ဗဟုသုတ

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ ဒီကနေ့ရုံးချိန်းကိုမစစ်ဖြစ်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းလို့ ဒီကနေ့ရုံးချိန်းကိုမစစ်ဖြစ်

ရုံးပိတ်ရက်တွေကြောင့် အမှုတွေကိုနှစ်လကျော်ကြာစစ်ဆေးနိုင်ခြင်းမရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်သမ္မတဦးဝင်းမြင့် နဲ့နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ စွဲဆိုခံထားရတဲ့ အမှုတွေကို ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ ပြန်လည်စစ်ဆေးဖို့ ရှိပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အမှုအတွက်စစ်ဆေးတာကိုတော့ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေကြောင့် မနက်ဖြန် စက်တင်ဘာ ၁၄ ရက်မှ စစ်ဆေးဖို့ရှိနေပါတယ်။

” ခေါင်းမူးတယ်ပြောတယ်။ နှာနည်းနည်းမွှန်တယ်။သူ ဒီနေ့တော့လုံးဝမထိုင်နိုင်လို့ မနက်ဖြန်ကျမှတွေ့ဖို့ပြောတယ်။ သူပြောတာကတော့ ကားနဲ့လာရတာ ကားကအရမ်းခါတယ်ပြောတယ်။ သူမူးနေတယ်လို့ပြောပါတယ်။

ကိုဗစ်တော့မဟုတ်ဘူး။ အခုမနက်မှထဖြစ်တယ်လို့ သူကပြောပါတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကဘီဘီစီကိုပြောပါတယ်။

ရှေ့နေ့အဖွဲ့ ရဲ့ ပြောကြားချက်အရ ဒီကနေ့ အထူးတရားရုံးကို ဝင်ရောက်ရမယ့်သူအားလုံးဟာ မနေ့ကစက်တင်ဘာ ၁၂ရက်နေ့လည်ပိုင်းမှာ ကိုဗစ်စစ်ဆေးမှုကိုခံယူထားရပြီး ကိုဗစ်နဂ္ဂတစ် ဖြစ်တဲ့သူတွေသာ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုကို ဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်။

ဒီကနေ့မှာ သမ္မတဦးဝင်းမြင့် ရဲ့ အမှုတွေကိုတော့ တရားလိုပြသက်သေကိုစစ်ဆေးခဲ့ပါတယ်။ မနက်ဖြန် စက်တင်ဘာ ၁၄ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအတွက် ပုံမှန်စစ်ဆေးနေကြရုံးချိန်းဆက်ရှိမှာဖြစ်ပါတယ်။

ZawGyifont

ရုံးပိတ်ရက်တွေကြောင့် အမှုတွေကို နှစ်လကျော်ကြာစစ်ဆေးနိုင်ခြင်းမရှိခဲ့တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးဝင်းမြင့် နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် တို့ စွဲဆိုခံထားရတဲ့ အမှုတွေကို ဒီကနေ့ စက်တင်ဘာ ၁၃ရက်မှာ ပြန်လည်စစ်ဆေးဖို့ ရှိပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်အမှုအတွက်စစ်ဆေးတာကိုတော့ ဒီကနေ့ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေကြောင့် မနက်ဖြန် စက်တင်ဘာ ၁၄ ရက်မှ စစ်ဆေးဖို့ရှိနေပါတယ်။

” ခေါင်းမူးတယ်ပြောတယ်။ နှာနည်းနည်းမွှန်တယ်။သူ ဒီနေ့တော့လုံးဝမထိုင်နိုင်လို့ မနက်ဖြန်ကျမှတွေ့ဖို့ပြောတယ်။ သူပြောတာကတော့ ကားနဲ့လာရတာ ကားကအရမ်းခါတယ်ပြောတယ်။ သူမူးနေတယ်လို့ပြောပါတယ်။

ကိုဗစ်တော့မဟုတ်ဘူး။အခုမနက်မှထဖြစ်တယ်လို့ သူကပြောပါတယ် ” လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဦးခင်မောင်ဇော်ကဘီဘီစီကိုပြောပါတယ်။

ရှေ့နေ့အဖွဲ့ ရဲ့ ပြောကြားချက်အရ ဒီကနေ့ အထူးတရားရုံးကို ဝင်ရောက်ရမယ့်သူအားလုံးဟာ မနေ့ကစက်တင်ဘာ ၁၂ရက်နေ့လည်ပိုင်းမှာကိုဗစ် စစ်ဆေးမှုကိုခံယူထားရပြီး ကိုဗစ်နဂ္ဂတစ် ဖြစ်တဲ့သူတွေသာ ဒီကနေ့ ရုံးထုတ်စစ်ဆေးမှုကို ဝင်ရောက်ခွင့်ရတာဖြစ်ပါတယ်။

ဒီကနေ့မှာ သမ္မတဦးဝင်းမြင့် ရဲ့ အမှုတွေကိုတော့ တရားလိုပြသက်သေကိုစစ်ဆေးခဲ့ပါတယ်။ မနက်ဖြန် စက်တင်ဘာ ၁၄ရက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှုတွေအတွက် ပုံမှန်စစ်ဆေးနေကြရုံးချိန်းဆက်ရှိမှာဖြစ်ပါတယ်။