မင်္ဂလာပါပရိတ်သတ်ကြီးရေ အမျိုးသမီးတို့ရဲ့ လွဲမှားနေသော ဘုရားမှာ လှူတဲ့ ဆံပင်အလှူ
အရှင်ဘုရား။ ။တပည့်တော် မ သည် ဆံပင်ရှည်များကို ဘုရားမှာလှူမည် ဟု ဆုံးဖြတ် ပြီး အရှည် ထားခဲ့ပါ သည်။
ယခု ဆံပင် ရှည်၍ ဖြတ်ပြီးလှူမည် လုပ်ရာ အချို့အချို့သောသူတွေက ဆံပင် အတိုင်း မလှူကောင်း ရောင်း၍၊သို့မဟုတ်-ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရ သည်ဟု ပြော ပါသည် ။
မည်သို့ လှူသင့် သည်ကို ဖြေကြားပေးပါရန် လျှောက်ထားအပ် ပါသည် ဘုရား။
( ဖြေ )။ ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-သွား-အရေပြား တို့နှင့်အတူ တစပဥစကအဝင် ဇေဂုစ္သဘောတရားဖြစ်၍ သူတော် ကောင်းတို့ စက်ဆုပ် အပ်သော အရာဝတ္ထုတစ်ခု ပင်ဖြစ်ပါပေသည်။
အမျိုးသမီးတို့ အဖို့ တန်ဖိုးထားအမွန်အမြတ်ဖြစ်သော်လည်း ရတနာ သုံးပါး၌ ဆံပင်အတိုင်း ဆွဲချိတ်လှူဒါန်း၍လည်း တင့်တယ် မှုမရှိ ပါ။ လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန် ရမည်ဟုလည်း မရှိပါ။
မြတ်စွာဘုရားလက်ထက်က ဆံပင်ကောင်းသောအမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်းချ ရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန-စသော ရဟန္တာရှစ်ပါးအား ဆွမ်းချက် လှူဒါန်း၍ ဒိဋ္ဌဓမ္မအကျိုးပေးသဖြင့်မိဖုရားဖြစ်သွားသော ဝတ္ထုတစ်ခုကို ထောက်၍ ဆံပင်ကို ရောင်းချလျက် အခြားအကျိုးဖြစ်မည့် အလှူတခုခု လှူဒါန်းခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုပါသည်။ဗဟုသုတ ရရှိ စေရန် အလို့ ငှါမျှဝေဖော်ပြ ပေးလိုက် ပါ သည်။
အခုလို ဝင်ရောက် ဖတ်ရူ့ပေးကြတဲ့ ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်သော နေ့ရက်များကို သက်ဆုံးတိုင် ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။
Credit – ဆရာတော်ရဝေထွန်း(အရှင်တိလောကသာရ)
Zawgyi
မင်္ဂလာပါပရိတ်သတ်ကြီးရေ အမျိုးသမီးတို့ရဲ့ လွဲမှားနေသော ဘုရားမှာ လှူတဲ့ ဆံပင်အလှူ
အရှင်ဘုရား။ ။တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာလှူမည် ဟု ဆုံးဖြတ်ပြီး အရှည်ထားခဲ့ပါ သည်။
ယခု ဆံပင် ရှည်၍ ဖြတ်ပြီးလှူမည် လုပ်ရာ အချို့အချို့သောသူတွေက ဆံပင် အတိုင်း မလှူကောင်း ရောင်း၍၊သို့မဟုတ်-ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရ သည်ဟု ပြော ပါသည် ။
မည်သို့ လှူသင့် သည်ကို ဖြေကြားပေးပါရန် လျှောက်ထားအပ် ပါသည် ဘုရား။
( ဖြေ )။ ဆံပင်မှာ မိမိ ခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာဝတ္ထုဖြစ်ကာ အမွေး-ခြေသည်း-လက်သည်း-သွား-အရေပြား- တို့နှင့်အတူ တစပဥစကအဝင် ဇေဂုစ်သဘောတရားဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ် အပ်သော အရာဝတ္ထုတစ်ခု ပင်ဖြစ်ပါပေသည်။
အမျိုးသမီးတို့ အဖို့ တန်ဖိုးထားအမွန်အမြတ်ဖြစ်သော်လည်း ရတနာ သုံးပါး၌ ဆံပင်အတိုင်း ဆွဲချိတ်လှူဒါန်း၍လည်း တင့်တယ် မှုမရှိ ပါ။ လူ့ဆံပင်ကို ယပ်စသည်လုပ်၍ လှူဒါန် ရမည်ဟုလည်း မရှိပါ။
မြတ်စွာဘုရားလက်ထက်က ဆံပင်ကောင်းသော အမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်းချရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန-စသော ရဟန္တာရှစ်ပါးအား ဆွမ်းချက် လှူဒါန်း၍ ဒိဋ္ဌဓမ္မအကျိုးပေးသဖြင့်မိဖုရားဖြစ်သွားသော ဝတ္ထုတစ်ခုကို ထောက်၍ ဆံပင်ကို ရောင်းချလျက် အခြားအကျိုးဖြစ်မည့် အလှူတခုခု လှူဒါန်းခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုပါသည်။ ဗဟုသုတ ရရှိစေရန် အလို့ငှါ မျှဝေဖော်ပြ ပေးလိုက်ပါ သည်။