Liu ဟာ သူ့မှာသား ၃ ယောက်ရှိပြီး သူရဲ့သားများကိုထောက်ပံ့ရန် မြို့သို့သွားပြီး အလုပ်လုပ်ခဲ့ပါတယ်။ Liu ဟာ မြို့မှာပင်ပန်းတဲ့အလုပ်များစွာကိုလုပ်ကိုင်ခဲ့ရပေမဲ့လည်း သားသုံးယောက်ရဲ့လိုအပ်ချက်များကိုဖြည့်ဆည်းပေးဖို့ထိုက်တန်တယ်လို့ထင်နေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အပြင်မှာအလုပ်လုပ်ခဲ့ပြီးနောက် အသက် ၇၀ နီးပါးရှိပြီးဖြစ်တဲ့ Liu ရဲ့ခန္ဓာကိုယ်ဟာ ယခင်လို့ ပင်ပန်းတဲ့အလုပ်များကိုမလုပ်နိုင်တော့တာကြောင့် Liu ဟာ သူရဲ့ဇာတိမြို့သို့ပြန်လာခဲ့ပါတယ်။
သို့ပေမယ့် သူ့သားများနဲ့နှစ်ပေါင်းများစွာအတူမနေခဲ့ရသလို သားများရဲ့အကျင့်စရိုက်ကိုသေချာမသိနေတာကြောင့် Liu ဟာ သူ့အပေါ် သားသုံးယောက်ရဲ့သဘောထားကိုစုံစမ်းရန် သူ့ကိုယ်သူ သူတောင်းစားတစ်ဦးလိုဟန်ဆောင်ကာ ရွာသို့ပြန်ခဲ့ပါတယ်။
ပထမဦးစွာ Liu က သားအကြီးဆုံးရဲ့အိမ်သို့သွားပြီး အကြီးဆုံးသားအား “ သား၊ အဖေပြန်လာပြီ” လို့ပြောခဲ့ပေမဲ့ အကြီးဆုံးသားက သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး စက်ဆုပ်ဖွယ်ကောင်းတဲ့မျက်နှာထားနှင့် Liu အား ပြင်းထန်စွာ ထုတ်ကာ သူ့အဖေမဟုတ်ကြောင်း ငြင်းခဲ့တာကြောင့် Liu က သူဟာ မြို့ပေါ်မှာအလုပ်မရှိတော့လို့ အိမ်ပြန်လာတာဖြစ်ကြောင်းဆိုခဲ့ပေမဲ့ သားကြီးက လက်မခံပေးဘဲ နေအိမ်မှ မောင်းထုတ်ပစ်ခဲ့ပါတယ်။
ထို့နောက် Liu ဟာ သူ့ရဲ့ဒုတိယသားအိမ်သို့ဦးတည်ခဲ့ပေမဲ့ ဒုတိယမြောက်သားကလည်း အကြီးဆုံးသားလို အလားတူပုံစံမျိုးဖြင့် သူ့အား တုံ့ပြန်ခဲ့ပါတယ်။ ဒုတိယသားရဲ့လုပ်ရပ်ဟာ Liuအား စိတ်ပျက်အားငယ်သွားစေခဲ့ပေမဲ့ သူဟာ နောက်ဆုံးမျှော်လင့်ချက်အနေဖြင့် အငယ်ဆုံးသားရဲ့အိမ်ဆီသို့ ထပ်မံလျှောက်လှမ်းခဲ့ပါတယ်။
သူတောင်းစားဖြစ်သွားတဲ့ဖခင်ကိုမြင်လိုက်တဲ့အခါ အငယ်ဆုံးသားဟာ ချက်ချင်းမျက်ရည်ကျပြီး “ အဖေက ဘာလို့ဒီလိုဖြစ်နေတာလဲ ၊ အလုပ်မလုပ်ပါနဲ့တော့ ၊ ကျွန်တော့်အိမ်မှာ လာနေပါ” လို့ဆိုလိုက်ပြီး မိန်းမဖြစ်သူအား “ အဖေရေချိုးဖို့အတွက် မြန်မြန်ရေနွေးကျိုလိုက်၊ အဖေ ဗိုက်ဆာနေမှာဆိုးလို့ ငါ စားစရာအချို့ကို သွားဝယ်ခဲ့မယ် ” လို့ပြောကာ ထွက်သွားခဲ့ပါတယ်။
သားအငယ်ဆုံး စျေးကနေပြန်လာတဲ့နောက် အဘိုးက သားဖြစ်သူအား သူ့မှာ ငွေတွေမရှိတော့တာကြောင့် ၎င်းအိမ်မှာနေဖို့ စိတ်မသက်သာရကြောင်းပြောခဲ့ပေမဲ့ သားဖြစ်သူက ၎င်းတို့အခုလိုအိမ်မျိုးမှာနေနိုင်ရခြင်းက အဖေ့ရဲ့ကျေးဇူးကြောင့်သာဖြစ်တာကြောင့် ပိုက်ဆံအကြောင်းမပြောဖို့နှင့် သူ့ရဲ့ဇနီးဖြစ်သူကလည်း အဘိုး Liu အား အားမနာဘဲ ၎င်းတို့နှင့်အတူနေထိုင်ရန် သူမရဲ့ယောက္ခထီးအား ပြောကြားခဲ့ပါတယ်။
ထိုစကားများကြောင့် Liu ဟာ မျက်ရည်များနှင့်အတူ သူနှင့်အတူပါလာတဲ့အိတ်ကြီးကို ချက်ချင်းဖွင့်လိုက်ပြီး “ ငါ့သား၊ ဒါက ငါ့စုထားခဲ့တဲ့ငွေတွေဘဲ ၊ အမေရိကန်ဒေါ်လာ ၁၃၆,၀၈၄ (ယွမ် ၈၈၀,၀၀၀) ရှိတယ်၊ ဒီငွေအားလုံးက မင်းတို့အတွက်ဘဲ ငါလည်း အခုချိန်ကစပြီး မင်းတို့နဲ့အတူတူနေမယ် ”လို့ ပြောခဲ့ပါတယ်။
သို့ပေမဲ့ အငယ်ဆုံးသားက အဖေဖြစ်သူဟာ သူ့အား ငယ်ရာကနေ ကြီးပြီး မိန်းမရသွားတဲ့အထိ ထောက်ပံ့ပေးနေခဲ့တာကြောင့် ၎င်းငွေတွေကို လက်မခံဘဲ အဖေကသာ ၎င်းငွေတွေကို ကိုယ်တိုင်သိမ်းထားသင့်ကြောင်း ပြန်ပြောခဲ့ပါတယ်။ နောက်ဆုံးမှာ သားအကြီးဆုံးနှင့် ဒုတိယသားတို့က အဖေဖြစ်သူရဲ့လုပ်ဇာတ်ကိုသိသွားတဲ့အခါ နောင်တရပြီးတောင်းပန်ဖို့လာခဲ့ကြပေမဲ့လည်း အဘိုး Liu က ၎င်းတို့ကို သင်ခန်းစာပေးကာမောင်းထုတ်လိုက်ပြီး ၎င်းတို့ကိုလည်း ငွေတစ်ပြားတစ်ချပ်မှ မပေးခဲ့ပါဘူး။
Mia (KB Chimmy One)
Reference : goodtimes