“ေအာင္ဘာေလထီလက္မွတ္မ်ားကို အြန္လိုင္းမွ ေရာင္းခ်နိဳင္ေရး နည္းပညာဝန္ေဆာင္မႈေပးလိုေသာ လုပ္ငန္းရွင္မ်ားကို ဖိတ္ေခၚ”
(Zawgyi Font ဖြင့် ဖတ်မရသူများ အောက်တွင် Unicode ဖြင့် ဖော်ပြထားသည်)
ေအာင္ဘာေလထီလက္မွတ္မ်ားကို အြန္လိုင္းမွ တစ္ဆင့္ေရာင္းခ်နိဳင္ရန္အတြက္ စီမံကိန္း ႏွင့္ဘ႑ာေရးႀကီးဌာနမွ လုပ္ငန္းရွင္မ်ားကို အဆိုျပဳလႊာအေနျဖင့္ ဖိတ္ေခၚလိုက္ေၾကာင္း စက္တင္ဘာ ၁၁ ရက္ေန႕ထုတ္ နိုင္ငံပိုင္သတင္းစာတြင္ ထည့္သြင္းေၾကာ္ျငာသည္။
အဆိုပါ ေၾကာ္ျငာစာတြင္ စီမံကိန္း ႏွင့္ဘ႑ာေရးႀကီးဌာန ျပည္တြင္းအခြန္မ်ားဦးစီးဌာန အေနျဖင့္ ေအာင္ ဘာေလ ထီလက္မွတ္မ်ားကို ကံစမ္းသူမ်ား လြယ္ကူလ်င္ျမန္စြာ ကံစမ္းနိုင္ေစေရးအတြက္ လက္ရွိေရာင္းခ် က်င့္သုံးလ်က္ရွိေသာ ေအာင္ဘာေလထီလက္မွတ္ ေရာင္းခ်သည့္ စနစ္(Paper Lottery) အျပင္ Online မွ တစ္ဆင့္ ေရာင္းခ်သည့္ စနစ္ျဖင့္ပါ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပပါရွိသည္။
ယင္းကဲ့သို႔ ေဆာင္႐ြက္နိုင္ေရးအတြက္ နည္းပညာပိုင္းပံပိုးမႈမ်ားအား ျပဳလုပ္ေဆာင္႐ြက္ေပးနိုင္မည့္ Services Provider လုပ္ငန္းတစ္ခုအား ေ႐ြးခ်ယ္၍ ဌားရမ္း ေဆာင္႐ြက္မည္ျဖစ္ေသာေၾကာင့္ စိတ္ပါဝင္စားမႈေဖာ္ျပခ်က္ (Expression of Interest – EOI) အဆိုျပဳလႊာမ်ားကို ေပးပို႔ရန္ ဖိတ္ေခၚေၾကာင္း ေဖာ္ျပပါရွိသည္။
စိတ္ပါဝင္စားသည့္ လုပ္ငန္းရွင္မ်ားအေနျဖင့္ (Expression of Interest – EOI) အား ေအာက္ တိုဘာ ၁၉ ရက္ေန႕ေနာက္ဆုံးထားရွိ၍ ေနျပည္ေတာ္ရွိ ျပည္တြင္းအခြန္မ်ားဦးစီးဌာန ေဖာ္ျပထားသည္။
TRNs
ယူနီကုဒ်ဖြင့် ဖတ်ရန်
“အောင်ဘာလေထီလက်မှတ်များကို အွန်လိုင်းမှ ရောင်းချနိုင်ရေး နည်းပညာဝန်ဆောင်မှုပေးလိုသော လုပ်ငန်းရှင်များကို ဖိတ်ခေါ်”
အောင်ဘာလေထီလက်မှတ်များကို အွန်လိုင်းမှ တစ်ဆင့်ရောင်းချနိုင်ရန်အတွက် စီမံကိန်း နှင့်ဘဏ္ဍာရေးကြီးဌာနမှ လုပ်ငန်းရှင်များကို အဆိုပြုလွှာအနေဖြင့် ဖိတ်ခေါ်လိုက်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ထည့်သွင်းကြော်ငြာသည်။
အဆိုပါကြော်ငြာစာတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အောင်ဘာလေထီလက်မှတ်များကို ကံစမ်းသူများ လွယ်ကူလျင်မြန်စွာ ကံစမ်းနိုင်စေရေးအတွက် လက်ရှိရောင်းချ ကျင့်သုံးလျက်ရှိသော အောင်ဘာလေထီလက်မှတ် ရောင်းချသည့် စနစ်(Paper Lottery) အပြင် Online မှ တစ်ဆင့် ရောင်းချသည့် စနစ်ဖြင့်ပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ယင်းကဲ့သို့ ဆောင်ရွက်နိုင်ရေးအတွက် နည်းပညာပိုင်းပံပိုးမှုများအား ပြုလုပ်ဆောင်ရွက်ပေးနိုင်မည့် Services Provider လုပ်ငန်းတစ်ခုအား ရွေးချယ်၍ ဌားရမ်းဆောင်ရွက်မည်ဖြစ်သော ကြောင့် စိတ်ပါဝင်စားမှုဖော်ပြချက် (Expression of Interest – EOI) အဆိုပြုလွှာများကို ပေးပို့ရန် ဖိတ်ခေါ်ကြောင်း ဖော်ပြပါရှိသည်။
စိတ်ပါဝင်စားသည့် လုပ်ငန်းရှင်များအနေဖြင့် (Expression of Interest – EOI) အား အောက် တိုဘာ ၁၉ ရက်နေ့နောက်ဆုံးထားရှိ၍ နေပြည်တော်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ဖော်ပြထားသည်။