဖြည်းဖြည်းအကြိမ်ရေ နဲလာပြီး တလကျော်ရင်ကျို့မထိုးတော့ပါဘူး)
အရေးကြီးတာက
၁။ မွေးကင်းစကလေးကို ခေါင်းမရိတ်ပါနဲ့ ( ခေါင်းရိတ်တာမှားရင်တော့ ပိုးဝင်ပြီးကလေးငယ်သေဆုံးတတ်ပါတယ်)(ပုံမှာပါတဲ့ကလေးတွေ)
၂။ လှစေချင်ဇောနဲ့ သနပ်ခါးပေါင်ဒါ မသုံးပါနဲ့ (ပုံထဲက ကလေးငယ်က သနပ်ခါးချက်ကိုပုံရင်း ချက်ကြိုးပိုးဝင်တာပါ )
၃။ ဆေးမြီးတိုရမ်းမတိုက်ပါနဲ့ (တိုင်းရင်းဆေးသုံးချင်ရင် တိုင်းရင်းဆေးဆရာ အစစ်နဲ့ပြပါ ) ပြောပြခဲတာတွေကတော့ အများကြီးပါ ။
ဒီခေတ်က စာရှည်ရင်မဖတ်ချင်ကြတော့ ဒီလောက်ပါပဲ ။ ကျန်းမာချမ်းသာကြပါစေ ခင်ဗျာ
Cd-မူရင်းတင်ပြသူ
Zawgyi
ကလေး နို့ကို ညစ်ခိုင်းသူများ၊ ကတုံးတုံးခိုင်းသူများ၊ ချက်ထဲ ဟိုဆေးထည့် ဒီဆေးထည့်ခိုင်းသူများ ၊ သနပ်ခါး၊ ပေါင်ဒါ သုံးခိုင်းသူများ
ကိုယ်တွေနိုင်ငံက ကျန်းမာရေး ပညာပေး ဘယ်လိုလုပ်လုပ် အရိုးစွဲနေတဲ့ မဟုတ်မဟုတ် အတွေးအခေါ် အယူအဆကတော့ ပြင်ကိုမပြင်နိုင်ကြဘူး တလွဲဆံပင်ကောင်းတွေသနပ်ခါးက သဘာဝလို့ တော့ လာမပြောနဲ့ ဘယ် သနပ်ခါးတုံးမှ ပိုးသတ်ပြီးရောင်တာ မရှိသေးပါဘူး ကလေးမိဘတွေ သတိထားကြပါ !
မရှိတာထက် မသိတာကခက် မသိတာထက် သိသိနဲ့မလိုက်နာတာက ပိုခက်
ကလေးအနှီးဖွင့်လိုက်တော့ ချက်ပုပ်တဲ့အနံ့ကထောင်းခဲရလိုက်တယ် ။ ခေါင်းလေးပြောင် ၊ အဖျားတွေတတ် နို့အုံလေးယောင်ပြီး ငိုနေတဲ့ ကလေးကိုကြည့်ပြီး သနားစိတ်နဲ့အတူ မိဘတွေကို နဲနဲတော့ဆူမိတယ် ။
ဘယ်မှာမွေးတာလဲ ဆိုတော့ ဆေးရုံမှာဆရာမတွေကလဲဆောင်ရန်ရှောင်ရန်တွေပြောပြတယ် အိမ်ကအဖွားကလုပ်ဆိုလို့တဲ့(ကလေးငယ် နို့အုံယောင်နေတာ အဖွားလက်နဲ့ညှစ်တာ ကြီးတဲ့အခါနို့မစူအောင်တဲ့ ၊ ခေါင်းရိတ်ခိုင်းတယ် ၊ သနပ်ခါးနဲ့ပေါင်ဒါတွေက သမီးလုပ်ထားတာ )
ကလေးမေမေရေ ကလေးတွေမှာသဘာဝအတိုင်းဖြစ်လေ့ရှိပြီး ကုသစရာမလိုတဲ့အရာတွေကို သိထားရမယ်နော်
နို့တအားစို့ပြီး ဗိုက်တင်းတဲ့အခါ နဲနဲအန်တတ်ပါတယ် သွားဖုံးလေးတွေကို လျှာနဲ့ထိုးပြီး အယားဖြေတတ်ပါတယ် (သူငယ်နာမဟုတ်ပါ)လန့်တတ်ပါတယ် (အတွင်းတတ်မဟုတ်ပါ)ခါးကော့တာ ၊ညှစ်တာပုံမှန်ပါ (တတ်တာ မဟုတ်ပါ)