အာဏာရှင်ကို ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာပါဝင်နေကြပြီးပြည်သူတွေဘက်ကို ရပ်တည်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ များစွာရှိနေကြပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ CDM ပြုလုပ်လာတဲ့ ရဲဘော်တွေကို ကြိုဆိုနေကြပြီးနေရာထိုင်ခင်းနဲ့ စားသောက်ဖို့အတွက် စီစဉ်ပေးနေကြပါတယ် ။
စက်တင်ဘာလ(၁၃)ရက်နေ့ ယနေ့မှာတော့ CDFတပ်ဖွဲ့ဝင်တစ်ဦးဟာ သူတို့လက်အောက်မှာမနေချင်တော့တဲ့ CDMရဲဘော်နှစ်ဦးကို ပြန်လွှတ်ပေးခဲ့တဲ့အပြင် ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်။အဆိုပါ ရဲဘော်နှစ်ဦးက CDM လှုပ်ရှားမှုမှာ ပါဝင်လာပြီး CDF တပ်ဖွဲ့တစ်ဖွဲ့ဆီ ခိုလှုံရင်းယခုမှာတော့ CDFတပ်ဖွဲ့ဝင်တွေနဲ့ ခင်မင်ရင်နှီးနေခဲ့တာ ဖြစ်ပါတယ်။
CDFတပ်ဖွဲ့ဝင်တစ်ဦးကတော့ ယနေ့အချိန်ထိ သူတို့အပေါ် သစ္စာရှိရှိနဲ့ ပူးပေါင်းပါဝင်ပြီး လက်တွဲပေးကြတဲ့အတွက်အဆိုပါ CDMရဲဘော်နှစ်ဦးကို လေးစားမိကြောင်း တစ်ချိန်က ခံယူချက်တွေ အယူအဆတွေကြောင့်တိုက်ခိုက်ခဲ့ကြပေမဲ့ ယခုလိုအမြင်မှန်ရပြီး ပြည်သူ့ဘက် ပူးပေါင်းလာတဲ့အတွက် လေးစားဂုဏ်ယူမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
အဆိုပါ CDFတပ်ဖွဲ့ဝင် တစ်ဦးကတော့ ယခုအချိန်မှာတော့ သူတို့လက်အောက်မှာ မနေချင်တော့တဲ့CDM ရဲဘော်နှစ်ဦးကို သွားချင်တဲ့နေရာ လွတ်လပ်စွာသွားလာနိုင်ဖို့အတွက် ပြန်လွှတ်ပေးခဲ့ကြောင်း၊ CDMရဲဘော်နှစ်ဦး ပြောသလို မိသားစုနဲ့ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း၊ နောင်တစ်ချိန် လမ်းကြုံလို့ ပြန်တွေ့ခဲ့ကြရင် လက်ပြနှုတ်ဆက်လို့ရကြောင်း ပြောဆိုထားခဲ့ပါတယ်။
နှုတ်ဆက်မခွဲခွာခင် အမှတ်တရ ဓာတ်ပုံရိုက်ကူးနေကြတဲ့ CDFတပ်ဖွဲ့ဝင်နှစ်ဦးနဲ့CDM ရဲဘော်နှစ်ဦးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။
အာဏာရှင်ကို ဆန့်ကျင်တဲ့ CDMလှုပ်ရှားမှုမှာ ပါဝင်နေကြပြီးပြည်သူတွေဘက်ကို ရပ်တည်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေ များစွာရှိနေကြပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေကတော့ CDMပြုလုပ်လာတဲ့ ရဲဘော်တွေကို ကြိုဆိုနေကြပြီးနေရာထိုင်ခင်းနဲ့ စားသောက်ဖို့အတွက် စီစဉ်ပေးနေကြပါတယ် ။
စက်တင်ဘာလ (၁၃)ရက်နေ့ ယနေ့မှာတော့ CDFတပ်ဖွဲ့ဝင်တစ်ဦးဟာ သူတို့လက်အောက်မှာမနေချင်တော့တဲ့ CDM ရဲဘော်နှစ်ဦးကို ပြန်လွှတ်ပေးခဲ့တဲ့အပြင် ဆုမွန်ကောင်းလေးပါ တောင်းပေးလိုက်ပါတယ်။အဆိုပါ ရဲဘော်နှစ်ဦးက CDM လှုပ်ရှားမှုမှာ ပါဝင်လာပြီး CDF တပ်ဖွဲ့တစ်ဖွဲ့ဆီ ခိုလှုံရင်းယခုမှာတော့ CDFတပ်ဖွဲ့ဝင်တွေနဲ့ ခင်မင်ရင်နှီးနေခဲ့တာ ဖြစ်ပါတယ်။
CDFတပ်ဖွဲ့ဝင်တစ်ဦးကတော့ ယနေ့အချိန်ထိ သူတို့အပေါ် သစ္စာရှိရှိနဲ့ ပူးပေါင်းပါဝင်ပြီး လက်တွဲပေးကြတဲ့အတွက်အဆိုပါ CDMရဲဘော်နှစ်ဦးကို လေးစားမိကြောင်း တစ်ချိန်က ခံယူချက်တွေ အယူအဆတွေကြောင့်တိုက်ခိုက်ခဲ့ကြပေမဲ့ ယခုလိုအမြင်မှန်ရပြီး ပြည်သူ့ဘက် ပူးပေါင်းလာတဲ့အတွက် လေးစားဂုဏ်ယူမိကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
အဆိုပါ CDFတပ်ဖွဲ့ဝင် တစ်ဦးကတော့ ယခုအချိန်မှာတော့ သူတို့လက်အောက်မှာ မနေချင်တော့တဲ့CDM ရဲဘော်နှစ်ဦးကို သွားချင်တဲ့နေရာ လွတ်လပ်စွာ သွားလာနိုင်ဖို့အတွက် ပြန်လွှတ်ပေးခဲ့ကြောင်း၊CDMရဲဘော်နှစ်ဦး ပြောသလို မိသားစုနဲ့ သာယာပျော်ရွှင်တဲ့ ဘဝလေးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း၊နောင်တစ်ချိန် လမ်းကြုံလို့ ပြန်တွေ့ခဲ့ကြရင် လက်ပြနှုတ်ဆက်လို့ရကြောင်း ပြောဆိုထားခဲ့ပါတယ်။
နှုတ်ဆက်မခွဲခွာခင် အမှတ်တရ ဓာတ်ပုံရိုက်ကူးနေကြတဲ့ CDFတပ်ဖွဲ့ဝင်နှစ်ဦးနဲ့CDM ရဲဘော်နှစ်ဦးရဲ့ ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။