ဗဟုသုတ
အူဝဲရဲ့ ထောင်တွင်းဖြတ်သန်းမှုအခြေအနေတွေကို တော်လှန်ရေးရဲမေတစ်ယောက်က လူမှုကွန်ရက်ကတဆင့် အသိပေး
ပရိသတ်ကြီးရေ ၊ ဒီကနေ့ဆိုရင် နိုင်ငံကျော် သရုပ်ဆောင် ထပ်ဆင့်အကယ်ဒမီ အိန္ဒြာကျော်ဇင် ဖမ်းဆီးခံရတာ ငါးလတင်းတင်းပြည့်ခဲ့ပါပြီ ၊ အူဝဲရဲ့ ထောင်တွင်းဖြတ်သန်းမှုအခြေအနေတွေကို အူဝဲနဲ့အတူ အကျဉ်းကျခံခဲ့ရတဲ့ တော်လှန်ရေးရဲမေ တစ်ယောက်က လူမှုကွန်ရက်ကနေ အခုလို အသိပေးလာပါတယ်
ဒီနေ့ အထဲကို မအူဝဲရောက်နေတာ ၅ လပြည့်တဲ့နေ့လေးအမနဲ့ပက်သက်ပီးစာလေးနဲနဲလေးရေးချင်လာတာရယ် ဘဝတကွေ့မှာ ကြုံခဲ့ဖူးတဲ့ ဘဝမှာ အမလောက်အေးချမ်းတဲ့မင်းသမီးမျိုးတကယ့်ကို မမြင်ခဲ့ဖူးဘူး 🤍ရူပါအထဲရောက်ပီး ၂ ပတ်လောက်နေတော့ အမတို့ရောက်လာခဲ့တယ်။ တစ်ခန်းထဲတူတူနေခဲ့ရပြီး အနေနီးကပ်ခဲ့တဲ့ချိန် အမစိတ်လေးတွေအများကြီးသိခဲ့ရတယ်။ ❤️
ရူပါတို့ အားလုံးအိပ်နေချိန် မနက်လေးနာရီဆို အမကနိုးပြီးလို့ ရှိသမျှ ပဌာန်း မဟာသမယသုတ် ပရိတ်ကြီး (၁၁) သုတ် အကုန်ရှီခိုးပီးသွားပြီ။ တစ်နေ့လုံးပုတီးလေးစိတ်ပီး ဘယ်အရာပေါ်မှ သူမကောင်းမြင်ခြင်း၊ ငြီးငြူခြင်း၊ တစိုးတစိမှမရှိ။ သူရောက်နေတဲ့နေရာမှာ သူအဆင်မပြေလဲ ဘယ်သူ့ကိုမှ ငြီးငြူနေတာ၊ ငြိုငြင်နေတာမျိုးမရှိခဲ့ဘူး။ 😔
ဘယ်သူ့အကြောင်းကိုမှလဲ သူ့နှုတ်ကနေ ထွက်လေ့မရှိ။ သူမသိတာဆိုလဲ အူဝဲမသိဖူးဆိုတာလေးနဲ့ ဘယ်လိုတောင်ဖြူစင်မှန်းမသိသော ကလေးတယောက်လို။ ❤️
သားသမီးနဲ့ပက်သက်လာရင်တော့ ရင်ထဲမှာဟန်မဆောင်နိုင်အောင်ပဲ ငိုကြွေးတတ်တယ်။ မှတ်မှတ်ရရ သားသားမွေးနေ့တုံးက မနက်ဘုရားရှိခိုးပီး တစ်ယောက်ထဲကြိတ်ငိုနေရရှာတဲ့ချစ်သောအမပါ။ အခုပြန်တွေးတိုင်းလဲ ရင်ထဲတကယ့်ကိုဆို့နစ်နေတာပါပဲ။ 😢😢
ဟိုးအရင်ကတည်းက ကလေးတွေကို သိပ်ချစ်၊သိပ်ဂရုစိုက်တာလို့ ကြားဖူးထားတဲ့ အမက ခုလို သူသိပ်ချစ်တဲ့ အမေ၊ သူသိပ်ချစ်တဲ့ ကလေးတွေနဲ့ အကြာကြီးခွဲနေ နေရတာ၊ မမြင်ရ မတွေ့ရ၊မကြားရ နေ နေရတာ သူ့အတွက် ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာ ခံစားလို့လဲရတယ်။
ကိုယ်တိုင်လည်း မြင်ခဲ့ရလို့ ပိုခံစားရတယ်… သူ ခုချိန်ထိ ‌ကောင်းကောင်းသည်းခံနေနိုင်မယ်ဆိုတာ သိပေမဲ့ သူ ဘယ်လောက် ပြန်တွေ့ချင်နေလိမ့်မလဲဆိုတာလဲ အရမ်းသိတယ်😢😢ဘဝတကွေ့မှာ အမနဲ့အတူတူဆုံခဲ့ရဖူးတာ ကောင်းသောသင်ခန်းစာတွေအများကြီးရခဲ့ပါတယ်။
လူတွေအများကြီးကြားထဲမှာ ဘယ်သူ့ရဲ့ဘဝကိုဖြစ်ဖြစ် စာနာတတ်ပြီး မျက်ရည်တွေကျအောင်ခံစားတတ်တဲ့ စိတ်ထားနူးညံ့လွန်းသူပါ။လူ့ဘဝမှာတကယ့်ကိုနေတတ်ခြင်းနဲ့ပြည့်စုံလွန်းတဲ့မင်းသမီး 👸💜ကိုယ်တိုင်ခံစားဖူးတဲ့သူတစ်ယောက်မို့လို့ အမကိုအမြန်ဆုံး ပြန်လာစေချင်တယ်။
သူ့ဘဝမှာ အရေးကြီးဆုံးက ဒီမိသားစုလေးပဲဆိုတဲ့ အမက်ို အရင်လို မိသားစုပျော်ပျော်ရွှင်ရွှင်လေး ပြန်နေတာကို မြင်ချင်တယ်။ 😢😢 အမကိုအမြန်ဆုံးလွှတ်ပေးဖို့တကယ့်ကိုတောင်းဆိုချင်ပါတယ် ချစ်ရတဲ့အမအမြန်ဆုံး ပြန်လွတ်ပါစေ🙏🏻🙏🏻🙏🏻 ဆိုပြီးရေးသားထားတာကို တွေ့ရပါတယ်။
ဟိုးအရင်ကတည်းက ကလေးတွေကို သိပ်ချစ်၊သိပ်ဂရုစိုက်တာလို့ ကြားဖူးထားတဲ့ အမက ခုလို သူသိပ်ချစ်တဲ့ အမေ၊ သူသိပ်ချစ်တဲ့ ကလေးတွေနဲ့ အကြာကြီးခွဲနေ နေရတာ၊ မမြင်ရ မတွေ့ရ၊မကြားရ နေ နေရတာ သူ့အတွက် ဘယ်လောက်တောင် ခက်ခဲနေမလဲဆိုတာ ခံစားလို့လဲရတယ်၊ ကိုယ်တိုင်လည်း မြင်ခဲ့ရလို့ ပိုခံစားရတယ်…