ဗဟုသုတ

“မိသားစုတွေ စုံလင်အောင်တောင် မနေရသေးတဲ့ အိမ်လေး ပျက်စီးခဲ့ရလေပြီ”…!

ဒီစာလေးကို ဂန့်ဂေါ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုမှာ ပါသွားခဲ့ရတဲ့ ပြည်သူတစ်ဦးက လူမှုကွန်ယက်မှာသူရဲ့ခံစားချက်ကို ရင်ဖွင့်ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

“လုပ်ရက်ကျတယ်နော် ပြန်မရနိုင်တော့တဲ့ အိမ်လေး ဒီအိမ်တစ်လုံးဖြစ်လာဖို့ တစ်မိသားစုလုံး လူပင်ပန်းစိတ်ပင်ပန်း ကိုယ့်မိသားစုချွေးနဲစာလေးနဲ့ ကြိုးစားပြီးဆောက်ထားတာလေ ။

အိမ်ဆောက်ပြီးတာမှမကြာသေးဘူး မိသားစုစုံစုံလင်လင်နဲ့တောင် မနေရသေးဘူးလေ မောင်လေးဆို အဝေးရောက်နေလို့ အိမ်ကိုတောင်ဓါတ်ပုံထဲမှပဲ တွေ့ဖူးသေးတာလေ ။

တောထဲကို စစ်ဘေးရှောင်သွားနေရတဲ့ မေမေက မီးဖိုချောင်လေး မီးမကူးရအောင်လို့တဲ့ အဝေးကြီးကနေ တစ်ယောက်ထဲပြန်လာပီး မီးငြိမ်းနေတာတဲ့ ရင်တွေနာလိုက်တာ ။

ငါတို့က ဘာမှားနေလို့လဲ ဝဋ်ကျွေးတွေဆိုလဲကျေပါတော့” လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

ဒီစာလေးကို ဂန့်ဂေါ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရမှုမှာ ပါသွားခဲ့ရတဲ့ ပြည်သူတစ်ဦးက လူမှုကွန်ယက်မှာသူရဲ့ခံစားချက်ကို ရင်ဖွင့်ရေးသားထားခဲ့တာ ဖြစ်ပါတယ်။

“လုပ်ရက်ကျတယ်နော် ပြန်မရနိုင်တော့တဲ့ အိမ်လေး ဒီအိမ်တစ်လုံးဖြစ်လာဖို့ တစ်မိသားစုလုံး လူပင်ပန်းစိတ်ပင်ပန်း ကိုယ့်မိသားစုချွေးနဲစာလေးနဲ့ ကြိုးစားပြီးဆောက်ထားတာလေ ။

အိမ်ဆောက်ပြီးတာမှမကြာသေးဘူး မိသားစုစုံစုံလင်လင်နဲ့တောင် မနေရသေးဘူးလေ ၊ မောင်လေးဆို အဝေးရောက်နေလို့ အိမ်ကိုတောင်ဓါတ်ပုံထဲမှပဲ တွေ့ဖူးသေးတာလေ ။

တောထဲကို စစ်ဘေးရှောင်သွားနေရတဲ့ မေမေက မီးဖိုချောင်လေး မီးမကူးရအောင်လို့တဲ့ အဝေးကြီးကနေ တစ်ယောက်ထဲပြန်လာပီး မီးငြိမ်းနေတာတဲ့ ရင်တွေနာလိုက်တာ ။

ငါတို့က ဘာမှားနေလို့လဲ ဝဋ်ကြွေးတွေဆိုလဲကျေပါတော့” လို့ ရေးသားထားခဲ့တာ ဖြစ်ပါတယ်။